ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့နယ် ရွေးကော်ဥက္ကဋ္ဌ သေနတ်ဖြင့် အပစ်ခံရ

diz_admin

June 15, 2021

ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစိုးလွင် စီးလာသည့် ကားကို ဇွန်လ ၁၄ ရက်နေ့က သေနတ်ဖြင့်လုပ်ကြံ ပစ်ခတ်ခဲ့သည်။ ထားဝယ်မြို့မှ ၁၅ မိုင်ခန့်အကွာတွင်ရှိသည့် ရမ္မဇူရွာထိပ်တွင် သေနတ်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းမောင်းနှင်လာသည့်ကားတွင် ကျည်ဆံဖောက်ရာ အနည်းဆုံး အချက် ၂၀ ခန့်ရှိကြောင်း သိရသည်။ ကားပေါ်တွင် ဦးစိုးလွင်နှင့်အတူ သားဖြစ်သူလည်း လိုက်ပါလာပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်လုပ်ကြံရာမှ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့သည့် ဖြစ်စဉ်၊ ကြုံတွေ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ဦးစိုးလွင်ကို မေးမြန်းဖော်ပြလိုက်ပါသည်။ ယင်းဖြေဆိုချက်များအနက်မှ ကောက်နှုတ်တင်ဆက်လိုက်သည်။—- —– ——- ———- ——– ——— မေး- မနေ့က ကြုံတွေ့ခဲ့တာလေးတွေကို တစ်ချက်လောက် ပြောပြပေးပါခင်ဗျား။ ဘယ်ကနေ ဘယ်ကိုသွားတာလဲ။ ဘယ်အချိန်လောက်ရှိမလဲ။ ဖြေ- မ‌နေ့က ထားဝယ်ကနေ […]

သရက်နှစ်ခွ သပိတ်စစ်ကြောင်းဖြိုခွင်းခံရမှု အမျိုးသမီးတစ်ဦး အဖမ်းခံရ

diz_admin

June 15, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာသပိတ်စစ်ကြောင်း မနေ့ ညနေပိုင်းက ဖြိုခွင်းခံရမှုတွင် အသက် ၃၇ နှစ်ရှိ ဒေါ်သီသီမာ ဆိုသူ အမျိုးသမီးတစ်ဦး အဖမ်းခံခဲ့ရသည်။ သရက်နှစ်ခွကျေးရွာသည် ထားဝယ်-မြိတ်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် ၁၁ မိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။ ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် သရက်နှစ်ခွကျေးရွာသပိတ်စစ်ကြောင်းသည် ကျေးရွာတောင်ဘက်ပိုင်းသို့ စတင်ချီတက်ခဲ့ကာ ရွာအတွင်းဘက်သို့ပြန်ဝင်ခဲ့ကြောင်း သပိတ်တွင်လိုက်ပါနေသူ အမျိုးသားတစ်ဦးက ပြောသည်။ ထိုသို့ရွာအတွင်းပြန်ဝင်ချိန်တွင် ရဲအင်အား ၆ ဦးခန့်ပါသည့် Vigo ကား တစ်စီး မောင်းဝင်လာပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့သည်ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ ဖြိုခွင်းခံရစဉ် လူစုကွဲသွားပြီး ဒေါ်သီသီမာမှာ လဲကျကျန်ခဲ့သဖြင့် အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု အဆိုပါ […]

ထားဝယ် တက္ကသိုလ်အနီး ပညာပျိုးခင်း ဘော်ဒါဆောင် ဝင်စီးခံရ

diz_admin

June 14, 2021

ထားဝယ်-မောင်းမကန် ကားလမ်းပေါ် ထားဝယ်တက္ကသိုလ် အနောက်ဘက် ဝင်ပေါက်အနီးရှိ ပညာပျိုးခင်း ဘော်ဒါဆောင်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ က ယနေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခြံဝင်းအတွင်း နေအိမ်နှင့် ဘော်ဒါဆောင် စုစုပေါင်း ငါးဆောင်ရှိသော ယင်းဘော်ဒါဆောင်ဝင်းကို စစ်သားနှင့် ရဲများက ကား ရှစ်စီးထက်မနည်းဖြင့် လာရောက်ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဘော်ဒါဆောင်အတွင်းရှိ ပစ္စည်းများကို အိတ်အမည်းများဖြင့် သယ်ယူနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရပြီး သော့ခတ်ထားသော နေအိမ်နှင့် ခြံတံခါးများကို ဖျက်ကာ ဝင်ရောက် ယူငင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။ ကမြောကင်းကျေးရွာ အခြေခံပညာအထက်ကျောင်း ကျောင်းဆောင်မီးလောင်မှုနှင့် ပတ်သက်ပြီး ယင်းမိသားစုဝင်များ စွပ်စွဲခံနေရပြီး အမျိုးမျိုးသော မေးမြန်း ခြိမ်းခြောက်မှုများကြောင့် မိသားစုဝင်များမှာ တိမ်းရှောင်လျက်ရှိသည်။ […]

ရေးမြို့ပေါ် ကျောင်းတစ်ခုရှေ့ ပစ်ခတ်မှုဖြစ် တစ်ဦးသေ

diz_admin

June 14, 2021

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုရှေ့တွင် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းခန့်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့ခံတစ်ဦး သေဆုံးသွားကြောင်း မြို့ခံအချို့၏ ပြောပြချက်အရ သိရသည်။ ပစ်ခတ်မှုသည် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ အလက (၂) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် ရပ်မိရပ်ဖတစ်ဦး နားထင်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး အနီးဝန်းကျင်တွင်ရှိနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “အပစ်ခံရတဲ့ နှစ်ဦးမှာ တစ်ဦးက သေဆုံးသွားတယ်လို့တော့ ပြောတယ် နောက်တစ်ဦးကတော့ ဒဏ်ရာရသွားတယ်၊ ရေးမှာတော့ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေ ဗုံးတွေ့တဲ့ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာတွေလည်းရှိတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ သေနတ်သမားသည် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ ကျောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် လက်ပစ်ဗုံးနှင့် အပစ်ခံခဲ့ရသည်ဟုလည်း […]

ထားဝယ်တွင် ကွမ်းသီးဈေး နှစ်ဆနီးပါးတက်

diz_admin

June 14, 2021

ထားဝယ်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆနီးပါးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရာသီအစဖြစ်သည့် သီတင်းကျွတ်လတွင် ကွမ်းသီးတစ်ပိဿာ နှစ်ထောင်ကျပ်သာရှိပြီး ရာသီကုန်ဆုံးချိန်တွင် တစ်ပိဿာ ခြောက်ထောင်နီးပါးအထိ ပေါက်ဈေးရှိသည်။ ယခုနှစ် ရာသီအစတွင် တစ်ပိဿာ လေးထောင်နီးပါးခန့်ရှိပြီး ကဆုန်၊ နယုန်လတွင် တစ်ပိဿာ ကိုးထောင်ငါးရာကျပ်အထိ ဖြစ်လာသည်ဟု ပွဲရုံအချို့ထံက သိရသည်။ ယခုနှစ်တွင် ကွမ်းသီးအထွက်နည်းခြင်းကြောင့် ဈေးတက်လာခြင်းဖြစ်နိုင်သည်ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ ဦးမြင့်လွင်ပွဲရုံ ပိုင်ရှင်က ခန့်မှန်းပြောဆိုသည်။ ရာသီအစတွင် ထုတ်ရောင်းခဲ့သဖြင့် ကွမ်းသီးတစ်ပိဿာ လေးထောင့်ငါးရာကျပ်ခန့်သာ ရရှိခဲ့ပြီး ကိုးထောင်ကျော်ဖြစ်လာချိန်တွင် ထုတ်ရောင်းရန် လက်ဝယ်တွင် ကွမ်းသီးမရှိတော့ကြောင်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင် မယ်းမဒုက ပြောသည်။ “ဈေးကလေ ကွမ်းသီးလည်း နည်းတယ်၊ ငွေဈေး၊ ဒေါ်လာဈေးတွေ တက်တာနဲ့ဆိုင်တယ်၊ ကွမ်းသီးလည်း […]

မောင်းမကန်တွင် ရဲတပ်ကြပ်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

June 14, 2021

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဇွန်လ ၁၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ မောင်းမကန်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးမြင့်ဦးသည် ယနေ့နံနက် ကိုးနာရီခွဲခန့်တွင် မောင်းမကန် ကံယုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ၎င်းနေအိမ်မှ အပြင်သို့ထွက်လာစဉ် ပစ်ခတ်ခံလိုက်ရသည်ဟု‌ ဒေသခံအချို့က ဆိုသည်။ “သေနတ်ပစ်သံ သုံးချက်ကြားလိုက်တယ်၊ သေနတ်ဒဏ်ရာနဲ့ ကံယုံကျောင်းအလွန်မှာ လဲနေတယ်လို့ ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ သေနတ်ပစ်ခတ်သူများက မောင်းမကန်ကျေးရွာ သုဿန်အတွင်း ဝင်ပြေးသွားသည်ဟုဆိုသည့်အတွက် ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုသို့ ဝင်ပစ်ရာ နွားထိန်းနေသည့် နွားကျောင်းသားတစ်ဦးလည်း သေနတ်ထိမှန်သည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောသည်။ လူတစ်ဦး လမ်းပေါ် လဲနေသည်ကို မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးကမူ လဲကျနေသူအနီးတွင် […]

မွန်တွင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ထပ်မံသေဆုံး

diz_admin

June 14, 2021

မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာသည် မော်လမြိုင်မှ အသက် ၆၁ နှစ်နှင့် ၇၆ နှစ်ရှိလူနာများဖြစ်ပြီး ဇွန်လအတွင်း သေဆုံးကိုဗစ်အတည်ပြုလူနာ ၃ ဦး ရှိပြီးဖြစ်သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုအခြေအနေသည် ဇွန်လ ၁၄ ရက်နေ့အထိစာရင်းများအရ ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၃ ဦးရှိသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစကာ ကိုဗစ်အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လအတွင်း ကိုဗစ်လူနာ နေ့စဉ်တွေ့ရှိလာသလို သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။ “မွန်ရဲ့အခြေအနေကတော့ Positive လူနာတွေ နေ့တိုင်း တွေ့နေတဲ့အနေအထားရှိတယ်၊ အခုဆိုရင် သေဆုံးမှုတွေလည်း ရှိလာတယ်၊ ပေါ့ဆနေလို့မရတော့ဘူး mask […]

မွန်တွင် ကိုဗစ် အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာ

diz_admin

June 13, 2021

မွန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူနေရသည် ကိုဗစ်အတည်ပြုလူနာ ၁၇ ဦးအထိတိုးလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း မေလခန့်မှစကာ ကိုဗစ်ရောဂါအတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့အထိစာရင်းများအရ ဆေးကုသမှုခံယူနေရသည် အတည်ပြုလူနာ ၁၇ ဦးရှိပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ကိုဗစ်အတည်ပြုလူနာများသည် ပြည်ပမှ ပြန်ဝင်လာသူများရှိသလို ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှ တစ်ဆင့် ပိုးတွေ့ရှိသူများလည်း ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။ “အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းအသွင်နဲ့ ဖြစ်လာတာရှိတော့ တို့မှာလည်း ကြိုကြားကြိုကြားလို နိုင်ငံခြားက အပြန်ဝင်လာတဲ့ ပြည်တော်ပြန်တွေထဲမှာ တွေ့သလို တချို့ အနံ့ပျောက်လူနာလေးတွေလည်း ရှိလာတဲ့အတွက်ကြောင့် ကိုဗစ်ကတော့ ပေါ့လို့မရတဲ့အနေအထားပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို […]