ဘန်ကောက်တွင် BTS ရထားစီးရာ၌သုံးသည့် Rabbit Card ကို မြန်မာများ အသုံးပြုခွင့်ပိတ်
Dawei Watch
December 31, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများကို Rabbit Card ဖြင့် BTS ရထားစီးခွင့် စတင်ပိတ်ပင် ကန့်သတ်ခံနေရကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။ Rabbit Card ဆိုသည်မှာ ကြိုတင်ငွေဖြည့်ကတ်ဖြစ်ပြီး BTS မိုးပျံရထားများ စီးရာတွင် လက်မှတ်ကောင်တာ၌ တန်းစီရန် မလိုအပ်ဘဲ အလိုအလျောက် ဝင်ရောက်စီးနင်းနိုင်သော ကတ်တစ်မျိုးဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားအချို့ သုံးစွဲနေသော Rabbit Card များကို စတင်ပိတ်ပင်ခဲ့ပြီး သုံးစွဲခွင့် မပြုတော့ကြောင်း ကတ်ပိတ်ခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။ “Myanmar passport နဲ့ဖွင့်ထားတဲ့ ကတ်တွေကို ပိတ်လိုက်တာ။ မြန်မာနိုင်ငံကဖြစ်တာနဲ့ တကယ် ရာဇ၀တ်သားလိုပဲ သက်သက်ကြီး ဆက်ဆံခံလိုက်ရတယ်။ ဘာကြောင့် ပိတ်လဲဆိုတာတော့ မသိရဘူး” ဟု […]


