ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ စခန်းစွန့်ထွက်ပြေး

Dawei Watch

December 26, 2025

ရေဖြူမြို့နယ် ညင်းထွေးကျေးရွာနှင့် ဇီးကျကျေးရွာကြားရှိ ကားလမ်းမ၏အရှေ့ဘက်နှစ်ဖာလုံခန့်အကွာတွင် ဖြစ်ပွားခဲ့သည့် သန်းကုန်းတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများက စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်တွင် သန်းကုန်း(မိုးကုတ်ဝိပဿာနာ)ရိပ်သာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်အာဏာရှင်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်များက ပူးပေါင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။ ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖက်က ၆ ဦးသေဆုံးကာ စခန်းစွန့်ထွက်ပြေးသွားကြောင်း ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ “(စစ်အာဏာရှင်တပ်သား) အလောင်း ၆ လောင်း ရပါတယ်။ ထိခိုက်သေဆုံးမှုတော့ များလိမ့်မယ်။ စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိတာရှိပါတယ်။ နောက် ထုတ်ပြန်ပေးပါ့မယ်ခင်ဗျား။ ရန်သူတွေကတော့ စခန်းစွန့် ထွက်ပြေးသွားကြတာပါ “ ဟု အထက်ပါတာဝန်ရှိသူက ဆိုသည် ။ အဆိုပါတိုက်ပွဲတွင် နှစ်ဖက်တပ်များက လက်နက်ကြီးများ၊ […]

ကမြောကင်းတံတားဂိတ်ကို ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

December 26, 2025

ထားဝယ်မြို့ အဝင်အထွက်ဂိတ်တစ်ခုဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး အသက် ၂၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားတွင် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၅ ရက် ညသန်းခေါင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ဗုံးမှာ တံတားဂိတ်ဧရိယာရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရကာ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ခြေသလုံးမှာ ဒဏ်ရာရတယ်။ အခုထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟု ၎င်းက ဆိုသည်။ ကမြောကင်းတံတားဂိတ်အား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က ဗုံးချတိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။ ဒရုန်း ဗုံးစ ထိမှန်ခဲ့သည့် နေအိမ်မှာ လွန်ခဲ့သည့် နှစ် […]

သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦးတို့ကို ဘွဲ့တံဆိပ်များ ရုပ်သိမ်း

Dawei Watch

December 26, 2025

NLD အစိုးရလက်ထက်က သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သုံးဦးနှင့် ဗိုလ်ချုပ်လေးဦး အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ်ကိုးဦးကို စစ်ကော်မရှင်က ဘွဲတံဆိပ်များ ပြန်လည် ရုပ်သိမ်းလိုက်သည်။ စီးပွားရေးလုပ်ငန်းရှင်များတွင် ရိုးမအုပ်စု၏ ဥက္ကဋ္ဌဟောင်း ဦးသိမ်းဝေ (ခေါ်) ဆာ့ချ်ပန်း၊ ဧဒင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေတို့ ဖြစ်သည်။ သူရဦးအောင်ကို သည် သူရဘွဲ့၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိထားသူဖြစ်သည်။ ဦးချစ်ခိုင်သည် စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ရရှိထားသူဖြစ်ပြီး ဦးခင်ရွှေမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူ ဖြစ်သည်။ ဦးသိမ်းဝေမှာ သီရိပျံချီဘွဲ့ ရရှိထားသူဖြစ်သည်။ စစ်ကောင်စီက သူရဦးအောင်ကိုနှင့် အထက်ပါ စီးပွားရေးလုပ်ငန်းရှင် သုံးဦးတို့ကို ဖမ်းဆီးခဲ့ပြီး သူရဦးအောင်ကို၊ ဦးချစ်ခိုင်နှင့် ဦးခင်ရွှေတို့မှာမူ […]

တောင်ပျောက်တိုက်နယ်အတွင်းရှိ PDF စခန်းကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

December 26, 2025

တောင်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်-PDF စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံအချို့ထံက သိရသည်။ ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် PDF စခန်း ရုံးစိုက်ရာနေရာကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က အတည်ပြုပြောဆိုသည်။ “တစ်လုံးက ပေါင်နှစ်ရာလား ငါးရာလားမသိသေးဘူး၊ စိစစ်နေတုန်းပဲ၊ လူထိခိုက်မှုရှိတယ်၊ ဒဏ်ရာရသူရှိတယ်လို့ကြားတယ်” ဟု ၎င်းကဆိုသည်။ ကနဦးစုံစမ်းမေးမြန်းချက်အရ ထိခိုက်ဒဏ်ရာရသူ နှစ်ဦးမှ လေးဦးခန့်ရှိပြီး သေဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်သဖြင့် PDF တပ်ရင်းတပ်ဖွဲ့များကို ဖိအားပေးသည့်အနေဖြင့်င့် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က သုံးသပ်သည်။ လေယာဉ်ဗုံးကြဲမှုတွင် လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း […]

ခရစ္စမတ်ညတွင် နိုင်ဂျီးရီးယားရှိ ISIS အဖွဲ့ကို အင်အားပြင်းတိုက်ခိုက်မှု လုပ်ခဲ့ဟု ထရမ့်ဆို

Dawei Watch

December 26, 2025

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အစ္စလာမ်မ္မစ်နိုင်ငံတော်(ISIS) လက်နက်ကိုင်များကို တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။ အဆိုပါ ဒေသရှိ ခရစ်ယာန်ဘာသာဝင်များအပေါ် အစ္စလာမ္မစ်နိုင်ငံတော် (ISIS) လက်နက်ကိုင်များက ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သမ္မတထရမ့်က ဆိုသည်။ “အမေရိကန်စစ်သေနာပတိချုပ်အနေနဲ့ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ISIS အကြမ်းဖက်သမားအောက်တန်းစားတွေကို လူအသေအပျောက်ရှိတဲ့ အင်အားပြင်းတိုက်ခိုက်မှုတစ်ရပ် ဒီညမှာ အမေရိကန်က ပြုလုပ်ခဲ့ပါတယ်။ သူတို့က အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ၊ ရာစုနှစ်ပေါင်းများစွာအတွင်း မကြုံစဖူးတဲ့ အဆင့်အထိ ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏ ကိုယ်ပိုင် Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။ တိုက်ခိုက်မှုအသေးစိတ်ကိုမူ […]

ယခုနှစ်ပွင့်လင်းရာသီအစ ရော်ဘာအထွက်နည်းသည့်အပြင် စျေးကျနေ

Dawei Watch

December 25, 2025

ယခုနှစ် ပွင့်လင်းရာသီအစ၌ မွန်နှင့်ထားဝယ်ဒေသတွင် ရော်ဘာအထွက်နှုန်းနည်းသည့်အပြင် ရော်ဘာစျေးလည်းကျဆင်းနေကြောင်း တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ” အထွက်နှုန်းနည်းတယ် ။ ခုလပိုင်းတွေက (ရော်ဘာအစေး) ပိုရမယ့်အချိန်ကို ထင်သလောက်မရဘူး ။ ဒီလတွေပဲ အစေး ကအထွက်အားကောင်းတာ ။ အခုကဒီလတွေတောင်မထွက်တော့ဘူး ။ အရင်က ၄၀(ရော်ဘာအပြား) ထွက်တဲ့ခြံကအခု ၂၀ ကျော်ပဲထွက်တယ်” ဟု ထားဝယ်ဒေသခံရော်ဘာခြံရှင်တစ်ဦးကပြောသည် ။ ရော်ဘာကို မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီအစ နိုဝင်ဘာလခန့်မှစ၍ မေလလောက်အထိ အစေးခြစ်ကြပြီး အအေးပိုသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ များတွင် အစေးပိုထွက်လေ့ရှိကြောင်း ရော်ဘာခြစ်တောင်သူများကဆိုသည် ။ ” အရင်က (ရော်ဘာပြား) သုံးပြား လောက်ထွက်တဲ့အပင်က နှစ်ပြားသာသာလောက်ပဲ ထွက်တော့တာမျိုး ။ ကော်ချီးပြန်ထုတ်တာနဲ့ဆို သိပ်မကျန်ဘူး ။ […]

ရုရှားက လကမ္ဘာတွင် အဏုမြူစွမ်းအင်စက်ရုံ ဆောက်မည်

Dawei Watch

December 25, 2025

ကမ္ဘာ့အင်အားကြီးနိုင်ငံများ လကမ္ဘာကို အပြိုင်အဆိုင်စူးစမ်းနေချိန်တွင် ရုရှားက လာမည့်ဆယ်စုနှစ်အတွင်း လမျက်နှာပြင်ပေါ်၌ အဏုမြူစွမ်းအင်စက်ရုံ တည်ဆောက်ရန် စီစဉ်နေပြီဟုဆိုသည်။ ယင်းစက်ရုံမှာ ရုရှား၏ လကမ္ဘာဆိုင်ရာ အာကာသစီမံကိန်းနှင့် ရုရှား-တရုတ် ပူးတွဲသုတေသနစခန်းတစ်ခုအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။ ၁၉၆၁ ခုနှစ်တွင် ဆိုဗီယက်ခေတ် ရုရှားအာကာသယာဉ်မှူး ယူရီဂါဂါရင်သည် အာကာသထဲသို့ ရောက်ရှိသည့် ကမ္ဘာ့ပထမဆုံး လူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းအချိန်ကတည်းက ရုရှားသည် အာကာသစူးစမ်းရေးတွင် ထိပ်တန်းနိုင်ငံအဖြစ် ဂုဏ်ယူလာခဲ့သည်။ သို့သော် မကြာသေးမီနှစ်များအတွင်း ရုရှားသည် အာကာသစူးစမ်းရေးနယ်ပယ်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နောက် ကျန်ရစ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရုရှားက လွှတ်တင်ခဲ့သည့် လူမလိုက်ပါသည့် Luna-25 အာကာသယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျခဲ့မှုကြောင့် ရုရှား၏ အာကာသစူးစမ်းရေးရည်မှန်းချက်များ ထိခိုက်ခဲ့ရသည်။ တစ်ချိန်က […]

မဟာချိုင်တွင် ကားဆင့်တိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

Dawei Watch

December 25, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ကားဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား ၁ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မိသားစုဝင်နှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်က မဟာချိုင် ကထူးဘင်ဒေသ ဘန်ခွန်ကိုင်ဒီး-ထာ့စောင်လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းလာသော ပစ်ကပ်ကားက အခြားကားတစ်စီးကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းကြောင်းပြောင်းကာ ဆန့်ကျင်ဘက်လမ်းက မောင်းလာသော ဆိုင်ကယ်များကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားသည် မြန်မာဇနီးမောင်နှံမောင်းလာသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီးနောက် လမ်းဘေးရှိ ကုန်စုံဆိုင်ထဲကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း သတင်းတွင်ဖော်ပြထားသည်။ ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားတိုက်မှုဖြစ်ပြီး ကားပေါ်မှ ဆင်းလာချိန် အရက်မူးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ကားတိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော […]