ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲ ပြင်းထန်
diz_admin
October 3, 2021ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားတပ်ဖွဲ့ TYC-PDF တို့ ယနေ့ နံနက် အာရုံဦးတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။ အောက်တိုဘာလ ၃ ရက် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ “အနီးကပ်တိုက်ထားတာဆိုတော့လေ၊ ပစ်ခတ်တာရပ်စဲသွားတဲ့အထိ လက်နက်ကြီးတွေနဲ့ လျှောက်လိုက်ပစ်နေတယ်၊ အခုလဲပြန်ထွက်တာမှာ သေနတ် ဖောက်ဖောက်ပြီး ပြန်ထွက်နေတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ Local-TYC PDF ဘက်က နှစ်ဦး ဒဏ်ရာရပြီး ပျောက်ဆုံးရာမှ ပြန်တွေ့သူတစ်ဦးမှာ ဒဏ်ရာရထားပြီး […]


