ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကိုလည်း စစ်မှုထမ်းအတွက် ဖမ်းဆီး
Dawei Watch
December 19, 2025ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းတိုင်ပြီးနေထိုင်သည့် လူငယ်များကိုလည်း စစ်မှုထမ်းခိုင်းရန်အတွက် စစ်အာဏာရှင်တပ်က နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခင်က ထားဝယ်မြို့ပေါ် သန်းခေါင်စာရင်း(အိမ်ထောင်စု) ဝင်စစ်ပြီး စစ်မှုထမ်းအမည်စာရင်းပါသည့် လူငယ်များကိုသာ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးမှုများရှိခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလဝန်းကျင်မှစကာ နယ်ဘက်ကျေးရွာများမှ ထားဝယ်မြို့ပေါ်တွင် လာရောက်နေထိုင်ပြီး ဧည့်စာရင်းတိုင်ထားသူများကိုပါ စစ်မှုထမ်းစာရင်းပါသည်ဟုဆိုကာ အိမ်တိုင်ရာရောက် ဖမ်းဆီးမှုများရှိလာကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။ အလုပ်လုပ်ရန်အတွက် တနင်္သာရီတိုင်းပြင်ပမှ ထားဝယ်မြို့၊ ကျွန်းမွှေးရပ်တွင် လာရောက်နေထိုင်သည့် လူငယ်အချို့ နိုဝင်ဘာလအတွင်းက ဖမ်းဆီးခံရကြောင်း အဆိုပါရပ်နေ လူငယ်တစ်ဦးက ပြောသည်။ “သုံးယောက်လောက်ရှိမယ်ပါသွားတာ။ ညဘက်ကို ဧည့်စာရင်းစစ်သလိုလာပြီး စစ်မှုထမ်းပါတယ် ပြောပြီး ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီလက်ထက် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေအရ သန်းခေါင်စာရင်းတွင် အမည်ပါရှိသည့် မြို့နယ်အလိုက်သာ […]


