မြိတ်တွင် ရေတစ်ယူနစ် ကျပ်နှစ်ထောင်နီးပါးဖြစ်
diz_admin
October 15, 2021မြိတ်တွင် အိမ်သုံးရေယူနစ်ဈေးနှုန်းတက်သွားပြီး တစ်ယူနစ်လျှင် ကျပ်နှစ်ထောင်နီးပါး ဖြစ်လာကြောင်း မြိတ်ဒေသခံအချို့ ထံမှသိရသည်။ ယခင်က ရေတစ်ယူနှစ်လျှင် ၁၅၀၀ ကျပ်ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်မှစတင်ကာ တစ်ယူနစ်လျှင် ၁၇၀၀ ကျပ် ဖြစ်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် စက်သုံးဆီဈေးတက်သည်ဟုဆိုကာ ရေတစ်ယူနစ်လျှင် ၂၀၀ ကျပ် ဈေးတက်သွားကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ဆိုသည်။ “ရေရော မီးရော စားသောက်ကုန်ရော ဈေးမတက်တဲ့အရာ ဘာမှမရှိတော့ဘူး”ဟု ၎င်းက ပြောသည်။ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပုဂ္ဂလိလုပ်ငန်းရှင်များက ရေပိုက်လိုင်းများတပ်ဆင်ကာ အခကြေးငွေဖြင့် သောက်သုံးရေဖြန့်ဝေပေးနေသည်။ နေအိမ်များသို့ ပိုက်လိုင်းဖြင့် ပေးဝေနေသည့် ရေဈေးတက်သွားသကဲ့သို့ ရေသယ်ကားဖြင့် ရပ်ကွက်အတွင်း လာရောက်ရောင်းချနေသည့် ရေဈေးနှုန်းလည်း တက်သွားကြောင်း သိရသည်။ “အရင်က ကားနဲ့တစ်အိမ်လုံး […]


