ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် နိုင်ငံအရေးပေါ်အခြေအနေကြေညာ

Dawei Watch

November 6, 2025

ယခုနှစ်အတွင်း နိုင်ငံတွင် လူအသေအပျောက်အများဆုံး ဖြစ်စေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မက်ဂီကြောင့် ဖိလစ်ပိုင်တွင် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် နိုင်ငံ့အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ မုန်တိုင်းနောက်ဆက်တွဲ သဘာဝဘေးကူညီကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေများကို အဆောတလျင် ထုတ်ပေးနိုင်ရန်နှင့် စားနပ်ရိက္ခာသိုလှောင်ကာ ကုန်ဈေးနှုန်းအဆမတန် တင်ရောင်းမှုများကို တားဆီးရန် ရည်ရွယ်ကြောင်း ဆိုသည်။ မုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၁၁၄ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၃၀ နီးပါး ပျောက်ဆုံးနေဆဲ အခြေအနေတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ မုန်တိုင်းနောက်ဆက်တွဲ ရုတ်တရက် ရေကြီးလာမှုကြောင့် ရေနစ်သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ပျောက်ဆုံးနေသူအများစုမှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံ့အလယ်ပိုင်း ဆီဘူးပြည်နယ်မှ ဒေသခံများ ဖြစ်ကြသည်။ အဆိုပါ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့တွင် […]

နှစ်ချီစစ်ရှောင်နေရသည့် တနင်္သာရီဒေသခံ ကိုးထောင်ကျော် ဆေးဝါးနှင့် နေရာထိုင်ခင်း လိုအပ်ချက်များ

Dawei Watch

November 6, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာက ဒေသခံများ စစ်ရှောင်နေရသည်မှာ နှစ်ချီကြာလာပြီဖြစ်ပြီး ဆေးဝါး၊ နေရာထိုင်ခင်းနှင့် အလုပ်အကိုင် အပါအဝင် လိုအပ်ချက်များစွာရှိနေကြောင်း စစ်ရှောင်များနှင့် စစ်ရှောင်ကူညီနေသူအချို့ထံမှ သိရသည်။ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကမ်းတိုရွာ၊ ရမ်းဖိုရွာ၊ လယ်သစ်ရွာ၊ ထုံမခါရွာ၊ သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၄ ရွာက ဒေသခံနှစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခုနစ်စင်ကြယ် လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များအနက် စစ်ရှောင်စခန်းနှင့် ဘေးလွတ်ရာကျေးရွာများတွင် ကာလရှည်စစ်ရှောင်ဦးရေ ကိုးထောင်ဝန်းကျင်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်ကဲ့သို့ မီးဖိုချောင်းသုံးပစ္စည်းနှင့် အလုပ်အကိုင်၊ ကလေးများ၏ ပညာရေးလိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆိုသည်။ စစ်ရှောင်အများစုသည် လေးနှစ်ကျော် ကြာနေပြီဖြစ်သလို တစ်နှစ်ကျော် ရှောင်နေရသည့် ဒေသခံများလည်းရှိကြောင်း […]

စစ်အုပ်စုအတွက်ငွေရှာပေးနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူပေးရန် တောင်းဆို

Dawei Watch

November 6, 2025

မုတ္တမကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ထုတ်ယူပြီး တနင်္သာရီတိုင်းကိုဖြတ်သန်းကာ ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့သယ်ယူနေသည့် ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီနှစ်ခုကို အရေးယူရန် လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်သည်။ ထိုင်း−မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Andaman Transportation Limited (ATL) နှင့် Moattama Gas Transportation Company Limited (MGTC) တို့ကို အရေးယူရန် Justice For Myanmar အဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီနှစ်ခုမှာ PTTE ကုမ္ပဏီကြီးအောက်ရှိ ကုမ္ပဏီခွဲများဖြစ်ပြီး အာဏာသိမ်း မြန်မာစစ်ကော်မရှင် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကလည်း ရှယ်ယာပိုင်ဆိုင်ထားသည်။ မုတ္တမကမ်းလွန်ရှိ ဇောတိကစီမံကိန်း (M1၊ M11 လုပ်ကွက်)တွင် […]

တနင်္သာရီကမ်းလွန်နှင့် မြိတ်ကျွန်းစုအနီးတွင် စစ်အာဏာရှင်တပ် စစ်ရေးလေ့ကျင့်မည်

Dawei Watch

November 6, 2025

စစ်အာဏာရှင်တပ်က တနင်္သာရီကမ်းလွန်ဝန်းကျင်နှင့် မြိတ်ကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်ထဲတွင် နိုဝင်ဘာလ ဒုတိယအပတ်၌ စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ မီဒီယာများတွင် ကြေညာထားချက်အရသိရသည်။ တနင်္သာရီကမ်းလွန်ပင်လယ်ပြင် မုတ္တမကွေ့ရှိ PTTEP ကုမ္ပဏီ (ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း) ၏ ရေနံစင်မှ ၄၈ မိုင်အကွာ၊ TOTAL ကုမ္ပဏီ (ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း) ၏ ရေနံစင်မှ ၂၄ မိုင်အကွာတွင် ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းကို နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ပြုလုပ်မည်ဟု ဆိုသည်။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကိုမူ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ယင်း လေ့ကျင့်မှု ပြုလုပ်မည့်နေရာသည် […]

တနင်္သာရီတိုင်းတွင် လုပ်အားခတိုးပေးသော်လည်း အလုပ်သမားခေါ်မရဟုဆို

Dawei Watch

November 6, 2025

တနင်္သာရီတိုင်းတွင် လုပ်အားခတိုးပေးပြီး ခေါ်ယူနေသော်လည်း အလုပ်သမားရှားပါးပြီး ခေါ်ယူရခက်ခဲနေကြောင်း ဆားလုပ်ငန်းရှင်များ၊ ဥယျာဉ်ခြံလုပ်ငန်းရှင်များက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လူငယ်၊လူရွယ်များ ဒေသတွင်နည်းပါးလာမှု၊ ဒေသပြင်ပမှ လာရောက်လုပ်ကိုင်သူ ကျဆင်းလာမှုတို့ကြောင့် အလုပ်ကြမ်းလုပ်မည့်သူ ရှားပါးလာခြင်းဖြစ်သည်။ ယင်းကြောင့် ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စသည့် ဥယျာဉ်ခြံလုပ်ငန်းများ၊ ဆားကွင်းများ၊ ရော်ဘာပြားပွဲရုံများ၊ ကွမ်းသီးပွဲရုံများတွင် အလုပ်သမားရှားပါးလာပြီး နေ့စားခများကို တစ်နှစ်တခါ တိုးပေးကာ ခေါ်ယူနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။ “မနှစ်က ဆားကွင်းနှစ်ကွင်းမှာ တစ်ကွင်းပဲလုပ်နိုင်တယ်။ အလုပ်သမားခေါ်တာမရလို့ပေါ့။ ဒီနှစ်ဈေးပိုပေးခေါ်တော့ လူတော့ရထားတယ်။ ပြည့်တော့မပြည့်သေးဘူး လိုသေးတယ်။ ဒီနှစ်တော့ ဆားကွင်းနှစ်ကွင်းလုံးဖွင့်ဖို့ လုပ်ထားတယ်” ဟု ထားဝယ်မြို့က ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ ဧကဆယ်ချီ၊ ရာချီရှိသည့် ရော်ဘာခြံရှင် သူဌေးများလည်း တစ်နှစ်တခါ အလုပ်သမားခေါ်ယူရ […]

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် တစ်သိန်းကျော်ဈေးတက်၊ ကော့သောင်း လေယာဉ်လက်မှတ်ပြတ်နေ

Dawei Watch

November 5, 2025

ရန်ကုန်မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်နေပြီး ယင်းအနက် ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်စျေးမှာ အမြင့်ဆုံးဖြစ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ လလယ်ခန့်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲ နီးပါးအထိ မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ လလယ်ခန့်က ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် နှုန်းထားမှာ ကျပ် ၃၆၀၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင်မူ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အထိ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ “(ရန်ကုန်-ထားဝယ်က) ဈေးနှစ်မျိုးရှိတယ်။ လေးသိန်းကျော်က တစ်မျိုး၊ ငါးသိန်းကျော်က တစ်မျိုး။ ဆယ်လပိုင်းထဲမှာ ဈေးတွေ တက်သွားတာ” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။ ထားဝယ်-ရန်ကုန် လက်မှတ်ဈေးလည်း […]

ထိုင်းက မြန်မာ ၅၀ နီးပါးကို ကော့သောင်းထပ်ပို့

Dawei Watch

November 5, 2025

စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၇ ဦးကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းလိုက်ကြောင်း လိုက်ပါပို့ဆောင်ခဲ့သူများထံမှ သိရသည်။ အောက်တိုဘာလ ၉ ရက်က မြန်မာနိုင်ငံသား ၉၀ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများကို ထပ်မံပို့ဆောင်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၇ ဦးကို ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ […]

လူငယ်များ သေကြောင်းကြံရန် တွန်းအားပေးမှုဖြင့် Tik Tok ကို ပြင်သစ်အာဏာပိုင်များ စစ်ဆေး

Dawei Watch

November 5, 2025

သုံးစွဲသူ လူငယ်များအား မိမိကိုယ်မိမိ အဆုံးစီရင်ရန် တွန်းပို့နေသည့် အန္တရာယ်များနှင့် ဆက်စပ်၍ Tik Tok ကုမ္ပဏီနှင့် ၎င်း၏ လူမှုကွန်ရက်ပလက်ဖောင်းအယ်လ်ဂိုရစ်သမ်များကို ပြင်သစ်တရားရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်သည်။ သုံးစွဲသူလူငယ်များ၏ အသက်အန္တရာယ်ထိခိုက်စေမှုနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီတွင် တာဝန်ကင်းမကင်းဆိုသည့်အပေါ် ပြင်သစ်ပါလီမန်ကော်မတီ၏ တောင်းဆိုချက်အရ ယင်းသို့ စုံစမ်းစစ်ဆေးရခြင်းဖြစ်ကြောင်း ပါရီအစိုးရရှေ့နေချုပ်က ဆိုသည်။ Tik Tok ၏ အကြောင်းအရာ စိစစ်ထိန်းချုပ်မှုမလုံလောက်ခြင်း ၊ အရွယ်မရောက်သေးသူများကပါ အလွယ်တကူ ဝင်ရောက်သုံးစွဲနိုင်ခြင်း ၊ မိမိကိုယ်ကို အဆုံးစီရင်ရန် တွန်းအားပေးနိုင်သည့် ရှုပ်ထွေးသည့် အယ်လ်ဂိုရစ်သမ်တို့ကို ပြင်သစ်ပါလီမန်ကော်မတီ၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။ ယင်းနှင့် ပတ်သက်၍ Tik Tok ကုမ္ပဏီဘက်က တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးကြောင်း […]