အီရန်မြို့တော်တွင် နှစ်ပတ်အတွင်း ရေချို ခန်းခြောက်နိုင်
Dawei Watch
November 4, 2025အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့တွင် မြို့ခံများအတွက် အဓိကသောက်သုံးရေအရင်းအမြစ်ဖြစ်သည့် ဆည်ကြီးတစ်ခု သည် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြောင့် နှစ်ပတ်အတွင်း ခန်းခြောက်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း အီရန်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။ မြို့တော် တီဟီရန်အတွက် သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ဆည်ကြီးငါးခုအနက်မှ တစ်ခုဖြစ်သည့် Amir Kabir ဆည်ကြီးသည် ရေချို ကုဗမီတာ ၁၄ သန်းသာ သိုလှောင်ထားနိုင်တော့ကြောင်း IRNA သတင်းဌာနက နိုဝင်ဘာလ ၂ ရက်က ဖော်ပြသည်။ ယင်းရေပမာဏသည် ဆည်ကြီးက သိုလှောင်ထားနိုင်သည့် စုစုပေါင်းရေထုပမာဏ၏ ၈ ရာခိုင်နှုန်းသာရှိပြီး တီဟီရန်မြို့ကို နောက်ထပ်နှစ်ပတ်သာ ရေဆက်လက်ပေးဝေနိုင်တော့မည်ဟုလည်း ဖော်ပြသည်။ ယင်းမှာ ဆယ်စုနှစ်များစွာအတွင်း အီရန်၏ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရချိန်တွင် ပေါ်ထွက်လာသည့် အခြင်းအရာတစ်ခု ဖြစ်သည်။ တီဟီရန်ပြည်နယ်၏ […]


