BBC ကို ထရမ့် တရားစွဲ၊ ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးတောင်း
Dawei Watch
December 16, 2025အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လန်ဒန်အခြေစိုက် BBC သတင်းဌာနကို အသရေဖျက်မှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရားစွဲဆိုလိုက်ကာ နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ပေးရန် တောင်းဆိုလိုက်သည်။ ယင်းမှာ မမှန်ကန်၊ မမျှတဟု ၎င်း ယူဆထားသည့် မီဒီယာများအပေါ် ထရမ့်၏ တိုက်ခိုက်မှုက နိုင်ငံတကာအဆင့်အထိ ရောက်လာခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည့် ထရမ့်၏ မိန့်ခွန်းကို BBC သတင်းဌာနက Panorama အစီအစဉ်တွင် တည်းဖြတ်ထုတ်လွှင့်မှုနှင့် ပတ်သက်၍ ယင်းသို့ တရားစွဲဆိုခြင်း ဖြစ်သည်။ BBC ၏ အဆိုပါ မိန့်ခွန်းတည်းဖြတ်မှုတွင် ၎င်းအား ထောက်ခံသူများကို လွှတ်တော်အဆောက်အအုံ The Capitol […]


