မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မြန်မာရွေ့ပြောင်းအလုပ်သမားများ ဆက်တိုက် အဖမ်းခံရ
diz_admin
June 13, 2021မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်းနယ်စပ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်တွင် တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား ထိုင်းဘက်မှ ဆက်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်လျှောက်ရှိ တောလမ်းများမှ တရားမဝင် ဝင်ရောက်နေကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဝင်ရောက်ခဲ့ကြသဖြင့် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသားခုနှစ်ဦး၊ အမျိုးသမီး ငါးဦးတို့နှင့် ဦးစီးခေါ်ဆောင်လာသည့် အမျိုးသားသုံးဦးတို့အား ပရာကျွတ်ခီရီခန်ခရိုင် မေ(င်)မြို့နယ် တွင် ဖမ်းမိခဲ့ကြောင်း အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ အလုပ်သမားဟစ်တိုင် Habour Hittai ( non-profit organisation) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်ပြီး […]


