ထားဝယ်တွင် ကွမ်းသီး ဈေးကောင်း
diz_admin
September 16, 2021ထားဝယ်ခရိုင်တွင် ရာသီအစ၌ ကွမ်းသီးဈေး မနှစ်ထက် ဈေးကောင်းနေကြောင်း မြို့ပေါ်ပွဲရုံနှင့် တောင်သူအချို့ထံက သိရသည်။ ပြည်ပ ဝယ်လိုအားများပြီး ပွဲရုံတွင် သိုလှောင်ထားသည့် ကွမ်းသီးနည်းသည့်အတွက်ကြောင့်လည်း ကွမ်းသီးအဟောင်းဈေး တစ်ပိဿာ ၉ ၅၀၀ ကျပ် အထိ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။ လက်ရှိတွင် အရည်အသွေးကောင်း ကွမ်းသီးအသစ် မပေါ်သေးဘဲ ရက်ပိုင်းသာ နေလှန်းထားသည့် ကွမ်းသီး အသစ်များသာ အရောင်းအဝယ် ရှိနေသည်။ ယမန်နှစ်ရာသီအစက ကွမ်းသီးအသစ် ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်ခန့်သာရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့်ပေါက်ဈေးရှိသည်ဟု ထားဝယ်မြို့၊ ဗလီသဘော့ဆိပ်ရပ်ကွက်ရှိ ကွမ်းသီးပွဲရုံပိုင်ရှင် ကိုအီစာက စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားသည်။ တစ်ရက် သို့မဟုတ် […]


