ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပြန်ဖွဲ့
diz_admin
June 26, 2021တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအား တပ်ကောင်စီက မေလအစောပိုင်းတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(အငြိမ်းစား) ဖြစ်သူ ဦးအောင်စိုးက ဥက္ကဋ္ဌတာဝန်ယူထားသည်။ ယခင်က ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ဥက္ကဋ္ဌဖြစ်သည်။ယခင်က ဒုတိယဥက္ကဋ္ဌ(၁)ရာထူးကို တိုင်းဒေသကြီးစီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက တာဝန်ယူပြီး လက်ရှိတွင် တိုင်းဒေသကြီး နစက ကောင်စီအဖွဲ့ဝင် ဦးမောင်ကြီးကို တာဝန်ပေးထားသည်။ ယခင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်းမှာ လက်ရှိကော်မတီတွင်လည်း ယင်းရာထူးဖြင့်ပင် ပြန်လည်ပါဝင်လာသည်။တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် နကစကောင်စီ ဒုဥက္ကဋ္ဌက ပြောဆိုထားသည်။ အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်မှုကော်မတီများ ရှိသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် […]


