သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ
diz_admin
October 22, 2021မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဦးသည် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ၎င်း၏ နေအိမ်စျေးဆိုင်တွင် တည်ရှိနေစဉ် သေနတ်သမားနှစ်ဦးတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဦးသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “လာပစ်သွားတဲ့ သေနတ်သမားကတော့ နှစ်ဦးလို့ပြောတယ်၊ ဦးကျော်ဦးကတော့ သေနတ်ဒဏ်ရာ ၃ ချက်လားမသိဘူး၊ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ဦးကျော်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဦးကျော်ဦးကို သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့ကြောင်း သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့က […]


