ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကပ်ဘေးကြားမှ ကျောတစ်ခင်းစာ

diz_admin

August 22, 2021

အသက် ၃၄ နှစ်အရွယ်ရှိ မဖြူ တစ်ယောက် လကုန်မည့်ရက်ကို တွေးရင်း သောကတွေ ရတက်‌ပွေနေသည်။ လကုန်သည့်အချိန် ပုံမှန်အိမ်လခမပေးနိုင်၊ နောက်ကျမှသာ ပေးချေနိုင်သည်မှာ ယခုဆိုလျင် ခြောက်လခန့်ရှိနေပြီဖြစ်သည်။ ဖြစ်နိုင်လျှင် လကုန်သည်နှင့် “ရော့—-အင်း”ဟုဆိုကာ အိမ်လခလေးကို ပေးလိုက်ချင်သည်။ သို့သော် မဖြူ (အမည်လွှဲ) မတတ်နိုင်။ “အိမ်ကယောင်္ကျားက လကုန်ုပြီး တစ်ပတ် ဆယ်ရက်လောက်ကြာမှ အိမ်လခကိုလာပေးတတ်တယ်။ လာမပေးခင်စပ်ကြား အိမ်ရှင်အဖွားကြီးက နေ့တိုင်းတောင်းတယ်။ အဆင်မပြေသေးဘူး ခဏလေးစောင့်ပေးပါဦး ဆိုပြီး တောင်းပန်တာလည်းမရဘူး”ဟု မဖြူ ကပြောသည်။ အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည့် မဖြူ ယောက်ျား ဦးကျော်(အမည်လွှဲ) သည် ငါးဖမ်းလှေ လုပ်ကိုင်သူဖြစ်ပြီး ယခင်ကအဆင်ပြေခဲ့သော်လည်း ကိုဗစ်စဖြစ်ပြီးနောက် အလုပ်အကိုင်အဆင်ပြေခြင်းမရှိတော့‌ပေ။ သည်တော့ အိမ်ငှားခလစာ လာပေးသည့်အချိန်လည်း မမှန်တော့။ “အိမ်လခက […]

ကော့သောင်းက အပြင်ထွက်ခွင့်လက်မှတ်မရသူများကို လူငယ်အဖွဲ့က ဈေးဝယ်ပေးမည်

diz_admin

August 22, 2021

အပြင်ထွက်ခွင့် လက်မှတ်မရသည့် ကော့သောင်းမြို့နေ ပြည်သူများကို စေတနာ့ဝန်ထမ်း လူငယ်တစ်ဆယ်ကျော်ပါသည့်အဖွဲ့က ဈေးလိုက်ဝယ်ပေး မည်ဖြစ်ကြောင်း သိရသည်။ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် အိမ်ထောင်စုလက်မှတ်မပြနိုင်သည့် ရွှေ့ပြောင်းအခြေချသူအများအပြား အခန်းငှားနေထိုင်ကြသည်။ “အဓိကကတော့ ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ အပြင်ထွက်ခွင့် ကတ်ပြားမရတဲ့သူတွေ၊ မရှိဆင်းရဲသားတွေကနေပြီး ကူညီတောင်းရင် ဈေးလိုက်ဝယ်ပေးမှာပါ” ဟု ယင်းလူငယ်အဖွဲ့ဝင် ကိုအောင်လွင်ဖြိုးက ပြောသည်။ ကော့သောင်းမြို့ပေါ် မည်သည့်ရပ်ကွက်မဆို ဖုန်းဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး ယင်းအတွက် အခကြေးငွေပေးစရာမလိုဘဲ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ အကူအညီတောင်းခံလိုပါက အောက်ပါဖုန်းနံပါတ် လေးခုကို ဆက်သွယ်နိုင်မည်ဖြစ်သည်။ 09897534836၊ 09458736110၊ 09261666540၊ 09459064647 ဓာတ်ပုံ- အောင်လွင်ဖြိုး

ကော့သောင်းမြို့ရဲ့ အပြင်ထွက်ခွင့်ကတ်ပြား ဂယက်

diz_admin

August 21, 2021

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အချိန်တွင် ကော့သောင်းမြို့ပေါ် ရပ်ကွက်အချို့၌ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေး စုပြုံတိုးဝှေ့နေကြသည့် ဓာတ်ပုံများ လူမူကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့သည်။ ကော့သောင်းမြို့ရှိ ရပ်ကွက်အချို့တွင် ဩဂုတ်လ ၂၀ ရက်က အပြင်ထွက်ခွင့်ကတ်ပြား စတင်ထုတ်ပေးခဲ့ပြီး ၂၁ ရက်နေ့မှ ထုတ်ပေးသည့် ရပ်ကွက်လည်းရှိသည်ဟု ဆိုသည်။ရပ်ကွက်အချို့တွင် အပြင်ထွက်ခွင့်ကတ်ပြားအား အိမ်တိုင်ရာရောက် ထုတ်ပေးနေပြီး အချို့ရပ်ကွက်တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးသဖြင့် လူစု လူဝေးဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ Dawei Watch ၏ စုံစမ်းမေးမြန်းချက်အရ အောင်သုခရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ပိတောက်ရွှေဝါ ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် အပြင်ထွက်ခွင့်ကတ်ပြားထုတ်ယူရန် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။“လူစု လူဝေးဖြစ်နေတာက ကော့သောင်းမှာဆိုရင် ရပ်ကွက်အားလုံးလိုလိုမှာ ဖြစ်နေတာဗျ” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ စည်ပင်သာယာရေးရုံးတွင် ဈေးရောင်းချခွင့် ကတ်ပြားများ ထုတ်ပေးနေခြင်းဖြစ်ပြီး […]

ကတ်ပြား ရှာပုံတော်

diz_admin

August 21, 2021

ထားဝယ်မြို့နယ်တစ်ခုလုံးကို Stay at Home သတ်မှတ်ရန် တစ်ရက်အလို၌ အပြင်ထွက်ခွင့်ကတ်ပြားရရှိရေး မြို့ခံပြည်သူများ ဗျာများနေကြသည်။ ကိုဗစ်ကပ်ဘေးကြောင့်ဟုဆိုကာ သြဂုတ်လ ၂၁ ရက်နေ့မှစပြီး Stay at Home သတ်မှတ်မည်ဟု ထုတ်ပြန်ပြီးနောက် အပြင်ထွက်ခွင့်ကတ်ပြား ရရှိရေးအတွက် ပြာယာခတ်လာကြခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်မည့်ကိစ္စကိုလည်း သြဂုတ်လ ၁၉ ရက်တွင်မှ လိုက်လံကြေညာခဲ့ခြင်းဖြစ်သည်။ Stay at Home သတ်မှတ်ခံရသည့် မြို့နယ်များတွင် လိုက်နာရမည့် စည်းကမ်းချက်များလည်း သတ်မှတ်လေ့ရှိသည်။ နေအိမ်ပြင်ပသို့ ထွက်ပါက အပြင်ထွက်ခွင့်လက်မှတ် ကတ်ပြားပါမှသာ သွားလာခွင့်ရမည်ဖြစ်ပြီး မပါရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အပြင်ထွက်ခွင့်ကတ်ပြားကိုလည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် အပြင်ထွက်ခွင့်ကတ်ပြားရရှိရေးအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် စုပြုံတိုးဝှေ့ နေကြသည်။ […]

လောင်းလုံး စစ်ပြဲရွာတွင် သပိတ်စစ်ကြောင်းထွက်ရန် ပြင်နေစဉ် ရဲဝင်ဖမ်း

diz_admin

August 21, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာတွင် သပိတ်စစ်ကြောင်းထွက်မည့် စုရပ်မရောက်မီ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှသိရသည်။ လောင်းလုံးမြို့နယ် ပုံမှန် ဆန္ဒပြစစ်ကြောင်း ထွက်နေသည့် ထားဝယ်ခရိုင်သပိတ်ကော်မတီဦးဆောင်မှုဖြင့် ညင်းမော်၊ စစ်ပြဲ နှစ်ရွာပူးပေါင်းပြီး ဆန္ဒပြ သပိတ်စစ်ကြောင်း ထွက်ရန် ပြင်နေစဉ် ယင်းကဲ့သို့ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက် ညနေ ငါးနာရီခန့်တွင် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အစက ညင်းမော်မှာပဲ ဆန္ဒပြမလို့ လုပ်ထားပြီးတော့မှ အခြေအနေအရ စစ်ပြဲကို ပြောင်းလိုက်ရတာ။ ဆန္ဒပြစုရပ်ကို လာတဲ့အချိန်မှာပဲ ရဲကားက နောက်ကနေ ထပ်ကြပ်မကွာလိုက်လာတာဆိုတော့ အားလုံး ဆိုင်ကယ်တွေထားပြီး ရှောင်လိုက်ရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ရဲအင်အားဆယ်ဦးခန့်ပါလာသည့် ရဲကားတစ်စီးဖြင့် သပိတ်စစ်ကြောင်းတွင်ပါဝင်သူများအားလိုက်လံရှာဖွေဖမ်းဆီးခဲ့သော်လည်း သပိတ်တွင်ပါဝင်သူများအားလုံး လွတ်မြောက်ခဲ့ကြောင်း […]

အခြားမြို့နယ်နေသူများ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်သို့လာနိုင် ဟုဆို

diz_admin

August 21, 2021

ထားဝယ်ခရိုင်ရှိ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံးမြို့နယ်နေသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာဖြင့် ထားဝယ်မြို့ပေါ်သို့ လာခွင့်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ထားဝယ်မြို့နယ်၏ နေအိမ်တွင်သာနေထိုင်ရန် (Stay at Home )သတ်မှတ်ချက်မှာ ဩဂုတ်လ ၂၁ ရက်မှစပြီး စတင်အသက်ဝင်မည်ဖြစ်ပြီး အိမ်ထောင်စုတစ်ခုလျှင်တစ်ဦးသာ အပြင်ထွက်ခွင့်လက်မှတ်ဖြင့် ထွက်ရမည်ဖြစ်သည်။ ထိုသို့ သတ်မှတ်ချိန်တွင် အခြားမြို့နယ်နေသူများအနေဖြင့် မည်သည့်အထောက်အထားဖြင့် မြို့အတွင်းဝင်ခွင့်ပြုမည်ကို ထုတ်ပြန်ထားခြင်းမရှိပေ။ ထိုကြောင့် အထက်ပါကိစ္စကို Dawei Watch အနေဖြင့် ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ထားဝယ်ကိုလာမယ်ဆိုရင်တော့ သက်ဆိုင်ရာကနေ (ရပ်/ကျေး) ထောက်ခံစာယူပြီးလာလို့ရပါတယ်။ အရေးအကြောင်း ကျန်းမာရေးကိစ္စတို့ ဘာတို့ရှိရင်လေ။ အထောက်ထားတစ်ခုခု ယူလာရမှာပေါ့လေ” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ကိုဗစ်ရောဂါအား ထိန်းချုပ်နိုင်ရန်အတွက် ထားဝယ်‌မြို့ပေါ်ရှိ […]

စားဝတ်နေရေး အခက်ကြုံနေသူများ ‘ရိုင်းပင်း’ ကွန်ရက်ထံ ဆက်သွယ်နိုင်

diz_admin

August 21, 2021

မြိတ်မြို့နယ်အတွင်းရှိ မိသားစုများ စားဝတ်နေရေး အမှန်တစ်ကယ် အခက်အခဲကြုံနေရပါက ‘ရိုင်းပင်း’ မြန်မာမွတ်ဆလင် ပံ့ပိုးကူညီရေး ကွန်ရက်ထံ ဆက်သွယ်နိုင်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။ ထိုသို့ အကူအညီတောင်းခံလာပါက အခြေခံစားသောက်ကုန်များကို နေအိမ်အရောက် သွားရောက်လှူဒါန်းနေကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် ဦးနိုင်နိုင်စိုးက ပြောသည်။ အဆိုပါ ကွန်ရက်က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ ၊ကြက်ဥ ၊ ကြက်သွန် အပါအဝင် နှာခေါင်းစည်းများကို သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာ မြိတ်မြို့ရပ်ကွက်များရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ သွားရောက်လှူဒါန်းခဲ့ကြောင်း ဦးဆောင်ပြုလုပ်သူ တစ်ဦးဖြစ်သည့် နိုင်နိုင်စိုး ကပြောသည်။ မြိတ်မြို့နယ်အတွင်း စားဝတ်နေရေး အမှန်တစ်ကယ်အခက်အခဲရှိပါက “ရိုင်းပင်း”အဖွဲ့၏ Facebook စာမျက်နှာတွင် မက်ဆေ့ သို့မဟုတ် ကွန်မန့်ရေး၍ အကူအညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထို့အပြင် […]

ဝဲကျွန်းရပ်ကွက်နေသူများ ဆေးဝါးအလိုရှိက နေအိမ်အရောက်လှူသည့် ပုညကုသလ ထံ ဆက်သွယ်ပါ

diz_admin

August 21, 2021

ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်၊ ထိန်လယ်၊ ထိန်ဟောင်း ရပ်ကွက်အတွင်းနေထိုင်သူများ ဆေးဝါးအလိုရှိပါက ပုညကုသလ ကျန်းမာရေးအထောက်အကူပြုအဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခံနိုင်ကြောင်း ပံ့ပိုးကူညီနေသည့် မန်းရွှေစက်တော်ရာ ဘုန်းတော်ကြီးကျောင်း အခန်းနေကိုယ်တော်ထံမှ သိရသည်။ ခေါင်းကိုက်၊ နှာစေး၊ ချောင်းဆိုး၊ မူးဝေ၊ အော့အန်၊ ဝမ်းသွား ၊ အသက်ရှူကြပ် စသည့် ရောဂါများခံစားနေရပါက ယင်းအဖွဲ့ထံ ဖုန်းဆက်အကြောင်းကြား နိုင်ပြီး နေအိမ်အရောက် ပို့ဆောင်လှူဒါန်းမည်ဖြစ်ကြောင်း အခန်းနေ ကိုယ်တော် ဦးစန္ဒာဝရက မိန့်သည်။ ယင်းအစီအစဉ်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။ “ကိုယ်တိုင်မလာနိုင်ရင် အိမ်ကနေပြီး (ဖုန်းဆက်ပြီး) ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးတိုင်ပင်လို့လည်း ရတယ်၊ […]