ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇွန်လ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

June 18, 2026

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
 

  • ဘုတ်ပြင်းမှာ စစ်အာဏာရှင်တပ်သား ငါးဦးထွက်ပြေးချိန် ပစ်ခတ်ဖမ်းဆီးတဲ့အတွက် နှစ်ဦးသေဆုံးပြီး သုံးဦးပြန်အဖမ်းခံရတဲ့ အကြောင်း
  • စစ်ဘေးရှောင်တွေအတွက် ဂျပန်အကူအညီနဲ့ ဆောက်ထားတဲ့အိမ်ရာကို စစ်အာဏာရှင်တပ် ဗုံးကြဲတဲ့ သတင်း
  • ဘုတ်ပြင်း လေညာ-ရတနာပုံလမ်းမှာ လချီကြာ တိုက်ပွဲဖြစ်တဲ့အခြေအနေ
  • မွန်မှာ လောင်းကစားဝိုင်းတွေကို ဂိုဏ်းသဖွယ်ပေါ်ပေါ်ထင်ထင်လုပ်ပြီး လူတစ်စုက အကောက်ငွေယူတယ်လို့ လွှတ်တော်မှာပြောတဲ့ အကြောင်း
  • ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် စတင်ထုတ်ပေးတဲ့ သတင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။