ကျိုက်ထိုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
diz_admin
September 20, 2021မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးချစ်သန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်္ဂဘိုကျေးရွာမှ ရာအိမ်မှူး ဦးချစ်သန်းသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က လက်ပံကျေးရွာမှ နေအိမ်သို့ ပြန်လာစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး Pioneer စားသောက်ဆိုင်အနီးအရောက်တွင် အမည်မသိသေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီးပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးချစ်သန်းသည် ဇက်ပိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပစ်ခတ်ခံရတာက ကားလမ်းမဘေးမှာပဲ၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ဒီတလော ကျွန်တော်တို့ဘက်မှာ ဒီလိုမျိုးဖြစ်စဉ်တွေ ခနခနကြားနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ဦးချစ်သန်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ကျိုက်ထိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့မှ စစ်ဆေးမှုများ […]


