မိုးနှောင်း မိုးကောင်းနေသဖြင့် လယ်သမားများ စပါးရိတ်သိမ်းရန်အခက်ကြုံ
Dawei Watch
November 8, 2025မိုးနှောင်းကာလတွင် မုန်တိုင်းများကြောင့် မိုးဆက်တိုက်ရွာနေသဖြင့် ထားဝယ်ခရိုင်အတွင်းက လယ်သမားများ စပါးရိတ်သိမ်းရန် အခက်ကြုံနေရကြောင်း လယ်သမားများထံမှ သိရသည်။ တန်ဆောင်မုန်းလပြည့်ကျော်လျှင် စပါးရိတ်သိမ်းနေပြီဖြစ်သော်လည်း ယခုနှစ်တွင် မိုးရွာနေသဖြင့် လယ်အများစု မရိတ်သိမ်း ရသေးသလို ရိတ်ပြီးသည့် စပါးအချို့လည်း မိုးရေထိ၍ အပင်ပြန်ပေါက်ကာ ဆုံးရှုံးမှု ရှိနေကြောင်း ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ပြောသည်။ “မိုးက ဘုရားပွဲ(တန်ဆောင်တိုင်) မတိုင်ခင်မှာ မရွာတော့ဘူးဆိုတော့ ရိတ်တဲ့သူတွေ ရိတ်ကြတယ်။ အဲဒီစပါးတွေအကုန် ရေထိပြီး အပင်ပြန်ပေါက်နေတာပေါ့။ ကျန်တဲ့လယ်တွေလည်း အကုန်ရေဝင်နေတယ်” ဟု ၎င်းက ဆိုသည်။ စပါးရိတ်သိမ်းပြီးလျှင် လယ်မြေ၌ပင် အခြားသီးနှံများ ပြန်စိုက်လေ့ရှိပြီး ယခုနှစ်တွင်မှု အစားထိုးသီးနှံ စိုက်ပျိုးခြင်း နောက်ကျနိုင်ကြောင်း ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာမှ လယ်သူမတစ်ဦးက ပြောဆိုသည်။ “အခုပုံစံနဲ့ဆို စပါးက နတ်တော်လလောက်မှ […]


