ငါးဝယ်သွားသည့် သစ်တိုထောင့်ရွာသားနှစ်ဦး အသတ်ခံရ
diz_admin
June 7, 2021ရေဖြူမြို့နယ် သစ်တိုထောင့်ရွာနေ ဒေသခံအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ငါးဝယ်သွားစဉ် ဇွန်လ ၆ ရက်နေ့နံနက်က ပစ်သတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဒေသခံများ၏ အဆိုအရ ယင်းအမျိုးသားနှစ်ဦးမှာ ရေနက်ဆိပ်ကမ်းနယ်မြေဖြစ်သည့် ဘဝါကျေးရွာတွင် ငါးသွားဝယ်ရာမှ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့မှာ သစ်တိုထောင့်ရွာနေ အသက် ၄၀ နှစ်အရွယ်ရှိ ကိုဝင်းဇော်ထွေးနှင့် ၂၃ နှစ်အရွယ်ရှိ ကိုဟိန်းမင်းကိုတို့ ဖြစ်သည်။ ဇွန်လ ၆ ရက်နေ့ နံနက်လေးနာရီခန့်တွင် ငါးဝယ်ရန် နေအိမ်မှထွက်သွားပြီး ဘဝါရွာရှိ ငါးဒိုင်သို့ ရောက်မလာသေးကြောင်း ငါးအရောင်းဒိုင်မှ ဖုန်းဆက်လာချိန်မှသာ ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရကြောင်း ကိုဟိန်းမင်းကို၏ ဇနီးဖြစ်သူက ဆိုသည်။ ထိုနောက် ခင်ပွန်းဖြစ်သူ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ “စုံစမ်းကြည့်လိုက်တာ ရေဖြူမှာ အလောင်းနှစ်လောင်းနဲ့ […]


