ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပေါင်တွင် YMBA နာယကအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

October 8, 2021

မွန်ပြည်နယ် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဦးခင်မောင်ဦးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးခင်မောင်ဦးသည် ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင် တစ်ဦးသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ဦးခင်မောင်ဦးသည် ယင်းနေ့ နံနက်ပိုင်းတွင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် စွယ်တော်သုဿာန်အနိးတွင် အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဒဏ်ရာ ၈ ချက်ခန့်ဖြင့် ပစ်ခတ်ခံထားရသည့် ဦးခင်မောင်ဦးသည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် စွယ်တော်သုဿာန် မီးသင်္ဂြိုဟ်စက်ရှေ့တွင် သေဆုံးနေသည်ဟု ဒေသခံတို့က ပြောသည်။ “မနက်က သုဿာန်ဘက်ကနေ သေနတ်သံတွေကြားရတယ်၊ နောက်တော့မှ ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ သိတယ်၊ ရဲတွေကတော့ စစ်ဆေးမှုတွေတော့ လုပ်နေတာပေါ့” ဟု […]

ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

diz_admin

October 7, 2021

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။ သြဂုတ်လအတွင်း သုံးစွဲခဲ့သည့် မီတာဘေလ်အား အောက်တိုဘာလ ၆ ရက်နေ့တွင် မီးသုံးသူများထံ လိုက်လံဖြန့်ဝေခဲ့သည်။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Trans ကုမ္ပဏီက ၂၀၁၉နှစ်ကုန်တွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားသည်။ လက်ရှိတွင် ကုမ္ပဏီအနေဖြင့် သဘာဝဓာတ်ငွေ့မီးစက်အရန်ပစ္စည်းဝယ်ယူခြင်းနှင့် အရန်မီးစက်များအတွက် ဒီဇယ်ဆီဝယ်ယူခြင်း အစရှိသည့်ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာငွေလဲနှုန်းတက်နေသည့်အတွက် ဈေးအနည်းငယ်တက်သွားခြင်းဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။ […]

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးတက်

diz_admin

October 7, 2021

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတက်နေသည့်အတွက် ဒေသခံများ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် ထားဝယ် မုန့်လက်သုပ်လည်း ဈေးတက်သွားခဲ့သည်။ ယခင်က မုန့်လက်သုပ်တစ်ပွဲလျှင် ပျမ်းမျှ ၃၀၀ ကျပ်သာ ရှိရာမှ ကုန်ဈေးနှုန်းတက်ပြီး အခုရက်ပိုင်းအတွင်း ၄၀၀ ကျပ်ဖြစ်သွားကြောင်း မုန့်လက်သုပ်ရောင်းချသူအချို့ထံမှ သိရသည်။ ထားဝယ်မုန့်လက်သုပ်ကို ပအုန်းရည်၊ ပင်လယ်ငါးနှင့် ကြက်သွန်နီတို့ကို အခြေခံပြီး ချက်ပြုတ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းပစ္စည်းများ ဈေးတက်သွားသဖြင့် ဈေးတင်ရောင်းချရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်တွင် မုန့်လက်သုပ်ရောင်းနေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ လက်ရှိကုန်ဈေးနှုန်းအရ တစ်ပွဲလျှင် ၃၀၀ ကျပ်ဖြင့်ရောင်းပါက အမြတ်မရှိတော့သည့်အတွက် တစ်ပွဲလျှင် ၁၀၀ ကျပ်ဈေးတင်ရောင်းနေရကြောင်း ၎င်းက ပြောသည်။ “သုံးရာနဲ့ဆိုရင် ကိုယ့်အတွက် မကျန်တော့ဘူး၊ ရောင်းလို့ရတာအကုန်လုံး ပြန်ဝယ်ဖို့အတွက်ပဲ ရတယ်” ဟု […]

စော်ဖျားရွာတွင် အမျိုးသမီးနှစ်ဦး အဖမ်းခံရ

diz_admin

October 7, 2021

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် အောက်တိုဘာလ ၇ ရက် ‌နေ့လယ်ပိုင်းက အမျိုးသမီးနှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူနှစ်ဦးမှာ အသက် ၂၈ နှစ်ဝန်းကျင်အရွယ် မအေးမာနှင့် မနီဆိုသူတို့ဖြစ်ကြောင်း‌ ဒေသခံများက ဆိုသည်။ “စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပါ။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ မသိရသေးဘူး။အခုထိတော့ ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် စော်ဖျားရွာရှိ သံဃာတော်နှစ်ပါးဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။ အောက်တိုဘာလ ၅ ရက်က‌ စော်ဖျားရွာတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက်ပစ်ခတ်ပြီးနောက် စစ်တပ်က ကျေးရွာအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်အဝေးပြေးကားဝင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်ဖမ်းဆီးခံရ

diz_admin

October 6, 2021

မြိတ်မြို့အဝင် ကလွင်ကျေးရွာအုပ်စုတွင်းရှိ အဝေးပြေးကားဝင်းဟောင်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ရွေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်အား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ ရွေ့ပြောင်းအလုပ်သမားတို့သည့် ပွဲစားတို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ကြရန် လာရောက်ကြခြင်းဖြစ်ကြောင်း မြိတ်-ထားဝယ် ခရီးသည်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပြသည်။ “ဘောလုံးတွေပဲ ဖြစ်ဖို့များတယ်” ဟု အထက်ပါ ယာဉ်လိုင်းပိုင်ဆိုင်က ပြောသည်။ တနင်္သာရီတိုင်းတွင် ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ကြသူတို့အား ဘောလုံးအဖြစ်ခေါ်ဆိုကြခြင်းဖြစ်သည်။ ထို့ပြင် အဝေးပြေးကားဝင်းထိပ်ရှိ ကားလက်မှတ်အရောင်းဆိုင်ရှင် လင်မယားတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်-ထားဝယ် ယာဉ်လိုင်းပိုင်ရှင်က ပြောပြသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတို့အား စစ်တပ်ဘက်မှလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အကျိုးအကြောင်း သေချာမသိရကြောင်း မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ကိုဗစ် စတုတ္ထလှိုင်းအား လှမ်းကြည့်ခြင်း

diz_admin

October 6, 2021

လောင်းလုံးမြို့နယ်မှ ဒေါ်မြမြ တို့လင်မယားနှစ်ဦးစလုံး စက်တင်ဘာလကုန်ခန့်တွင် ကိုဗစ်ကူးစက်ခံလိုက်ရသည်။ ကနဦးတွင် ရောဂါမပြင်းထန်သဖြင့် အိမ်တွင်သာကုနေခဲ့ရာ မသက်သာသည့်အပြင် ပိုဆိုးလာသဖြင့် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တက်လိုက်ရသည်။ ဒေါ်မြမြ (အမည်လွှဲ) ဆေးရုံရောက်ချိန် လင်မယားနှစ်ဦးစလုံးအတွက် ဆေးကုသစရိတ် သိန်းငါးဆယ်လောက်ကုန်ကျနိုင်တယ်ကြောင်း သိရချိန်တွင် သူတို့မိသားစု မျက်လုံးပြူးရတော့သည်။ “အဲဒါတောင်မှ အချိန်နည်းနည်းယူ စဉ်းစားပြီး ဆေးကုမယ်ပြောတာ၊ အခန်းမရှိတော့ဘူးတဲ့။ လူဘယ်လောက်များလဲဆိုတာ အဲဒါသာကြည့်တော့ မိနစ်သုံးဆယ်ကို မကြာလိုက်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ လက်ရှိ တိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့မူနှုန်း လျော့ကျလာနေသည်ကိုတွေ့ရသည်။ သို့သော် ကျေးရွာများတွင်မူ ကိုဗစ်ပိုးတွေ့မူ တဖန်များပြားလာနေသည့်အနေအထား ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာကိုဗစ်လူနာစင်တာ တာဝန်ရှိသူအချို့က ပြောသည်။ အချို့ကိုဗစ်လူနာများမှာ နေအိမ်တွင်ပင်နေပြီး ကုသနေကြသလို အချို့ကလည်း ပုဂ္ဂလိကဆေးရုံများထံ သွားရောက်ကုသနေကြသည်။ ယင်းသို့ကုသရာတွင် ကုန်ကျစရိတ်များပြားသဖြင့် […]

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ

diz_admin

October 6, 2021

မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။ မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်‌မှုများရှိနေကြောင်း သိရသည်။ Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ […]