ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်

December 18, 2025

ဓာတ်ပုံ - Reuters

၏ အမေရိကန်အစိုးရက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် လုံးဝပိတ်ပင်ကြောင်း ထုတ်ပြန်လိုက်သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA)က ထုတ်ပေးသည့် ခရီးသွားလာခွင့် စာရွက်စာတမ်း ကိုင်ဆောင်ထားသူများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်လိုက်သည်။

ယခုနောက်ဆုံးထွက်ပေါ်လာသည့် အဆိုပါ တားမြစ်ကန့်သတ်ချက်များသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

ဘာကီနာဖာဆို ၊ မာလီ ၊ နိုင်ဂျာ ၊ တောင်ဆူဒန်နှင့် ဆီးရီးယား စသည့် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံသားများနှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် အပြည့်အဝ ပိတ်ပင်သွားမည် ဖြစ်သည်။

ယခင်က အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်ချက်ချမှတ်ခံထားရသည့် လာအိုနှင့် ဆီယာရာလီယွန်နိုင်ငံတို့ကိုလည်း အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် အပြည့်အဝပိတ်ပင်သည့်စာရင်းသို့ ပြောင်းလဲသတ်မှတ်လိုက်သည်။

နိုင်ဂျီးရီးယား ၊ တန်ဇန်းနီးယားနှင့် ဇင်ဘာဘွေအပါအဝင် အခြားနိုင်ငံ ၁၅ ခုကိုလည်း အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်လိုက်သည်။

ပြည်ပနိုင်ငံများ၏ နိုင်ငံကူးစိစစ်ရေးစနစ်များတွင် ချို့ယွင်းချက်များရှိနေသောကြောင့် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့် ပိတ်ပင်မှုများသည် မဖြစ်မနေ လိုအပ်ကြောင်း သမ္မတထရမ့်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် ဒုတိယသက်တမ်း စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာခဲ့သည်။

အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် လုံးဝပိတ်ပင်ခံထားရသည့် နိုင်ငံများ

အာဖဂန်နစ္စတန်
ဘူကီနာဖာဆို
မြန်မာ
ချဒ်သမ္မတနိုင်ငံ
အီကွေတာဂီနီ
အီရီထရီးယား
ဟေတီ
အီရန်
လာအို
လစ်ဗျား
မာလီ
နိုင်ဂျာ
ကွန်ဂိုသမ္မတနိုင်ငံ
ဆီရာလီယွန်
ဆိုမာလီယာ
တောင်ဆူဒန်
ဆူဒန်
ဆီးရီးယား
ယီမင်
ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က ထုတ်ပေးသည့် (သို့) ထောက်ခံသည့် ခရီးသွားစာရွက်စာတမ်း ကိုင်ဆောင်သူများ

အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရသည့် နိုင်ငံများ

အန်ဂိုလာ
အင်တီဂွာနှင့် ဘာဘူဒါနိုင်ငံ
ဘီနင်
ဘူရွန်ဒီ
အိုင်ဗရီကို့စ်
ကျူဘား
ဒိုမီနီကာနိုင်ငံ
ဂါဘွန်
ဂမ်ဘီယာ
မာလဝီနိုင်ငံ
မောရစ်တန်နီးယား
နိုင်ဂျီးရီးယား
ဆီနီဂေါ
တန်ဇန်းနီးယား
တိုဂို
တွန်ဂါ
ဗင်နီဇွဲလား
ဇမ်ဘီယာ
ဇင်ဘာဘွေ
ခြွင်းချက်

တာ့ခ်မင်နစ္စတန်
( အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ မဟုတ်သူများကို ပြည်ဝင်ခွင့် မကန့်သတ်ထားသော်လည်း အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်ဝင်ခွင့် ကန့်သတ်ချက် ထားရှိဆဲ)

Source: BBC