ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

diz_admin

June 15, 2020

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိ ၁၅ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

diz_admin

June 15, 2020

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသရှိ ပြည်သူလူထု ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ရန်ခက်ခဲခြင်းကူးစက်ရောဂါကာလကြာလာခြင်းကြောင့် ရေရှည်အတွက် အဓိကစားသောက်ကုန်များပြတ်လပ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်တွင် လူဦးရေ ၉၀ဝဝဝ နီးပါးရှိသည်။ ယင်းတို့အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီအနေနှင့် ပြည်သူများလိုအပ်နေသည့် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစိုးရထံတင်ပြထားကြောင်း နိုင်ဗညားလယ်က ဆိုသည်။ မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေဒေသရှိ ပြည်သူများသည် Covid-19 ကူးစက်ရောဂါကိုအန္တရာယ်အပြင် မိုးရာသီကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအန္တရာယ်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရသည့် […]

မွန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂ ဦးအထိ ရှိလာ

diz_admin

June 15, 2020

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆၄ ဦးရှိပြီး သေဆုံးသူ ၂ ဦးထိ ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထံမှ သိရသည်။ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိစာရင်းအရ ပြည်နယ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ ဖြစ်သည်။ သေဆုံးသူ ၂ ဦးမှာ ဆယ်လသားနှင့် ၈ နှစ်အရွယ် ကလေးဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။ သွေးလွန်တုပ်ကွေးအဖြစ်အများဆုံး မြို့နယ်သည် မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့ဖြစ်ပြီး သေဆုံးကလေး ၂ ဦးသည် ပေါင်မြို့နယ်မှ ဖြစ်သည်။ “သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးက ပြည်သူတွေပါမှ။ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေချည်းပဲ လုပ်လို့မရဘူး။ အိမ်တိုင်းအိမ်တိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ကို နားလည်သဘောပေါက်ပြီး ကိုယ့်အိမ်မှာ ဖုံး၊ […]

မွန်ပါတီ ကိုယ်စားလှယ်လောင်း ဇူလိုင်လကုန် အပြီးသတ် ရွေးချယ်မည်

diz_admin

June 15, 2020

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိသည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လအကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။ ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မည်ဖြစ်သည်။ မြို့နယ်မှ အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်လာနိုင်ရေးကိုလည်း အဓိကဦးစားပေး အချက်တစ်ချက်အနေနှင့် ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကနေ ရွေးချယ်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေပါလာအောင် စည်းရုံးပေးဖို့နဲ့ တကယ်လို့ အရည်အချင်းတူ ရွေးချယ်ရမယ်ဆိုရင် […]

လမ်းမပေါ်ရောက် ဓာတ်တိုင်များ ပြောင်းဖို့အရေး ဘတ်ဂျက်လျာထားမည်

diz_admin

June 15, 2020

လမ်းမကြီးပေါ် ရောက်ရှိနေသည့် ဓာတ်တိုင်များပြောင်းရွေ့ဖို့အရေး ဘတ်ဂျက်လျာထားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။ ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းဘေးကပ်လျက်ရှိနေသည့် လျှပ်စစ်မီးတိုင်များကို လမ်းဘေးရွေ့ပြောင်းနိုင်ရေး စီစဉ်နေခြင်းဖြစ်သည်။ ယင်းဓာတ်တိုင်များကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်သည့်အတွက် ပြောင်းရွေ့နိုင်ရေး သက်ဆိုင်ရာဌာနက ဘတ်ဂျက်လျာထားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဓာတ်တိုင်က အရင်လား၊ လမ်းက အရင်လားဆိုတဲ့ ကိစ္စကိုသွားပြီးတော့ အဖြေသွားရှာနေခြင်းဆိုတာထက် လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စနစ်တကျနဲ့ လမ်းနဲ့ဓာတ်တိုင်နဲ့ ရှိရမယ့်နေရာမှာ ရှိပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက်လည်း ဒါလေးကိုလည်း ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ယင်းဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် […]

စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

diz_admin

June 15, 2020

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မူကြောင့် ပျဉ်ထောင်နှစ်ထပ်အိမ်အပေါ်ထပ် မီလောင်ဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိကြောင်း အထက်ပါဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။ “ဘုရားစင်မှာ ဖယောင်းတိုင်မီးပူဇော်ပြီးတော့ အိမ်ရှင်အဖွားက သူ့သမီးအိမ်မှာ သွားနေတာ။ အဲကနေပြီးတော့ စတင်လောင်တာပါ” ဟု ဦးစိုးကျော်သူက ပြောသည်။ အိမ်ရှင်အား မီးပေါ့ဆမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် တရားစွဲတင်ထားကြောင်း သိရသည်။ ကျော်သူစိုး

မလွှဲတောင်ဂိတ်တွင် ခရီးသည်တင်မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန် မလိုတော့

diz_admin

June 15, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် မှန်လုံယာဉ်ကြီးများ ညအိပ်စောင့်ရန်မလိုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် မလွှဲတောင်ဂိတ်တွင် ည ၁၂ နာရီမှစကာ ဂိတ်ပိတ်လိုက်ပြီး ကားများဖြတ်သန်းခွင့် မပြုတော့ပေ။ ထိုကြောင့် ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များက နံနက် ၄ နာရီအထိ ကားပေါ်တွင်ပင် ညအိပ်စောင့်ဆိုင်းကြရသည်။ သို့ရာတွင် ဇွန်လ ၁၂ ရက်မှစကာ ခရီးသည်တင်မှန်လုံကားကြီးများကို မည်သည့်အချိန်တွင်မဆို မလွှဲတောင်ဂိတ်မှ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ခရီးသည်များက ကားပေါ်တွင်ပင် အိပ်စက်နေရခြင်း၊ အမိုးအကာမလုံလောက်ခြင်း၊ အိမ်သာအခက်အခဲရှိခြင်း၊ ဂိတ်တွင် ကျန်းမာရေးစစ်ဆေးချိန်များ၌ […]

ကိုဗစ်ကြားက ခရီးသည်

diz_admin

June 15, 2020

နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။ တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို ထွေးပွေ့ထားသည့် အမျိုးသမီးများ အပါအဝင် အသက် ၇၀ ကျော်အရွယ်အထိ အသက်အရွယ်အမျိုးမျိုး ပါဝင်သည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းကျော်ပြေးဆွဲသည့် ခရီးသည်တင်ကားများ ပိတ်ထားရာမှ ဇွန်လ ၃ ရက်နေ့မှစတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။ ထိုသို့ပြေးဆွဲခွင့်ပြုလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းသို့ ခရီးသည်များ အများအပြား ဝင်ရောက်လာသည်။ သို့ရာတွင် တနင်္သာရီတိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားသည်။ ယင်းသို့ထုတ်ပြန်ထားသဖြင့် မလွှဲတောင်ဂိတ်ကို ဖြတ်မည့်ကားများက ည ၁၂ နာရီကျော်ချိန်တွင် ဖြတ်သန်းခွင့်မရတော့ဘဲ […]