ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ရွှေဈေးမငြိမ်၊ ကြိုက်ရောင်း ကြိုက်ဝယ်

diz_admin

September 30, 2021

ရွှေဈေးမငြိမ်သက်မှုကြောင့် ထားဝယ်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးဖြင့် ရောင်းဝယ်နေရကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။ စက်တင်ဘာ ၂၉ ရက်က ရွှေတစ်ကျပ်သားလျှင် ရန်ကုန်ပေါက်ဈေး ၂၂၂၀၀၀၀ ကျပ်ရှိပြီး ယနေ့ မနက်ပိုင်းဖွင့်ဈေးမှာ ၂၀၃၀၀၀၀ ကျပ်မှ နေ့လယ်ပိုင်းဈေးမှာ ၁၉၇၀၀၀၀ ကျပ်ခန့်ဖြစ်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။ ဒေါ်လာဈေးအတက်ကြမ်းနေသဖြင့် ရွှေဈေးလိုက်တက်လာပြီး ရွှေဈေးကွက်မတည်ငြိမ်မှုကြောင့် ထားဝယ်တွင် ရန်ကုန်ဈေးထက် ခန့်မှန်း တစ်သိန်းခန့်ခွာ၍ အရောင်း အဝယ်ပြုလုပ်နေကြသည်ဟု ဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “ပေါက်ဈေးမဟုတ်ဘူး၊ ရောင်းသမားနဲ့ ဝယ်သမား ကြိုက်ဈေးဖြစ်သွားတယ်၊ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားတယ်၊ ပေါက်ဈေးနဲ့သွားလုပ်မရဘူး၊ အရင်တုန်းကတော့ ပေါက်ဈေးနဲ့ ငါးထောင် တစ်သောင်းသာကွာတယ်၊ အခုကတော့ သိန်းနဲ့ချီပြီးကွာတယ်”ဟု ၎င်းက ဆိုသည်။ စက်တင်ဘာ ၂၉ ရက်က ရွှေတစ်ကျပ်သားလျှင် […]

မြိတ်တွင် အခေါက်ရွှေ အရောင်းအဝယ် ဈေးကျပ်တစ်သိန်းအထိ ကွာဟ

diz_admin

September 30, 2021

မြိတ်မြို့ရှိ ရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ရောင်းဈေးနှင့် ဝယ်ယူသည့်ဈေးနှုန်းမှာ ကျပ်တစ်သိန်းအထိ ကွာဟမှုရှိနေကြောင်း ယင်းဈေးကွက်အတွင်းထံမှ သိရသည်။ လတ်တလော ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည့်အချိန်တွင် ကျပ်တစ်သိန်းကွာဟခြင်းဖြစ်ကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေ ဈေးနှုန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂၂၅၀၀၀၀ ဈေးရှိခဲ့ပြီး ရောင်းချမည်ဆိုပါက ကျပ် ၂၁၅၀၀၀၀ သိန်းရရှိမည်ဖြစ်သည်။ ယင်းကဲ့သို့ ရောင်းဈေး နှင့် ဝယ်ဈေးကွာဟခြင်းမှာ ရွှေအရောင်းဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြကြောင်း ရွှေအရောင်းဆိုင် အသိုင်းအဝိုင်းမှ သိရသည်။ ရောင်းဈေးနှင့် ဝယ်ဈေးတို့မှာ အနည်းဆုံး ကျပ်ငါးသောင်းနှင့် အများဆုံးကျပ်တစ်သိန်းအထိ ကွာခြားခြင်းဖြစ်ကြောင်း သိရသည်။ “ရွှေဆိုင်အချင်းချင်းတွေဆိုရင် ငါးသောင်း၊ ခုနှစ်သောင်းခန့် ရှိတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ […]

ရေးတွင် စိတ်ဝေဒနာရှင်လူငယ်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 30, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ ချောင်းတောင်တံတားဂိတ်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းခန့်က နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ရာမှ ည ၇ နာရီကျော်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်တို့က တောင်းဆိုခဲ့ကြသော်လည်း အလောင်းကို ပြန်မပေးဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ “အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်၊ ကိုင်လည်းမပေးကိုင်ဘူး၊ မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လောက် […]

ကုန်ဈေးနှုန်းကြီးမြင့်မှု ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်

diz_admin

September 30, 2021

ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများအရှံးပေါ်နိုင်ဟု လုပ်ငန်းရှင်အချို့က ခန့်မှန်းနေကြသည်။ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး ဘတ်ဈေး၊ ဒေါ်လာဈေးများ တက်လာခြင်းကြောင့် ဘဏ္ဍာရေးနှစ် မပိတ်မီ လုပ်ငန်းမပြီးစီးသေးသည့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ တင်ဒါလုပ်ငန်းရှင်အချို့က ပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး မြန်မာငွေ ၂၇၀၀ ကျပ်ခန့်ရှိနေပြီး ထိုင်းဘတ်ငွေမှာ တစ်ကျပ် ၇၀ ကျပ်ကျော်အထိဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ အခေါက်ရွှေမှာလည်း တစ်ကျပ်သား ၂၂၁၃၀၀၀ ကျပ်အထိဖြစ်နေပြီး စက်သုံးဆီဈေးမှာ (92 ဓာတ်ဆီ) တစ်လီတာလျှင် ၁၄၀၀ ကျပ်ကျော်ဖြစ်နေသည်။ ယင်းသို့ ဒေါ်လာဈေး၊ ဘတ်ဈေး၊ ဆီဈေးများတက်နေသဖြင့် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေ၊ သံချောင်း စသည့် ကုန်ပစ္စည်းဈေးများလည်းလိုက်တက်နေသဖြင့် ယခင်ခန့်မှန်းထားသည့်ငွေထက် ကုန်ပစ္စည်းဖိုးတွေ […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပြန်ဖွင့်ရန်စီစဉ်

diz_admin

September 29, 2021

အချိန်တစ်နှစ်နီးပါးကြာ ပိတ်ထားသည့် မောတောင် -စင်ခွန်းနယ်စပ်ဂိတ်အား ယခုနှစ်အကုန်ခန့်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါနယ်စပ်ဂိတ်သည် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ပရာကျွတ်မြို့နှင့် ဆက်သွယ်ထားသည့် အထူးယာယီနယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ နယ်စပ်ဂိတ်အား တရားဝင်ပြန်လှည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနတို့အား တင်ပြထားပြီး ထိုင်းဘက်မှ နှစ်ကုန်ခန့်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ” အတိအကျတော့ မသိရသေးဘူး” ဟု အထက်ပါ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။ မောတောင်နယ်စပ်ဂိတ်အား ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုးတွေ့ပြီးနောက် ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ခဲ့ပြီး […]

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

diz_admin

September 29, 2021

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ မွန်လွဲပိုင်းခန့်က ဆိုင်ကယ်ဖြင့် နေအိမ်မှ ကျေးရွာအတွင်းသို့ သွားနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသာစိုင်းသည် နံကြားကျည်ဒဏ်ရာရရှိပြီး သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဆေးရုံရောက်ပြီးမှ သေဆုံးသွားတယ်လို့ သိရတယ်၊ အဲဖြစ်စဉ် ဖြစ်ပြီးတော့ ရွာကို စစ်သားတွေ ရဲတွေ ရောက်လာပြီးတော့ မေးမြန်း စစ်ဆေးမှုတွေ လုပ်သွားတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ဇွန်လကလည်း သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို […]

တောင်ပျောက်တိုက်နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သည့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ ဟုဆို

diz_admin

September 29, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာတွင် ဥယျာဉ်ခြံလုပ်နေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းဒေသခံနေသူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၇ ရက်က သဲချောင်းကြီးရဲစခန်းနှင့် အထက်တန်းကျောင်းတွင် စစ်သားအင်အား ၇၀ ဦးခန့် လာရောက်တပ်စွဲထားပြီး ဆိုင်ကယ်များကို တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုနောက် စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်တွင် ယင်းကျေးရွာ ဥယာဉ်ခြံများဘက်သို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံက ဆိုသည်။ အဆိုပါ ဥယျာဉ်ခြံရှိ ခြံစောင့်တဲများတွင် PDF များ နေထိုင်သည်အထင်ဖြင့် ယင်းကဲ့သို့ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ “ဥယျာဉ်ခြံလုပ်နေသူ ကွမ်းသီးလုပ်နေတဲ့ တဲတွေကို လိုက်ဝိုင်းပြီး သေနတ်နဲ့ပစ်တယ်၊ ပြေးရတာပေါ့၊ လက်နက်ကြီးက နှစ်ချက်ပစ်တယ်၊ သေနတ်နဲ့လိုက်ပစ်နေတော့ ရွာသားတွေပြေးရတယ်၊ […]

ဘီးလင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 28, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည့် ဦးသန်းထွန်းဝင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးသန်းထွန်းဝင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းခန့်က အလူးလေးကျေးရွာ ခြင်္သေနှစ်ကောင်မုခ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အမည်မသိ သေနတ်သမားနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွား ခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းဝင်းသည် ပြင်းထန်ဒဏ်များရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “အပစ်ခတ်ခံရပြီးတော့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်၊ ညနေလောက်မှာတော့ ဆုံးသွားတယ်လို့ပြောတယ်” ဟု ဘီးလင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို အမည်မသိ သေနတ်သမားတို့က […]