ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွှေဆွဲကြိုး အလစ်သုတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ရွှေဆိုင်တွင် ရွှေဆွဲကြိုးကို အလစ်သုတ်သွားသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်က စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသတွင် ရွှေဆိုင်ပိတ်ခါနီး အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ဝယ်သူအဖြစ် ဟန်ဆောင်၍ ဆိုင်ထဲဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြစေခဲ့ကြောင်း ဆိုသည်။ ဆိုင်ဝန်ထမ်းများက ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးသုံးကုံးကို ပြသစဉ် ဝယ်သူက ရွှေဆွဲကြုံးတစ်ကုံးအား အလစ်သုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိသူကို လုပ်ငန်းခွင်ထဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် ရွှေဆိုင်နှင့် မဝေးသော […]

နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်

Dawei Watch

December 18, 2025

၏ အမေရိကန်အစိုးရက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် လုံးဝပိတ်ပင်ကြောင်း ထုတ်ပြန်လိုက်သည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA)က ထုတ်ပေးသည့် ခရီးသွားလာခွင့် စာရွက်စာတမ်း ကိုင်ဆောင်ထားသူများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်လိုက်သည်။ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အဆိုပါ တားမြစ်ကန့်သတ်ချက်များသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ ဘာကီနာဖာဆို ၊ မာလီ ၊ နိုင်ဂျာ ၊ တောင်ဆူဒန်နှင့် ဆီးရီးယား စသည့် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံသားများနှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် အပြည့်အဝ ပိတ်ပင်သွားမည် […]

ရေဖြူ ခမောင်းချောင်းရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒေသခံနေအိမ်တစ်ဆောင်ကို မီးရှို့

Dawei Watch

December 17, 2025

ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိသော စစ်အာဏာရှင်တပ် စစ်ကြောင်း သည် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်းသည် ခမောင်းချောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှစ၍ လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၉နာရီခန့်တွင် ဘုန်းကြီးကျောင်းမှ ခမောင်းချောင်းကျေးရွာ အထက်ပိုင်းသို့ စစ်ကြောင်လာချိန် တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထို့နောက် ယင်းနေရာတွင်ပင် နေအိမ်တစ်လုံးကို ယင်းစစ်ကြောင်းက မီးရှို့ခဲ့ကြောင်း တော် လှန်ရေးတပ် နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောဆိုသည်။ “အဲဒီနေရာမှာ အိမ်တွေကတော့ တစ်အိမ်နဲ့ တစ်အိမ်ဝေးတယ်။ လောလောဆယ်တော့ အိမ်တစ်ဆောင်မီးရှို့ခံထားခဲ့ရတယ်ဆိုတာပဲ သိရသေးတယ်” […]

NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် ငါးဆယ်ခန့်ကို KNU ဖမ်းဆီး

Dawei Watch

December 17, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU ကဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူများအထဲတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူး ဒိုရာတို့ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ပါဝင်ကြောင်း ဒေသခံအချို့ထံမှသိရသည်။ “T 5 (ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း) ကတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေအကုန်လုံး ငါးဆယ်လောက်ရှိတယ် KNU က ဖမ်းလိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် […]

ပုလောတွင် CDM ဆရာမဇနီးမောင်နှံ သတ်ဖြတ်ခံရ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေး

Dawei Watch

December 17, 2025

ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင် CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အသက် ၄၉ နှစ်အရွယ် ဆရာမဒေါ်အေသီအောင်တို့ ဇနီးမောင်နှံသည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီခန့်တွင် နေအိမ် အတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။ “ဆရာမကြီးတို့ လင်မယား အိမ်မှာပဲ ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတယ်။ (တော်လှန်ရေး) လုံခြုံရေးတပ်ဖွဲ့တွေ ရောက်သွားချိန်မှာ အသက်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။ ဆားခဲကျေးရွာသည် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေဖြစ်ပြီး ဆရာမ ဒေါ်အေးသီအောင်သည် ဒေသတွင်းရှိ […]

ရေဖြူ နတ်တွင်းရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့် နှစ်ရက်ဆက်ပစ်ခတ်

Dawei Watch

December 17, 2025

ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာဘက်ကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် စစ်အာဏာရှင် အမြောက်တပ်ရင်း အမတ ၃၀၄ က ဒီဇင်ဘာလ ၁၆ ရက်နှင့် ယနေ့ ဒီဇင်ဘာလ ၁၇ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တို့တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုလည်း လေးလုံးလောက်ရှိပြီ။ မနေ့က ၉ နာရီလောက်မှာ စပစ်တာ။ မနေ့ကလည်း သုံးလေးလုံးလောက်ရှိတယ်” ဟု ယင်းဒေသခံက ပြောဆိုသည်။ လက်နက်ကြီးကျည်များမှာ နတ်တွင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ စစ်အာဏာရှင်တပ်က ယင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။ ပြီးခဲ့သည့် […]

အီတလီတွင် ဒိုင်နိုဆောခြေရာ ထောင်နှင့်ချီ တွေ့ရှိ

Dawei Watch

December 17, 2025

အီတလီနိုင်ငံ တစ်နေရာတွင် ထောင်နှင့်ချီသည့် ဒိုင်နိုဆောခြေရာများကို ရှေးဟောင်းရုပ်ကြွင်းပညာရှင်များက တွေ့ရှိခဲ့ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ အီတလီနိုင်ငံ ၊ စတယ်လ်ဗီယိုအမျိုးသားဥယျာဉ်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ ကျော်အမြင့်ရှိ မတ်စောက်လှသည့် ကျောက်နံရံတစ်ခုပေါ်တွင် ယင်းဒိုင်နိုဆောခြေရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိမှုသည် ကမ္ဘာမြေ၏ ထရိုင်ဆစ်ကာလ (Triassic period) မှ ရုပ်ကြွင်းအများဆုံးတွေ့ရှိရသည့် နေရာများအနက် တစ်ခုဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ အဆိုပါ ဒိုင်နိုဆောခြေရာများသည် အီတလီနိုင်ငံ ၊ ဘွန်မီယိုမြို့အနီးရှိ အမြင့်ပိုင်း ရေခဲမြစ်ဝှမ်းတလျှောက် ၅ ကီလိုမီတာခန့်အထိ ရှည်လျားစွာ တွေ့ရှိရခြင်း ဖြစ်သည်။ ဘွန်မီယိုမြို့သည် ၂၀၂၆ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် နေရာများအနက် တစ်ခု အပါအဝင် […]

ဘွန်ဒိုင်းကမ်းခြေ သေနတ်သမားအား ပြစ်မှုပေါင်း ၅၉ ခုဖြင့် စွဲချက်တင်

Dawei Watch

December 17, 2025

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဘွန်ဒိုင်းကမ်းခြေရှိ ဂျူးဘာသာရေးအခမ်းအနားတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူ Naveed Akram ကို လူသတ်မှု ၁၅ မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် ပြစ်မှုပေါင်း ၅၉ ခုဖြင့် တရားစွဲလိုက်ပြီဖြစ်သည်။ ယင်းအခမ်းအနားတွင် Akram အမည်ရှိသားအဖနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်ရှိ သေနတ်သမား ဖခင်ဖြစ်သူ Sajid Akram ကို အခင်းဖြစ်ပွားရာနေရာ၌ပင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့သည်။ ၂၄ နှစ်အရွယ် သားဖြစ်သူ Naveed Akram မှာမူ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သတိမေ့မြောနေခဲ့ရာမှ ဗုဒ္ဓဟူးနေ့တွင် သတိပြန်လည်လာခဲ့ပြီဖြစ်သည်။ Naveed Akram ကို တရားစွဲဆိုလိုက်ကြောင်း ဩစတြေးလျရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် […]