ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ညင်းမော်ရွာဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

November 10, 2025

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် ညင်းမော်ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှစပြီး လောင်းလုံးမြို့ပေါ်မှတစ်ဆင့် ညင်းမော် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး နေ့လယ်ပိုင်းတွင် ညင်းမော်ကျေးရွာထဲ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ “ရွာသားတွေကတော့ မနက်ကတည်းက ကြိုပြီးရှောင်နေကြတယ်။ (ညင်းမော်ရွာ) ရွာထဲကို စစ်ကြောင်းရောက်နေပြီလို့ သတင်းရတာကတော့ (မွန်းလွဲ) ၁ နာရီလောက်မှာပါ” ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ စစ်အာဏာရှင်တပ်က ထိုကဲ့သို့ စစ်ကြောင်းထိုးလာသဖြင့် ညင်းမော်၊ စစ်ပြဲ ကျေးရွာတို့မှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခန့်တွင်မူ ညင်းမော်ရွာထဲက လက်နက်ကြီးပစ်ခတ်သံ နှစ်ချက်ကြားရကြောင်းလည်း […]

တနင်္သာရီ ကျေးရွာအချို့တွင် ဆန်စျေးပြန်ကျ

Dawei Watch

November 10, 2025

စစ်အုပ်စု၏ ရွေးကောက်ပွဲနီးလာချိန်တွင် တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူခွင့် ပိုမိုခွင့်ပြုလာသဖြင့် ဆန်ဈေး ပြန်ကျလာကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆန်သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရာမှ နိုဝင်ဘာလဆန်းမှစတင်ကာ စျေးဝယ်ယူခွင့် စာအုပ်လုပ်ရလွယ်ကူလာပြီး အိမ်ထောာင်စုတစ်ခု တစ်ပတ်လျှင် ဆန်တစ်အိတ် ဝယ်ယူသယ်ဆောင်ခွင့်ရလာကြောင်း ကျေးလက်နေဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်လများတွင် စစ်အာဏာရှင်တပ်က ကျေးရွာများသို့သယ်မည့် ဆန်များကို အိမ်ထောင်စုတစ်စုအတွက် ၁၅ ရက်လျှင် ဆန်တစ်အိတ်သာ သယ်ယူခွင့် ပြုထားသည်။ ထို့အပြင် ကုန်စုံဆိုင် ဈေးဝယ်ခွင့်လက်မှတ်ကိုင်ထားသူများလည်း ဆန်အိတ်အရေအတွက် ပိုတိုးပြီးသယ်ခွင့်ရနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် ကျေးရွာနေပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာများကို တနင်္သာရီမြို့ပေါ်တွင် သွားရောက်ဝယ်ယူလိုပါက စစ်အာဏာရှင်တပ်တွင် ဈေးဝယ်ခွင့်လက်မှတ် လုပ်ဆောင်ရသည်။ ထိုဈေးဝယ်ခွင့်လက်မှတ်က လုပ်ဆောင်ရခက်ခဲသလို ဆန်နှင့် အခြားပစ္စည်းများသယ်ဆောင်ပါက တင်းတင်း […]

ကျွန်းစု ပင်လယ်ရွာအချို့တွင် ဇီဝဇိုးငှက်မွေးသည့်အိမ် ပိုဆောက်လာ

Dawei Watch

November 10, 2025

ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာများဖြစ်သည့် ကော်ဇယာအုပ်စုနှင့် မဲတောအုပ်စုရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးမြူရေးအိမ် ပိုမိုဆောက်လုပ်လာကြကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်မတိုင်မီက ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ရွာလျှင် ပျမ်းမျှအားဖြင့် ဇီဝဇိုးငှက် မွေးမြူသည့်အိမ် တစ်အိမ် နှစ်အိမ်ခန့်သာရှိရာက လက်ရှိတွင် အိမ်ဆယ်နှင့်ချီ ရှိလာကြောင်း ဒေသခံအချို့က ပြောသည်။ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြရာ မိုးရာသီတွင် လှိုင်းလေကြီးပြီး ပယ်လယ်ထွက်ရခက်ပြီး အလုပ်အကိုင် ရှားပါးခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ရွာမှာဆို ကျွန်တော်ငှက်အိမ်က ရွာမှာပထမဆုံးပဲ။ ပင်လယ်ဘက်ဆိုတော့ မိုးရာသီဆို အလုပ်ရှားတယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ယခင်က ဇီဝဇိုးငှက်မွေးမြူသည့် အိမ်များကို မြိတ်မြို့နယ်တွင်သာ အများဆုံးတွေ့ရပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ […]

မော်လမြိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

November 10, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး နိုဝင်ဘာလ ၉ ရက် ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ သုံးဦးသည် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနှင့် မဟာမြိုင်ရပ်ကွင် ၉ လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်ဆိုင် ဖွင့်လှစ်ထားသည့် အသက် ၃၀ ကျော်အရွယ် တင်ကိုကိုဦး၊ မာမက်အာယွန်း (ခ) မနီနှင့် ဇွဲဝေယံထက်တို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ကိုကိုဦးနှင့် မာမက်အာယွန်း (ခ) မနီတို့ နှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဇွဲဝေယံထက်မှာမူ သေနတ်ဒဏ်ရာရရှိကြောင်း မြို့ခံများက ဆိုသည်။ အဆိုပါ LGBT သုံးဦးသည် ဆိုင်ကယ်ဖြင့် […]

ထားဝယ်မြို့တော်ခန်းမဟောင်း မင်္ဂလာညစာစားပွဲများအတွက် စတင်အသုံးပြု

Dawei Watch

November 10, 2025

ထားဝယ်မြို့၊ မြို့တော်ခန်းမဟောင်းကို မင်္ဂလာညစာစားပွဲကဲ့သို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခမ်းအနားများအတွက် စတင်အသုံးပြုနေကြောင်း မြို့ခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက်တွင် မြို့တော်ခန်းမဟောင်း၌ မင်္ဂလာညစာစားပွဲ တစ်ခုကျင်းပခဲ့သလို ဂေါက်ကလပ်၏ ညစာစားပွဲ ကိုလည်း နိုဝင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း ယင်းပွဲများ၏ မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ “မြို့တော်ခန်းမမှာ ညစာစားပွဲလုပ်တာက ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်မင်္ဂလာပွဲမို့၊ နောက်ပိုင်းပွဲတွေ ခွင့်ပြု မပြုတော့ ပြောမတတ်သေးဘူး။ ဂေါက်ကလပ် ညစာစားပွဲလည်း မြို့တော်ခန်းမမှာပဲ လုပ်သွားတယ်” ဟု အဆိုပါပွဲများကို ကိုယ်တိုင်တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ မြို့တော်ခန်းမတွင် ယခင်က အစိုးရအခမ်းအနား၊ တွေ့ဆုံပွဲ၊ အများနှင့် သက်ဆိုင်သော ပွဲအခမ်းအနားများသာ ဆောင်ရွက် ခဲ့ပြီး အရပ်သားအစိုးရခေတ်တွင်မူ လွတ်လပ်ရေးနေ့၊ ခရစ္စမတ်နေ့ ညစာစားပွဲများကို […]

ထိုင်းက မြန်မာ ၉၀ ဦးကို နေရပ်ထပ်ပို့၊ ယခုလဆန်း ၁၀ ရက်အတွင်း ၁၄၀ နီးပါး မြန်မာနိုင်ငံပြန်ပို့ထား

Dawei Watch

November 10, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက်က မြန်မာနိုင်ငံသား ၄၇ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံနေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနိုဝင်ဘာလအတွင်း နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၁၃၇ ဦး ရှိပြီဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ […]

ရေဖြူ ဇာဒီရွာကို စစ်အာဏာရှင်တပ် လျှပ်စစ်မီးပြန်ဖြတ်၊ ဖမ်းဆီးခံ ဇနီးမောင်နှံနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

November 10, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်အာဏာရှင်တပ်က တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာလ ၄ ရက်ကစပြီး လျှပ်စစ်မီး ပြန်လည် ဖြတ်တောက်ခဲ့ပြီး ဒေသခံဇနီးမောင်နှံနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ရွာသားများထံမှ သိရသည်။ တစ်နှစ်နီးပါးကြာ လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် လျှပ်စစ်မီး ပြန်လည်တပ်ဆင်ခဲ့သော်လည်း ၁၀ ရက်အကြာတွင် ပြန်လည်ဖြတ်တောက်ခြင်း ဖြစ်သည်။ လျှပ်စစ်မီး ဖြတ်တောက်လိုက်သဖြင့် အင်တာနက်လိုင်းလည်း ပြတ်တောက်သွားကြောင်း ၎င်းတို့က ဆိုသည်။ “လပြည့်ညက ရွာထဲဝင်လာပြီး သေနတ်ဖောက်တယ်။ သင်္ဘောဘက်ကနေလည်း လက်နက်ကြီးပစ်တယ်။ အဲဒီလို ပစ်ပြီးတာနဲ့ မီးပြန်ဖြတ်ပစ်လိုက်တယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ညတွင် ဇာဒီရွာအုပ်စု […]

ဒူတာတေး၏ မဟာမိတ်အား အိုင်စီစီ ဖမ်းဝရမ်း ထုတ်ထားဟုဆို

Dawei Watch

November 10, 2025

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏ မဟာမိတ်ဖြစ်သူ ဆီးနိတ်အမတ်တစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြောဆိုသည်။ ဆီးနိတ်အမတ် Ronald Dela Rosa အား အိုင်စီစီက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဖိလစ်ပိုင်တွင် အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် ခန့်အပ်ထားသည့် အရာရှိ Jesus Crispin Remulla က ဆိုသည်။ အဆိုပါ သတင်းအချက်အလက်ကို ၎င်းထံ ဖိလစ်ပိုင်တရားရေးဌာနက လွှဲပြောင်းပေးအပ်ခဲ့သည်ဟု Remulla က ဆိုသည်။ ဖိလစ်ပိုင်တရားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Polo Martinez ကမူ ယင်းသို့ ဖမ်းဝရမ်းထုတ်လိုက်သည့် သတင်းကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း ဆိုသည်။ “အဲဒီ ဖမ်းဝရမ်းမိတ္တူကို ကျွန်တော်တို့ လက်ခံရရှိထားတာ မရှိပါဘူး။ အဲဒါ ရလာရင် […]