သုဝဏ္ဏဘူမိလေဆိပ်အနီး ဒရုန်းပျံသန်းမှုနှင့်ဆက်စပ်ပြီး ဒရုန်း ၂၅၀၀ ကျော် ထပ်မံသိမ်းဆည်းခံရ
Dawei Watch
December 23, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ဒရုန်းပျံသန်းမှုနှင့် ဆက်စပ်၍ နောက်ထပ် ဒရုန်းအစင်းရေ ၂၅၀၀ ကျော်ကို ထပ်မံတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် အမည်မသိ ဒရုန်းပျံသန်းမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က တပ်ဖြန့်ရှာဖွေစစ်ဆေးခဲ့သည်။ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့်အတူ အမျိုးသား ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းရှာဖွေရာမှ ဒရုန်း ၂၅၀၀ ကျော်ကို သိုလှောင်ထားသော ဂိုထောင်တစ်ခုကို တွေ့ရှိကြောင်း ဖော်ပြသည်။ ဒရုန်းများသည် ယူကရိန်းထုတ် မော်ဒယ်နှင့် ဆင်တူပြီး ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် မှောင်ခိုတင်သွင်းလာခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။ ဒရုန်းများကို ထိုင်းနိုင်ငံထဲ ဖြန့်ဝေရန် […]


