ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရသည့်အမှု စစ်ရာတွင် စုံစမ်းရေးအဖွဲ့ကို ပါဝင်ခွင့်ရရန် ပညာရေးအစုအဖွဲ့များ တောင်းဆို၊ ပူးပေါင်းလုပ်ဆောင်မည်ဟု KNU ပြော
Dawei Watch
December 24, 2025ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာတွင် ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်ခွင့်ရရရန် တနင်္သာရီတိုင်းအခြေခံပညာ ပညာရေးအစုအဖွဲ့များက တိုက်တွန်းတောင်းဆိုလိုက်သည်။ တနင်္သာရီတိုင်းအတွင်းရှိ တိုင်းအခြေခံပညာ ဆရာ၊ ဆရာမများသမဂ္ဂနှင့် တိုင်းအတွင်းရှိ ပညာရေးဘုတ်အဖွဲ့ ၁၀ ဖွဲ့ စုစုပေါင်း ပညာရေးအစုအဖွဲ့ ၁၁ ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။ လက်ရှိတွင် ကျူးလွန်သည်ဆိုသူများကို KNU က ဖမ်းဆီးထားပြီး ၎င်းတို့၏ ထွက်ဆိုချက်များ၊ သက်သေ အထောက်အထားများကို စုံစမ်းစစ်ဆေးရာတွင် KNU နှင့်အတူ ပုလောမြို့နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ခွင့်ရရန်တောင်းဆိုထားသည်။ ထို့အပြင် အမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခြင်း၊ အပြစ်ပေး တရားစီရင်ခြင်းကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံ တရားဝင်ပေးပို့ရန်နှင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားသည်။ […]


