အရှုံးပေါ်သဖြင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား
diz_admin
September 21, 2021လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ကမ်းနီးငါးဖမ်းလှေငယ်အချို့ ရပ်နားထားရကြောင်း ကာယကံရှင်များ ထံမှသိရသည်။ ကမ်းနီးလှေငယ်များအနေဖြင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ငါးဈေးကျဆင်းခြင်း၊ လှေထွက်စရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် အရှုံးပေါ်ကာ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် ရပ်နားထားရကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ကပြောသည်။ ထားဝယ်ခရိုင်တွင် ကမ်းဝေးလှေများက ကမ်းနီးငါးဖမ်းကွက်များတွင် တရားမဝင် ငါးဝင်ဆွဲသဖြင့် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ မကြာခဏ ပျက်စီးသဖြင့် ကမ်းနီးငါးဖမ်းလုပ်သားများ ညည်းတွားလျက်ရှိသည်။ “(စက်သုံးဆီ) ဆီစရိတ်၊ စားစရိတ်တွေက ဈေးတက်ပြီး ငါးဈေးကထက်ဝက်ကျတယ်။ ငါးကလည်းအရင်လို မရတော့ဘူး ရပ်တဲ့လှေတွေလည်းရပ်ကုန်ကြပြီ”ဟု မြိတ်မြို့မှ ကမ်းနီး ငါးဖမ်းလှေလုပ်ကိုင်သူ ဦးမြင့်လွင်ကပြောသည်။ ယင်းသို့ အရှုံးပေါ်နေသည့်အတွက် အချို့လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ရပ်နားကာ လှေရောင်းချသူ များပြားလာနေကြောင်း မြိတ်မြို့မှ ကမ်းနီးငါးဖမ်းလှေလုပ်ငန်းရှင် ကိုထွန်းထွန်းနောင် ကပြောပြသည်။ “ရှုံးတဲ့လှေကရှုံး၊ ကျန်တဲ့လှေလည်း နည်းနည်းပါးပါးကျန်၊ […]


