ပုလော ပဝတ်ကုန်းရွာသား သုံးဆယ်ခန့်ကို စစ်တပ်က ဖမ်းဆီး
diz_admin
December 3, 2021ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာသား သုံးဆယ်ဦးခန့်ကို စစ်တပ်က ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁နာရီခန့်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများထံမှ သိရသည်။ ပုလောမြို့ အမှတ် (၂၈၅) တပ်ရင်းက ကားသုံးစီးဖြင့် နံနက် ၁ နာရီခန့်တွင် ပဝတ်ကုန်းရွာထဲသို့ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါတပ်ရင်း၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ရွာသားများက ပြောသည်။ မည်သည့်အကြောင်းအရင်းကြောင့် ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း ဖမ်းဆီးခံရသူများအနက် အသက် ၅၀ ကျော်အရွယ် အမျိုးသား ငါးဦးဝန်းကျင်နှင့် မိန်းကလေးအချို့လည်း ပါဝင်ကြောင်း ရွာသားများက ပြောပြသည်။ “(လာဖမ်းတဲ့အချိန်မှာ) ရိုက်တာနှက်တာတော့ မရှိဘူး။ ဒီအတိုင်းခေါ်သွားတယ်။ ကျွန်မယောင်္ကျားက တောထဲက ဘယ်သူတွေနဲ့မှလည်း အဆက်အသွယ် မရှိပါဘူး” ဟု ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အသက် […]


