ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အဏုမြူစွမ်းအင်စက်ရုံ ပြန်လည်ပတ်မည်

Dawei Watch

December 23, 2025

အဏုမြူစွမ်းအင်ကဏ္ဍသို့ ပြန်လည်ခြေလှမ်းပြင်လာသည့် ဂျပန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးအဏုမြူစွမ်းအင်စက်ရုံ လည်ပတ်မှုကို ပြန်လည်စတင်တော့မည် ဖြစ်သည်။ ဂျပန်နိုင်ငံ နီဂါတာခရိုင်ရှိ ရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံကို လုပ်ငန်းလည်ပတ်မှု ပြန်လည်စတင်ရန် အဆိုပါ ခရိုင်လွှတ်တော်က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။ ယင်းမှာ ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖို ဘေးအန္တရာယ်နောက်ပိုင်း ၁၅ နှစ်နီးပါးအကြာတွင် ပေါ်ထွက်လာသည့် ဂျပန်နိုင်ငံ၏ အရေးပါသည့် အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ တိုကျိုမြို့၏ အနောက်မြောက်ဘက် ၁၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကာရှီဝါဇာကီ-ကာရီဝါ အဏုမြူစွမ်းအင်စက်ရုံသည် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးသွားပြီးနောက် ပိတ်သိမ်းခဲ့ရသည့် အဏုမြူဓာတ်ပေါင်းဖို ၅၄ ခုအနက် တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ် ငလျင်နှင့် ဆူနာမီဘေးကြောင့် ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို ပျက်စီးမှုသည် ချာနိုဘိုင်းအဏုမြူပေါက်ကွဲမှုနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ခဲ့သည်။ ဖူကူရှီးမားဒိုင်အိချိအဏုမြူဓာတ်ပေါင်းဖို […]

မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်သူမရှိသဖြင့် တောင်သူများ အခက်ကြုံ

Dawei Watch

December 22, 2025

တနင်္သာရီမြို့နယ်၊ မောတောင်မြို့ဝန်းကျင်တွင် ကွမ်းသီးဝယ်ယူမည့်သူမရှိသဖြင့် ဝင်ငွေမရရှိသောကြောင့် အခက်အခဲ ကြုံရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။ နိုဝင်ဘာလ၁၄ရက်တွင် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောတောင်သို့လာသည့် လမ်းရှိ သဲဖြူနှင့် သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။ ကားလမ်းများ သွားလာ၍ မရသဖြင့် မောတောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာတွင် ဥယျာဉ်ခြံများတွင် ကွမ်းသီးများ ခူးသော်လည်း ဝယ်သူမရှိကြောင်း သဲဖြူရွာဝန်းကျင်ရှိ စစ်ရှောင်ဘေးအရေး ကူညီနေသူတစ်ဦးက ပြောသည်။ “စစ်ရှောင်ရင်းနဲ့ သွားလို့ရတဲ့ (ဥယျာဉ်) ခြံတွေမှာ သွားကောက်ပြီး ကွမ်းသီးတွေ ခွဲပြီး နေလှန်းထားကြတယ်။ ဝယ်သူ မရှိတော့ သွားကောက်လို့ မရတဲ့သူတွေက မကောက်ကြဘူး” ဟု ၎င်းက ဆိုသည်။ ကွမ်းသီးများကို နှစ်ခြမ်းခွဲ၍ […]

ပလောက်တွင် ကုန်စုံဆိုင်တစ်ဆိုင်နှင့် နေအိမ်တစ်လုံးမီးလောင်

Dawei Watch

December 22, 2025

ပလောက်မြို့ ၊ အမှတ် ၁ ရပ်ကွက်၊ ဗဟိုလမ်းတွင်ရှိသော နယူးစတိုင် ကုန်စုံဆိုင်နှင့် ယင်းဆိုင်နံဘေးရှိ ပျဥ်ထောင် အိမ်တစ်လုံး ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းက မီးလောင်ကြောင်း မြို့ခံများနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျဥ်ထောင်အိမ်နှင့် ကုန်စုံဆိုင်ဖွင့်ထားသည့် သုံးထပ်တိုက်တွင်မူ ဒုတိယအထပ်တစ်ထပ် မီးလောင်ပျက်စီးခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။ ဝါယာရှော့ဖြစ်ရာမှ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း လူထိခိုက်မှု မရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ မီးလောင်မှုကို ပလောက်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်နေသူများ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း ဆိုသည်။ မြိတ်မြို့တွင်လည်း ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ရွှေပြည်တန်လမ်းမကြီးနှင့် ငွေပုလဲရပ်ကွက်တွင်ရှိသော နေအိမ်နှစ်လုံး မီးလောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်မြို့အဝင် […]

လောင်းလုံး စခန်းကြီးရွာတွင် ကလေးတစ်ဦး လက်နက်ကြီးကျည်စထိမှန် သေဆုံး

Dawei Watch

December 22, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက စစ်အာဏာရှင်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ တောရှည်ရွာရှိ ခလရ ၁၀၄ စစ်အာဏာရှင်တပ်ရင်းအား တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာလ ၂၁ရက် နံနက် ၈နာရီဝန်းကျင်တွင် ဒရုန်းဖြင့် လာရောက် ဗုံးချတိုက်ခိုက်ကြောင်း စုံစမ်းသိရသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာ လက်နက်ကြီးကျည်တစ်လုံးမှာ စခန်းကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်တပ်က လိုက်ပစ်တဲ့ လက်နက်ကြီးက ရွာထဲကိုကျသွားတာ” ဟု ၎င်းက ပြောသည်။ သေဆုံးသည့် ကလေးငယ်မှာ အသက် ၁၃ နှစ်အရွယ်ရှိ ယောင်္ကျားလေးဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် ချက်ချင်းသင်္ဂြိုဟ်လိုက်ကြောင်း […]

ထိုင်းတွင် ယခုလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၀၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 22, 2025

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသာ ၁၃၀၀၀ ကျော်ကို ယခုလရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည့် စီမံချက်အောက်တွင် တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြားသား ၁၃,၀၇၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ၎င်းတို့ကို တရားမဝင် နေထိုင်မှု၊ နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ကူညီမှု၊ ပြည်ဝင်ခွင့် ပိတ်ပင်ထားမှု၊ နေထိုင်ခွင့်ဗီဇာ […]

သရက်ချောင်း သင်းကျွန်းရွာတွင် မှတ်ပုံတင်မလဲ၍ဟုဆိုကာ စစ်အာဏာရှင်တပ်စစ်ကြောင်းက ငွေညှစ်

Dawei Watch

December 22, 2025

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မှတ်ပုံတင်မလဲ၍ ဟုဆိုကာ ငွေညှစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှတစ်ဆင့် သင်းကျွန်းရွာသို့ရောက်လာပြီး ယနေ့ နေ့လယ်ပိုင်းအထိ ကျေးရွာအတွင်း တပ်စွဲထားကြောင်း ဒေသခံများကပြောသည်။ ထိုသို့ တပ်စွဲထားချိန် ကျေးရွာအတွင်းရှိ နေအိမ်အချို့ကို တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲထားသူများကို ငွေညှစ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံရသူများ ပြောပြချက်ကို ကိုးကားပြီး သင်းကျွန်းရွာခံတစ်ဦးက ဆိုသည်။ “(ကျပ်)ငါးသောင်းတောင်းတယ်။ နှစ်သောင်း၊သုံးသောင်း ပေးတာကိုတောင် လက်မခံဘူး။ ရှေးရှေးတုန်းက မှတ်ပုံတင်(မှတ်ပုံတင်အကြီး)တွေဆို တစ်သိန်းတောင်းတယ်။ မပေးရင် အိမ်မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာ” ဟု ၎င်းက ပြောသည်။ သင်းကျွန်းရွာရှိ […]

စစ်အာဏာရှင်တပ် ပစ်ခတ်သဖြင့် ခမောင်းချောင်းရွာသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

December 20, 2025

ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၆ ရက်တွင် အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရေဖြူမြို့၏ အနောက်ဘက် ခမောင်းချောင်းကျေးရွာသို့ ဝင်ရောက်ချိန် ထွက်ပြေးသည်ဟုဆိုကာ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပထမကတော့ သေသလား၊ ရှင်သလား ဘယ်သူမှ မသိဘူးပေါ့နော်။ အခု စစ်ကြောင်းပြန်ထွက်သွားတော့ သူ့ညာဘက် လက်မှာ ကျည်ဒဏ်ရာတစ်ချက်၊ နောက်ဝမ်းဗိုက်မှာကတော့ ထုတ်ခြင်းပေါက်သွားတယ်။ လူကတော့ စကားပြောဆိုနိုင် တယ်။ သူ့အမေကိုလည်း ဖမ်းထားပြီး သူ့အမေဆီက ပိုက်ဆံလေးသိန်း ယူသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒဏ်ရာပြင်းထန်ရသူမှာ ခမောင်းချောင်းရွာသား ကိုခေါင်းတုံးဆိုသူဖြစ်ပြီး ပစ်ခတ်မှုကြောင့် […]

ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိမှုကို ထရမ့် မငြင်းဆန်

Dawei Watch

December 20, 2025

ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိမှုကို မငြင်းဆန်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဗင်နီဇွဲလား၏ ရေနံသယံဇာတများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့ သောကြာနေ့တွင် ပြောဆိုသည်။ NBC News နှင့် အင်တာဗျူးတွင် အမေရိကန်က ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိသလားဟု မေးမြန်းရာတွင် “ကျွန်တော် ဒါကို မဖြစ်နိုင်ဘူးလို့ မငြင်းပါဘူး” ဟု သမ္မတထရမ့်က ဖြေကြားသည်။ ၎င်းအနေဖြင့် ဗင်နီဇွဲလားသမ္မတမာဒူရိုအား ရာထူးမှ ဖယ်ရှားလိုခြင်းရှိမရှိ မေးခွန်းကိုမူ ထရမ့်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော် ဘာလိုချင်တယ်ဆိုတာကို သူ (မာဒူရို) အသိဆုံးပါ။ တခြားဘယ်သူထက်မဆို သူ ပိုသိပါတယ်” ဟုသာ သမ္မတထရမ့်က ပြောသည်။ လက်ဝဲဝါဒီခေါင်းဆောင် မာဒူရို၏ နေဝင်ချိန်နီးနေပြီဖြစ်ကြောင်း ထရမ့်က […]