လောင်စာဆီဈေးကြောင့် ကျွန်းစုအမြန်ယာဉ် တွက်ခြေမကိုက်
diz_admin
October 5, 2021ကျွန်းစုနှင့် မြိတ်မြို့သို့ခရီးသည်တင် ပြေးဆွဲနေသည့် အမြန်ယာဉ်အချို့ လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်ဘဲ ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင် အချို့ထံမှသိရသည်။ ကိုဗစ်တတိယလှိုင်းကြောင့် နှစ်လကျော်အကြာရပ်နားထားသည့် အမြန်ယာဉ်များသည် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီး လောင်စာဆီဈေးကြောင့် အရှုံးဖက်သို့ ဦးတည်နေသည်ဟု လှေပိုင်ရှင်များကပြောသည်။ “ဆီဈေးက သုံးသိန်းနှစ်သောင်းခွဲဆိုတော့ အရှုံးခံပြီးဆွဲနေရတယ်”ဟု ကျွန်းစုမြို့နှင့်မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ယာဉ်ပိုင်ရှင် တစ်ဉီးကပြောသည်။ ကျွန်းစုမှမြိတ်သို့ ယခင်ကလှေတစ်ခေါက်ပြေးဆွဲလျှင် ခရီးသည်တစ်ရာကျော် လိုက်ပါလာလေ့ရှိပြီး ယခုအခါ ခရီးသည် ငါးဆယ်နှင့်ခြောက်ဆယ်ကြားသာ ရှိတော့ကြောင်း သိရသည်။ “အမြန်ယာဉ်ခကတော့ အရင်အတိုင်းပဲ”ဟု ရွှေပင်ဂွင်းအမြန်ယာဉ် ပိုင်ရှင်ကပြောသည်။ ဆီဈေးမတက်မီ အချိန်ကတည်းကခရီးသည်တစ်ဦးလျှင် အမြန်ယာဉ်ခ ကျပ်သုံးထောင်ကျပ်ပေး ရပြီး လက်ရှိအချိန်တွင်လည်း ယခင်နှုန်းထားအတိုင်း ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင်များ ထံမှသိရသည်။ ကျွန်းစုမှမြိတ်သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်သုံးစီးရှိပြီး လှေတစ်စီးလျှင် တစ်နေ့ […]


