သရက်ချောင်းမြို့ရှိ ပန်းတောစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
Dawei Watch
December 29, 2025သရက်ချောင်းမြို့မရပ်ကွက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ပန်းတော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ယနေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပန်းတောရပ်ကွက် သံတံတားတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီဘက်က (စစ်အာဏာရှင်တပ်) လက်နက်ကြီးတွေ ပြန်ပစ်တယ်။ လူထိခိုက်မှု ဘာမှမကြားရဘူး” ဟု ၎င်းက ပြောသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်း ခေတ္တပိတ်ဆို့ခဲ့ပြီး နံနက် ၉နာရီဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။ ပန်းတောစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် […]


