Stay at Home မတိုင်မီ တစ်ရက်အလို
diz_admin
August 20, 2021နေအိမ်တွင်သာ နေထိုင်ရန် (Stay at Home)သတ်မှတ်ရက်မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၂၀ ရက်နေ့ ထားဝယ်မြို့အတွင်း မြင်ကွင်းများ
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါနေအိမ်တွင်သာ နေထိုင်ရန် (Stay at Home)သတ်မှတ်ရက်မတိုင်မီ တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၂၀ ရက်နေ့ ထားဝယ်မြို့အတွင်း မြင်ကွင်းများ
ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံဖြစ်သည့် မယ်ဒီလန်းဆေးရုံတွင် ကိုဗစ်လူနာများ စတင်လက်ခံနေပြီး ဆေးရုံအနီးရှိ ဟိုတယ်ဒီလပ် (Hotel Deluxe)တွင် ထားရှိကုသမည်ဖြစ်ကြောင်း သက်ဆိုင်ရာဆေးရုံနှင့် ဟိုတယ်တာဝန်ရှိသူထံမှ သိရသည်။ ကိုဗစ်ပိုးတွေ့လူနာများအား သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်လက်ခံနေပြီး ကိုဗစ်လူနာ ၃၅ ဦးမှ ၅၀ ခန့်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း မယ်ဒီလန်းဆေးရုံတာဝန်ရှိသူ ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။ ဟိုတယ်ဒီလပ်နှင့် မယ်ဒီလန်းဆေးရုံတို့ ချိတ်ဆက်ကာ ယင်းကဲ့သို့ စီစဉ်ထားခြင်းဖြစ်သည်။ ဆေးရုံတက်လူနာများအနေဖြင့် ဟိုတယ်၏ ဝန်ဆောင်မှုများအပြင် သူနာပြု၊ ဆရာဝန်၊ အခန်းသန့်ရှင်းရေးနှင့် လူနာအတွက် နံနက်စာ ဝန်ဆောင်မှုများ ပါဝင်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မျိုးနိုင်က ဆိုသည်။ “သူနာပြု ပြုစု အစောင့်အရှောက် ပါမယ်၊ ဆရာဝန် ကြည့်တာပါမယ် အဲဒါတွေ အကုန်ပါပါမယ်”ဟု ၎င်းက ပြောသည်။ သွေးစစ်ခြင်း၊ […]
ထားဝယ်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက် စနေနေ့ မှစတင်ကာ အပြင်ထွက်ခွင့် လက်မှတ်ပြရမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် မြို့အတွင်း လိုက်လံကြေညာလျှက်ရှိသည်။ အပြင်ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ယင်းလက်မှတ်အား သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ထံတွင် ထုတ်ယူရမည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုများသည့် ဒေသများကို Stay at Home သတ်မှတ်လေ့ရှိပြီး အပြင်ထွက်ခွင့် လက်မှတ်ထုတ်ပေးလေ့ရှိသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွက် အပြင်ထွက်ခွင့်လက်မှတ်များကို ယနေ့မှစပြီး ထုတ်ပေးနေပြီး ကျန်ကျေးရွာများအတွက်လည်း ထုတ်ပေးနိုင်ရန်အတွက် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ ထားဝယ်မြို့နယ်ရှိ ကျန်ကျေးရွာများအတွက် အိမ်ထောင်စုတစ်စုလျှင် လက်မှတ်တစ်စောင် ထုတ်ပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စိစစ်နေကြောင်း ဦးထွန်းထွန်းလင်းက ပြောသည်။ “(ဒီထုတ်ပြန်ချက်က) ထားဝယ်တစ်မြို့နယ်လုံးမှာ သက်ရောက်ပါတယ်။ အချိန်တိုတိုတွင်းမှာ […]
ထားဝယ်မြို့အဝင်အထွက် ဂိတ်များတွင် ယခင်ရက်များထက် လုံခြုံရေးပိုမိုတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်တွင် မြို့အဝင်အထွက်ဂိတ် လေးခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်နှင့် ဗျောတော၀ဂိတ် တို့တွင် သြဂုတ်လ ၁၉ ရက်နေ့က စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်။ ကမြောကင်းတံတားဂိတ်တွင် ယခင်က ဘယ်ရီဂိတ် ၃ခုခန့်သာချထားရာမှ ယနေ့တွင် ခြောက်ခုအထိချထားပြီး ဆိုင်ကယ်အားလုံးကို မဖြစ်မနေစစ်ဆေးနေကြောင်း သိရသည်။ ယခင်က ၎င်းတို့မသင်္ကာသည့်ဆိုင်ကယ်များကိုသာ ရပ်တန့်စစ်ဆေးနေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ဆိုသည်။ ယနေ့စစ်ဆေးမှုမှာ တင်းကျပ်လွန်းနေပြီး အင်အားလည်း ပိုများနေကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။ “အင်အားများတယ် အရင်နေ့တွေထက်ဆိုးတယ်။ လှည့်ပြန်နေရတာတွေ မနည်းတော့ဘူး။ ရဲ စစ်သား အင်အား နှစ်ဆယ်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ အခြားမြို့ဝင်ဂိတ်တစ်ခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်တွင်လည်း အင်အားပိုချထားပြီး ညနေပိုင်းအထိ စစ်ဆေးနေဆဲဖြစ်ကြောင်း […]
မွန်ပြည်နယ်တွင် သြဂုတ်လ ဒုတိယအပတ်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။ ဇူလိုင်လဆန်းပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိလာသည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ ဦး အထက်အထိရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ကျန်းမာရေးဌာန၏ သြဂုတ်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း၌ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်လူနာအသစ် ၈၅ ဦးတွေ့ရှိပြီး သေဆုံးလူနာ ၁၉ ဦးရှိသည်။ “ကိုဗစ်ကူးစက်မှုအခြေအနေနဲ့ ကိုဗစ်လူနာသေဆုံးမှုအခြေအနေကတော့ သိသိသာသာကျလာတယ်၊ ကိုဗစ်ကုသစင်တာတွေမှာလည်း လူနာတွေ အတော်နည်းသွားပြီ သေဆုံးမှုလည်း အများကြီးကျလာတယ်” […]
ကိုဗစ်ပိုးတွေ့မှုများပြားလာပါက ထားဝယ်မြို့အား ဩဂုတ်လ ၂၀ ရက်မှစပြီး Stay at Home (အိမ်တွင် သာနေရန်) အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း လိုက်လံကြေညာလျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း ကားဖြင့်လိုက်လံကြေညာနေခြင်းဖြစ်သည်။ အကယ်၍ ကိုဗစ်ရောဂါပိုးတွေ့မှူနူန်း မများလာပါက Stay at Home သတ်မှတ်မည်မဟုတ်ကြောင်း ထားဝယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ “ပိုးတွေ့မှူနုန်းလျော့ကျလာရင်တော့ ဒီအတိုင်းပဲနေမယ်ပေါ့နော်။ တကယ်လို့ ပိုးတွေ့မူနှုန်းများလာရင်တော့ Stay at Home သတ်မှတ်မယ်။ အဓိကကတော့ သတိပေးတဲ့သဘောပါ။ လူတွေ( ကိုဗစ်စည်းကမ်း) လိုက်နာမူရှိလာအောင်လို့လေ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။ တိုင်းအတွင်း ကိုဗစ်ပိုးတွေ့မှူနှုန်း တစ်နေ့ထက် တစ်နေ့များပြားလာနေပြီး သေဆုံးမှုလည်း မြင့်တက်လျှက်ရှိသည်။ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဩဂုတ်လ ၁၆ ရက်အထိ ထုတ်ပြန်ချက်တစ်ခုတည်းတွင်ပင် ပိုးတွေ့လူနာ ၈၁၄၃ […]
နေအိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်သည် သြဂုတ်လ ၁၄ ရက်ညက သေနတ်ဖြင့် ပစ်ခံရကြောင်း ယင်းရွာနေ ဒေသခံအချို့ထံမှ သိရသည်။ တပ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးဖြစ်သည့် ဦးသက်နိုင်၏ နေအိမ်တွင် ဇူလိုင်လဆန်းပိုင်းက ဗုံးဖောက်ခံရပြီးနောက်တစ်ရက်တွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းနေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်ရှိတွင် ပုလောဆေးရုံသို့ တင်ပို့ထားသည်ဟု သိရကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအချိန်တွင် သေနတ်သံနှစ်ချက်ကြားရပြီး ဦးသက်နိုင်တွင် ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုနောက် ဦးသက်နိုင်အား ပုလောဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နံနက်က ခွဲစိတ်ကုသနေသည်ဟု သိရကြောင်း […]
နယ်စပ်ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်းသို့ကူးပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေသည့်လှေများ ကမ်းကပ် ရပ်နားခွင့်အား ထိုင်းနိုင်ငံမှ အချိန်တိုးပေးလိုက်ကြောင်း စုံစမ်းသိရသည်။ ယခင်က ကော့သောင်းမြို့မှ ကုန်တင်လှေများ ရနောင်းဆိပ်ကမ်းတွင် ရပ်နားခွင့်ကို နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုပေးထားသည်။ လက်ရှိတွင် ဩဂုတ်လ ၁၃ ရက်မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးပေးလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမား များအား ကူညီပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ ကော့သောင်းတာဝန်ခံ ဦးမိုးဝေက ပြောသည်။ ကမ်းကပ်ရပ်နားခွင့်အချိန်တိုးပေးခြင်းကို ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ကော်မတီက ခွင့်ပြုပေးလိုက်ကြောင်း ၎င်းက ဆိုသည်။ “ကုန်တင်လှေတွေ ပစ္စည်းတင်တဲ့လှေတွေကို အခုက ညနေ ခြောက်နာရီအထိ ထိုင်းဘက်ကနေ ခွင့်ပြုပေးလိုက်တော့ […]