အလူမီနီယံကုန်ကြမ်းဈေး နှစ်ဆခန့်ခုန်တက်၊ အလုပ်အပ်သူနည်း
diz_admin
November 30, 2021ပြတင်းပေါက်၊ ဗီရိုကဲ့သို့ အိမ်သုံးပရိဘောဂပစ္စည်းများလုပ်သည့် အလူမီနီယံချောင်းများ၏ဈေးနှုန်းမှာ ပြီးခဲ့သည့်လမှစကာ နှစ်ဆခန့်တက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဖြင့်အိမ်သုံးပစ္စည်းလုပ်နေသူအချို့ထံမှ သိရသည်။ ဥပမာအားဖြင့် ဗီရိုနှင့် ပစ္စည်းတင်စင် ပြုလုပ်ရာတွင် အသုံးပြုရသည့် ၃လက်မ ၁ လက်မ အရွယ် အလူမီနီယံတစ်ချောင်း၏ဈေးမှာ ယခင်က ၁၆၅၀၀ ကျပ်သာ ရှိရာမှ လက်ရှိတွင် ၃၁၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပစ္စည်း လုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ပြတင်းပေါက်ပြုလုပ်ရာတွင်အသုံးပြုရသည့် အလူမီနီယံချောင်းများလည်း ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့်နေအိမ်ပြတင်းပေါက်များတွင် တပ်ဆင်မှုများသည့် လေးပေသုံးပေ အကျယ်ရှိသည့် ပြတင်းပေါက်တစ်ပေါက်လျှင် တစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျော်အထိ ကျသင့်လျက်ရှိသည်။ ထိုသို့ ဈေးတက်သွားသည့်အတွက် အလုပ်အပ်သူနည်းသွားကြောင်း အလူမီယံလုပ်နေသူအချို့က ညည်းတွားကြသည်။ ထိုကြောင့် နေအိမ်တွင် လုံခြုံရေးအတွက် မဖြစ်မနေတပ်ဆင်ရမည့် […]


