ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အုန်းသီးမှ တန်ဖိုးမြှင့်ကုန်ထုတ်နည်း သင်တန်းတက်နိုင်

diz_admin

January 20, 2020

အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်းသင်တန်းကို တက်ရောက် ရန် သင်တန်းသားများခေါ်ယူနေသည်။ အဆိုပါသင်တန်းကို စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး အုန်းသီးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းတို့က ပူးပေါင်းဖွင့်လှစ် မည်ဖြစ်သည်။ ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ သုံးရက်တာ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် အဝတ်လျှော် ပန်းကန်ဆေး လက်ဆေးဆပ်ပြာရည်လုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာရည်လုပ်နည်း၊ ဆံပင်သန်ဆေးလုပ်နည်း စသည့် အကြောင်းအရာ ၆ ခုကို သင်ကြားပေး မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ သင်တန်းကြေးအဖြစ် ငွေကြေး ကောက်ခံမည်မဟုတ်သော်လည်း သင်တန်း အထောက်အကူပြုပစ္စည်းများ အတွက် ငွေကျပ်တစ်သောင်း ပေးသွင်းရ မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ သင်တန်းတွင် […]

တနင်္သာရီတွင် အမှုကြီးဖြစ်ပွားမှု လျော့ကျ၊ လူသတ်မှု တိုး

diz_admin

January 20, 2020

တနင်္သာရီတိုင်းအတွင်း အမှုကြီး ဖြစ်ပွားမှု လျော့နည်းလာသော်လည်း လူသတ်မှုတိုးလာကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။ ၂၀၁၈ ခုနှစ်တွင် အမှုကြီးဖြစ်ပွား သည့် အကြိမ်အရေအတွက် ၁၄၅ မှုရှိခဲ့ ပြီး ၂၀၁၉ ခုနှစ်တွင် ၁၃၃ မှုသာရှိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ သို့ရာတွင် လူသတ်မှုအရေအတွက် မှာ ၂၀၁၈ ခုနှစ်က ၆၂ မှု သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမှု ၇၀ အထိ ဖြစ်ပွား ခဲ့သည်။ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ တိရစ္ဆာန်ခိုးမှု၊ ဓားပြမှု၊ ဖောက်ထွင်းမှု အစရှိသည့် အမှုများကို အမှုကြီးဟု သတ်မှတ်သည်။ အမှုကြီးစာရင်းဝင်သည့် လူသတ်မှု တိုးလာသော်လည်း မုဒိမ်းမှု၊ လုယက်မှု များ […]

ကျောင်းတက်ရက်တိုးလာသဖြင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအချို့ ငွေပိုကောက်ရန်ပြင်

diz_admin

January 20, 2020

အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကို မတ်လအထိ သတ် မှတ်ခဲ့ခြင်းကြောင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါကြေးများ တိုးကောက်ရန်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်း နှင့် ဘော်ဒါတည်ထောင်သူ အချို့ထံမှ သိရသည်။ ကျောင်းတက်ရက်ပိုများလာသဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဝန် ဆောင်မှုစရိတ်များအတွက် မိဘများနှင့် ပြန်လည် ညှိနှိုင်းကာ ပြင်ဆင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပြည်ဇေယျာစိုး ဘော်ဒါတည်ထောင်သူ ဦးသန်းဝင်းက ပြောကြားသည်။ “အရင်တုန်းက အတန်းငယ်ပြီးရင် ဆယ်တန်းမျှပဲရှိတယ်။ အတန်းငယ် မရှိတော့ဘူးဆို ဆယ်တန်းကိုပဲ အဓိက ထားလုပ်ပေးလို့ရတယ်။ ခုက သူတို့ကိုပါ လိုက်ထိန်းရမယ်ဆိုတော့ တို့မှာ ပိုပင်ပန်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။ ကျောင်းဖွင့်စက ဖေဖော်ဝါရီလ အတွက်ထိသာ ဝန်ဆောင်ခတွက်ချက်ယူ ထားသော်လည်း ယခုအခါ မတ်လအထိ ကျောင်းတက်ရမည်ဖြစ်သောကြောင့် ဘော်ဒါအဆောင်ငှားရမ်းခများ၊ ဆရာ […]

ရန်ဖြစ်ပြီး အိမ်မှဆင်းသွားသည့် ဇနီးကို ပြန်ခေါ်ရာမှ ရဲတင်းဖြင့် ခုတ်

diz_admin

January 20, 2020

မြိတ်တွင် ရန်ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးသည်ကို ပြန်လိုက် ခေါ်ရာမှ ထပ်မံစကားများပြီး အမျိုးသား ဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ တနင်္သာရီမြို့နယ်နေ လင်မယား နှစ်ဦးစကားများပြီး ဇနီးဖြစ်သူက မိဘ အိမ်ရှိသည့် မြိတ်မြို့တွင် လာရောက် နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဇန်နဝါရီလ ၁၃ ရက်တွင် အသက် ၃၀ နှစ်အရွယ်ခင်ပွန်းဖြစ်သူက ဇနီးကို မြိတ်မြို့၊ အင်းလေးမြိုင် ၅ ရပ်ကွက်ရှိ နေအိမ်တွင် ပြန်လာခေါ်စဉ် ထပ်မံစကားများ ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ ထိုသို့ စကားများနေသည်ကို ဝင်ရောက်ဟန့်တားသည့် အသက် ၄၆ နှစ်အရွယ် ယောက္ခမ အမျိုးသမီးနှင့် ၁၉ နှစ်အရွယ် […]

အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

diz_admin

January 20, 2020

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ် ခရိုင်တွင် အိမ်တွင်းအကြမ်းဖက်မှု ၉၂ မှု အကူအညီတောင်းခံလာကြာင်း ထားဝယ် အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရ သည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ လင်မယားစုံတွဲကြားနှင့် အတူနေ သမီးရည်းစားတို့အကြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ပုံသဏန်အမျိုးမျိုးဖြင့် စနစ်တကျ အကြိမ်ကြိမ်ကျူးလွန်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။ “အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင် ယောက်ျားက မိန်းမကိုရိုက်တာတို့၊ ယောက်ျားက နောက်အိမ်ထောင်ပြုသွား တာပဲဖြစ်ဖြစ်၊ ကလေးစရိတ်မပေးဘဲနဲ့ အဲလိုမျိုးဟာတွေလည်းရှိတယ်” […]

ဦးရွှေမန်းပါတီသို့ ဦးအောင်စိုး ဝင်ရောက်ခြင်း မဟုတ်မှန်ဟုဆို

diz_admin

January 20, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဟောင်း ဦးအောင်စိုးက သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သို့ ဝင်ရောက် သွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း UBP ပါတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဦးက ပြောသည်။ လက်ရှိတွင် ဦးအောင်စိုးအနေနှင့် UBP ပါတီထံ ကူးပြောင်းသွားသည် ဆိုသည့်သတင်းများ ပျံ့နှံ့နေသည်။ ဦးအောင်စိုးနှင့် လွှတ်တော်အတူ တက်ခဲ့ဖူးသည့်အတွက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ဦးအောင်စိုးဘက်မှ ဆက်သွယ်လာခြင်း၊ ၎င်းတို့က ဆက်သွယ်ခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဦးဝင်းဦးက ဆိုသည်။ “သူလည်း တစ်ခါမှ မဆက်သွယ် သေးပါဘူး။ ကျွန်တော်လည်း သူ့ကို မဆက်သွယ်မိသေးပါဘူးခင်ဗျား”ဟု ဦးဝင်းဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်စိုး ကို မေးမြန်းနိုင်ရန် တယ်လီဖုန်းကို […]

အစိုးရက စပါးဝယ်မည့် ကျပ်သိန်းတစ်သောင်းကို လက်တွေ့စီမံခြင်း

diz_admin

January 20, 2020

လယ်သမားလက်တွင်း ငွေမရောက်မည်ကို စိုးရိမ် တနင်္သာရီတိုင်းအစိုးရအဖွဲ့လက်ဝယ်ရှိ စပါးအခြေခံဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ထားသော ငွေကျပ်သိန်းတစ် သောင်းကို မည်သို့ စီမံမည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။ ထိုရန်ပုံငွေဖြင့် အစိုဓာတ် ၁၄ ရာခိုင် နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲကင်း စင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ် ချက်ဖြင့် ကိုက်ညီသော လေးဆယ် ခြောက်ပေါင်နှင့် ညီမျှသည့် စပါးတစ်တင်း ကို အခြေခံဈေးနှုန်း ကျပ်ငါးထောင်ဖြင့် တိုင်းအတွင်းရှိ လယ်သမားများထံမှ ဝယ်ယူရမည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ လ ၁၆ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီး ဒေါ်ရီရီချိုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ မြန်မာနိုင်ငံ […]

အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

diz_admin

January 15, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေခြင်း၊ ဆုချီးမြှင့် ခြင်းများနှင့် သက်ဆိုင်ရာအားကစားနည်း များအတွက် လိုအပ်သည့် အားကစား ပစ္စည်းများ ဝယ်ယူရန် စသဖြင့် အားကစား ကဏ္ဍများအတွက် သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စစ်တုရင် စသဖြင့် အားကစားနည်း ၃၀ ခန့် ပါဝင်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် တစ်နှစ်ပတ်လုံး လေ့ကျင့်သော […]