ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၂၅ ဦး အပါအဝင် ဖမ်းခံရသူ ၂၀၀ ကျော် ပြန်လွတ်

diz_admin

October 20, 2021

မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် ပြန်လွတ်လာကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၀ ဦးကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။ “ဖမ်းခံထားရတာက မော်လမြိုင်တက္ကသိုလ်ကပဲ ၄၀ နီးပါးရှိနေတယ်၊ အခု ၂၅ ဦးပဲ ပြန်လွတ်လာသေးတယ်” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ […]

မြိတ် NLD ရုံးဗုံးဖောက်ခွဲခံရ

diz_admin

October 20, 2021

မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး ဗုံးဖောက်ခွဲခံရကြောင်း ရပ်ကွက်နေပြည်သူများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများထံမှ သိရသည်။ NLD ပါတီ ခရိုင်နှင့် မြို့နယ်ရုံးစိုက်ရာ သုံးထပ်တိုက်အဆောက်အအုံတွင် စက်တင်ဘာ ၁၉ ရက် ည ၁၂ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးအုတ်နံရံအပါအဝင် အပေါ်ထပ် မှန်ပြတင်းများလည်း ပျက်စီးခဲ့ကြောင်း ရပ်ကွက်သားများ ကပြောသည်။ “အသံကအကျယ်ကြီးပဲ မြေကြီးတောင်တုန်သွားတယ်။ ဒါက လက်လုပ်ဗုံးမဟုတ်နိုင်ဘူး သေချာစနစ်တကျ ထောင်ပြီးမှလုပ်တာ လက်လုပ်ဆို ဒီလောက်ပျက်စီးစရာ အကြောင်းမရှိဘူး”ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံ အဖွဲ့ဝင် ဒလန်ဟု အများကပြောဆိုနေသည့် ဦးထိန်လင်းအား သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် သီတင်းကျွတ်လပြည့်နေ့ ထားဝယ်ရိုးရာသပိတ်မျှောနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ – Dawei Watch

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်စောစောတွင် စည်ကားစွာ ကျင်းပလေ့ရှိသည်။ ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရ အခြေအနေများကြောင့် မကျင်းပတော့ပေ။ ထိုကြောင့် ဒေသခံအချို့က ထုံးတမ်းမပျက် မိမိအစီအစဉ်ဖြင့် သပိတ်မျှောနေသည်ကို တွေ့ရသည်။ သပိတ်အတွင်း ဆီမီး၊ ဆွမ်း၊ ခဲဖွယ်များထည့်ပြီး ထားဝယ်မြစ်အတွင်း မျှောကြခြင်း ဖြစ်သည်။

အဖိတ်နေ့ည ထားဝယ်သီတင်းကျွတ်

diz_admin

October 19, 2021

သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch

မြိတ်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦး သေနတ်ပစ်ခံရ

diz_admin

October 19, 2021

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံန‌က်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ နှစ်ကျော်ရှိ ဦးထိန်လင်းသည် မြိတ်မြို့ မြိတ်တောင်နယ်မြေ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံဂိတ်တွင် ပစ်ခံရခြင်းဖြစ်ပြီး မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးနှင့် နီးသည်ဟု ဒေသခံအချို့က ဆိုသည်။ “မီးပန်း(ဗျောက်အိုး) ဖောက်တဲ့ အသံမျိုး သုံးချက်တော့ ကြားလိုက်ရတယ်” ဟု အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ရှိနေစဉ် ပစ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။ သေနတ်ဒဏ်ရာရခဲ့သည့် ဦးထိန်လင်းကို တပ်ဆေးရုံသို့ တင်ဆောင်သွားပြီး လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဦးထိန်လင်းမှာ ကြံ့ခိုင်ရေးပါတီ၏ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးအနေဖြင့် […]