ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

August 14, 2021

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် နိုင်ထိန်းသည် ပေါင်တွင် ဒဏ်ရာရရှိသွားပြီး လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ၎င်းတို့ ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း Ye People Defence Force အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက […]

မော်လမြိုင်တွင် ကတ်မပါပဲ အပြင်ထွက်သူကို စတင်အရေးယူမည်

diz_admin

August 14, 2021

နေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ အပြင်ထွက်သူများကို သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်အရေးယူ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး Stay at Home အဖြစ် သတ်မှတ်ကြောင်းကြေညာပြီးနောက် ရပ်ကွက်အတွင်းရှိနေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့်ကတ်တစ်ခုစီ ထုတ်ပေးထားသည်။ ထိုကတ်ဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာရန် ကန့်သတ်ခဲ့သည်။ အပြင်ထွက်လာခွင်းကတ်ပြားမပါဘဲ အပြင်ထွက်သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက စတင်အရေးယူသွားမည်ဟု တပ်ကောင်စီက ရပ်ကွက်အချို့တွင် လိုက်လံကြေညာထားသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ “ဒီနေ့ (သြဂုတ် ၁၄) ကစပြီးတော့ပေါ့။ ကတ်မပါဘဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမယ်လို့ မနေ့ (သြဂုတ် ၁၃) ညက လာအော်သွားတယ်” […]

ထားဝယ်တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်ထားဝယ်သေဆုံးသူ ၁၅၀ နီးပါး

diz_admin

August 14, 2021

ထားဝယ်မြို့တွင် ၁၂ ရက်အတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်း နာရေးကူညီမှု(ထားဝယ်)ထံမှ သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်ကြောင့် သေဆုံးရသည့် အလောင်း ၁၄၉ လောင်းအား ထားဝယ်သုဿန်တွင် မီးသင်္ဂြိုဟ်ပေးရကြောင်း ထားဝယ်နာရေးကူညီမှုထံမှ သိရသည်။ ထားဝယ်ဒေသတွင် ကိုဗစ်ကြောင့် ဆုံးပါးရသူမှာ ယခုလတွင် ရုတ်တရက်မြင့်တက်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတစ်လလုံးတွင်မူ ကိုဗစ်ကြောင့် သေဆုံးသူ ၆၁ ဦးသာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့်စာရင်းတွင်မူ သြဂုတ်လ ၁ ရက်မှ ၁၂ ရက်နေ့အထိ ထားဝယ်မြို့နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် သြဂုတ်လ […]

မွန်တွင် နှစ်လကျော်အတွင်း ကိုဗစ်လူနာ ၈၀၀ ကျော်သေဆုံး

diz_admin

August 14, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် နှစ်လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် သေဆုံးသွားသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုလည်း မြင့်တက်လာခဲ့သည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ ဇွန်လမှ သြဂုတ်လ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ် အတည်ပြုလူနာ ၈၀၀ ဦးကျော် သေဆုံးသွားခဲ့သည်။ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာ ထောင်ချီရှိနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အိမ်မှာ ဆုံးသွားတဲ့ positive လူနာတွေလည်း အများကြီးရှိပါတယ်၊ ပြီးတော့ ကိုဗစ်သံသယနဲ့ ဆုံးသွားတဲ့လူတွေလည်း ရှိတယ် ဆိုတော့ သေဆုံးမှုက ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စာရင်းထက်တော့ […]

အလုပ်ထုတ်ပယ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား အလုပ်ပြန်ခန့်မည်ဟုဆို

diz_admin

August 14, 2021

ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားသည့်အပေါ် ဝေဖန်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် တိုတယ်ကုမ္ပဏီ လုံခြုံရေး အရာရှိအား အလုပ်ပြန်ခန့်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ကူးစက်ခံရချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီဘက်မှ တာဝန်ပျက်ကွက်ခဲ့ကြောင်း လုံခြုံရေးအရာရှိဖြစ်သူ မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် လူမူကွန်ရက်စာမျက်နှာမှ တစ်ဆင့် ဝေဖန်ပြောဆိုခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုမူသည် ကုမ္ပဏီ၏ ပုံရိပ်ကို ထိခိုက်ခဲ့ခြင်း၊ မထားရည်မွန်သည် ယခင်က အာဏာဖီဆန်ရေး လှုပ်ရှားမူ (CDM) တွင် ပါဝင်ခဲ့ဖူးသဖြင့် သတိပေးခံခဲ့ရဖူးခြင်း စသည်တို့ကြောင့် တိုတယ်ကုမ္ပဏီ၏ လုံခြုံရေးရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ သို့သော် ရက်အနည်းငယ်အကြာတွင်ပင် ကုမ္ပဏီတာဝန်ရှိသူတို့ဘက်က မထားရည်မွန်အား အလုပ်ပြန်ခန့်မည်ဟု ဦးကိုကိုဦးက ပြောဆိုလာသည်။ ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် […]

မြိတ် ငှက်သိုက်ရောင်းအား စံချိန်တင်

diz_admin

August 14, 2021

မြိတ်ဒေသ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငှက်သိုက်ရောင်းအားမှာ စံချိန်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ လတ်တလော ကူးစက်မှုနှုန်းမြင့်မားနေသည့် ကိုဗစ်တတိယလှိုင်းတွင် ကိုယ့်ခံအားကောင်းစေရန် အားဆေးတစ်မျိုးအဖြစ် ငှက်သိုက်အား ဝယ်ယူသောက်သုံးသူများလာသဖြင့် ရောင်းအားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ “ဈေးက နှစ်ဆလောက်တက်သွားတာ၊ ငှက်သိုက်ဈေးကွက်မှာ အရောင်းရဆုံးအချိန်ပဲ” ဟု မြစ်ငယ်ရပ်နေ ငှက်သိုက်အရောင်းအဝယ် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိ ငှက်သိုက်တစ်ပိဿာလျှင် သိန်းလေးဆယ်ကျော်ခန့်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်‌ပေါင်း တစ်ဗူးလျှင် ၃၅၀၀ ကျပ်မှ ၈၀၀၀ ဝန်းကျင်ခန့်အထိ၊ သန့်စင်ပြီး ငှက်သိုက်ခြောက် တစ်ကျပ်သားလျှင် ၄၂၀၀၀ ကျပ် ဈေးပေါက်လျက်ရှိသည်။ ယင်းအပြင် ငှက်သိုက်အကြမ်း၊ သန့်စင်ပြီး၊ ပေါင်းရည် ပုံစံအမျိုးမျိုးဖြင့် ရောင်းချလေ့ရှိကြကြောင်း သိရသည်။ မြိတ်တွင် သဘာဝငှက်သိုက်နှင့် ငှက်အော်သံစနစ်ပါသည့် နည်းပညာအသုံးပြုပြီး စီးပွားဖြစ်မွေးမြူလေ့ရှိကြသည်။

ထားဝယ်တွင် အောက်ဆီဂျင်အိုး စရောင်း

diz_admin

August 14, 2021

ထားဝယ်ဈေးကွက်တွင် ထိုင်း၊ တရုတ်နှင့် ရန်ကုန်မြို့မှဝင်လာသည့် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) များ စတင် ရောင်းချနေကြပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းကျော်၊ ၁၅ လီတာအိုးတစ်လုံးလျှင် ကျပ်သုံးသိန်းကျော် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အောက်ဆီဂျင်ထုတ်စက် (Oxygen concentrator) ဆယ်လီတာ တစ်လုံးလျှင် ကျပ် ၁၄ သိန်းကျော်၊ ၇ လီတာ တစ်လုံးလျှင် ၁၃ သိန်းကျော် စသည်ဖြင့် ဈေးအမျိုးမျိုးရှိသည်။ ယင်းဈေးနူန်းများသည် ရောင်းသူဘက်မှ အမြတ်မယူဘဲ ရောင်းချပေးသည့် နူန်းထားများဖြစ်ကြောင်း ပြောဆိုကြသည်။ ထားဝယ်ဈေးကွက်ထဲတွင် ၄၀ လီတာအောက်ဆီဂျင်အိုး မှာယူသူပိုများကြောင်း အောက်ဆီဂျင်အိုးရောင်းချနေသူ မသီရိတိုးတိုးက ပြောသည်။ “မှာတဲ့သူတွေက တော်တော်များတယ်။ ဘယ်အိုးပေးပါဆိုပြီးတော့ မှာတာတော့မရှိဘူး။ […]

ပုလောတွင် ဗုံးပေါက်ကွဲ

diz_admin

August 12, 2021

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ သြဂုတ်လ ၁၀ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ “ဗုံးကွဲတာက နှစ်နေရာပေါ့ သုံးလုံးကွဲတယ် အသံကအကျယ်ကြီးပဲ။ ရွာထဲက အိမ်တစ်လုံးနဲ့ ရွာစွန်ကအိမ်တစ်လုံးမှာ ပေါက်ကွဲခဲ့တာ”ဟု ဒေသခံရွာသားတစ်ဉီးကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမျိုးသက်၏ အိမ်သားတစ်ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရွာသားကပြောပြသည်။ အဆိုပါဗုံးပေါက်ကွဲမှုအား မည်သည့်အဖွဲ့မှ လာရောက်ဖောက်ခွဲခဲ့သည်ကို မသိရသော်လည်း ယင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် ပဝတ်ကုန်းရွာသားတစ်ဦးအား ရဲနှင့်စစ်သားများမှ လာရောက်ခေါ်ဆောင် သွားကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ရှစ်လေးလုံး အရေးအခင်းနောက်ပိုင်းတွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ခဲ့ဖူးပြီး ယခုအခါ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်း ရွာသားများထံမှသိရသည်။ ပဝတ်ကုန်းကျေးရွာသည် ထားဝယ်-မြိတ် လမ်းပေါ်တွင် […]