ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငါးသယ်လှေသား တစ်ထောင်ခန့်ကို ကိုဗစ်ကာကွယ် ဆေးထိုး

diz_admin

July 28, 2021

မြိတ်ခရိုင်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ ရေလုပ်သားတစ်ထောင်ခန့်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှသိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေ(ငါးကဲ့လှေ) မြိတ်ခရိုင်အတွင်း အစီးတစ်ရာနီးပါးရှိပြီး ငါးဖမ်းရာသီမစမီ ဇူလိုင်လ ၁၅ ရက်မတိုင်မီကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး လက်ရှိတွင် လှေသားအားလုံးထိုးနှံခဲ့ပြီးဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဉီးသက်စိုး ကပြောသည်။ “ထိုင်းကိုသွားရောင်းနေတဲ့ လှေသားတွေကို ဉီးစားပေးပြီး ထိုးနှံပေးတာပေါ့’ဟု ၎င်းကပြောသည်။ ငါးသယ်လှေ ရေလုပ်သားများအား ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိုးပြီးခဲ့သော်လည်း ကမ်းဝေးငါးဖမ်းလှေသားများကိုမူ ဆေးမရရှိသေးသည့်အတွက် ထိုးပေးနိုင်ခြင်းမရှိသေးကြောင်း ဉီးသက်စိုး ကဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ကစပြီး ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နှုန်းအား ကနဉီး ပင်လယ်ပြင်ငါးဖမ်းထွက်ခွာခွင့်ပြုခဲ့ပြီး ဇူလိုင်လကုန်လတွင် ကမ်းဝေးငါးဖမ်းလှေအားလုံး ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းကြတော့မည် ဖြစ်သည်။ တနင်္သာရီတိုင်းအတွင်း […]

ထားဝယ်ခရိုင်အတွင်း ရေကြီးမှု နောက်ဆုံးအခြေအနေ

diz_admin

July 27, 2021

မိုးသည်းထန်စွာရွာသွန်းပြီး ထားဝယ်ခရိုင်အတွင်း နေရာအချို့တွင် ရေကြီးရေလျှံလေ့ရှိသည်။ ယင်းကဲ့သို့ ရေကြီး ရေလျှံ ဖြစ်ပွားလေ့ရှိသည့် နေရာအချို့၏ နောက်ဆုံးအခြေအနေကို မေးမြန်းထားပါသည်။ ဇူလိုင်လ ၂၆ ရက် ညနေသုံးနာရီအထိ ဆက်သွယ်မေးမြန်းချက်အား စုစည်းဖော်ပြလိုက်သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ထားဝယ်မြို့ ထားဝယ်မြို့အတွင်း ဆေးရုံလမ်းမှာ ရေပြန်ကျနေပြီဖြစ်ပါတယ်။ မြို့အထွက် ပေါက်တိုင်းတံတားနားမှာလည်း ရေပြန်ကျပြီး ဆိုင်ကယ်၊ ကားတွေ သွားလာနေပြီဖြစ်ပါတယ်။ ပကာရီကျေးရွာ ထားဝယ်- မေတ္တာ သွားလမ်းပိုင်းတစ်နေရာဖြစ်တဲ့ ပကာရီကျေးရွာအတွင်း ကားလမ်းမပေါ်မှာ ရေပြန်ကျနေပြီလို့ ဒေသခံအချို့ဆီ ကနေသိရပါတယ်။ ဇူလိုင်လ ၂၅ ရက်ကမူ ကားလမ်းမအထက် ခုနစ်ပေ၊ ရှစ်ပေလောက်အထိ ရေကြီးခဲ့ပြီး ယင်းည ၁၁ နာရီလောက်ကစပြီး တဖြည်းဖြည်း ရေပြန်ကျသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတင့်ဝေက ပြောပါတယ်။ အနိမ့်ပိုင်းရှိ နေအိမ်အချို့မူ ရေနစ်မြုပ်ခဲ့ပေမယ့် […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိလုနီး

diz_admin

July 27, 2021

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် စိုးရိမ်ရေအမှတ်ရောက်ရှိရန် သုံးလက်မခန့်သာလိုတော့ကြောင်း သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။ မြစ်ရေများမြင့်တက်လာနေသဖြင့် မြို့တွင်းလမ်းအချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ချောင်းကြီးရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ မိုးသည်းထန်မှုကြောင့် မြစ်ရေမြင့်တက်လာနိုင်သဖြင့် ကုန်းမြင့်ရှိ နီးစပ်ရာဆွေမျိုးအိမ်တို့တွင် ပြောင်းရွေ့နိုင်ရန် စီစဉ်နေရကြောင်း အထက်ပါ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားက ပြောသည်။ ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြိုနယ်အတွင်းရှိ လယ်သစ်၊ သာရဘွင် စသည့် ကျေးရွာအချို့တွင် ချောင်းရေမြင့်တက်လာပြီး လမ်းများနှင့် တံတားတို့တွင် ရေလျှံမှုနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ […]

မော်လမြိုင်တစ်မြို့လုံးနီးပါး ရေကြီး၊ လူအချို့စတင်ပြောင်းရွှေ့

diz_admin

July 27, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းခန့်မှစတင်ကာ တစ်မြို့လုံးနီးပါး ရေကြီးရေလျှံနေပြီး လူအချို့စတင်ပြောင်းရွှေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှစကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေစကြီးခဲ့ပြီး ၂၆ ရက်နေ့တွင် တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရေစီးရေလာမကောင်းတဲ့နေရာတွေမှာ မနေ့ကတည်းက ရေဝင်နေတာ မိုးကလည်း တစ်ချက်မှမရပ်တော့ ဒီနေ့ဆိုရင် တစ်မြို့လုံးနီးပါးပဲ ရေကြီးကုန်တယ်၊ အနိမ့်ပိုင်းက လူတွေကတော့ စတင်ပြောင်းရွှေ့နေရပြီ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ပြောင်းရွှေ့ရမည့် ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအတွက် စားသောက်ရေးကို မြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။ ကိုဗစ်ကူးစက်မှုမြင့်မားနေပြီး သေဆုံးနှုန်းလည်းများနေသည့် မော်လမြိုင်တွင် ယခုအခါ […]

ဘီလူးကျွန်း တောင်ပြိုမှု တစ်ဦးသေ၊ နေအိမ် ၃ လုံးပျက်စီး

diz_admin

July 27, 2021

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကွမ်ရိုက်ရွာနှင့် ကဒါရွာတို့တွင် တောင်နံရံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နေအိမ် ၃ လုံး ပြိုကျပျက်စီးသွားသည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကွမ်ရိုက်ရွာ ရပ်ကွက် (၈) တွင် တောင်နံရံပြိုကျပြီး နေအိမ် နှစ်လုံး အလုပ်ရုံ တစ်ရုံ မြေပိခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်အုန်းမြင့်သည် မြေစာပုံအောက်တွင် ပိနေခဲ့သည်။ ကဒါရွာတွင်လည်း တောင်နံရံပြိုကျမှု နှစ်နေရာ ဖြစ်ပွားခဲ့ပြီး နေအိမ် တစ်လုံး ပြိုကျခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ တောင်ပြိုသည့်နေရာတို့တွင် ကူညီကယ်ဆယ်မှုများ ချက်ချင်း လုပ်ဆောင်နိုင်ရန်ကြိုးစားခဲ့ကြသော်လည်း တောင်ပြိုကျမှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကယ်ဆယ်ရေးမလုပ်ဆောင်နိုင်ဘဲ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှသာ […]

ဘီးလင်းတွင် လေပြင်းကြောင့် နေအိမ်အများအပြားပျက်စီး

diz_admin

July 25, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဇုတ်သုတ်ကျေးရွာအုပ်စု ရွာလေးပိုင်းနှင့် အနိုင်းပွန်းကျေးရွာအတွင်းရှိ လူနေအိမ် အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ နေအိမ်ပေါ် သစ်ပင်လဲကျခြင်း လမ်းပေါ် သစ်ပင်လဲကျခြင်းနှင့် ဓာတ်တိုင်လဲကျခြင်းများဖြစ်ပွားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသည့်လူနေအိမ် များရှိသလို ထိခိုက်ပျက်စီးသွားသည့် နေအိမ်လည်းရှိသည်ဟု သိရသည်။ “မနေ့ ညနေပိုင်းလောက်ကပေါ့ လေကအတော်ပြင်းပါတယ်။ နေအိမ်တွေလည်း အများကြီး ထိသွားတယ်။အမိုးလန်သွားတာ နောက်ပြီးတော့ သစ်ပင် သစ်ကိုင်းကျိုးကျပြီး ထိသွားတာတွေလည်းရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူ ထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ လက်ရှိတွင် […]

တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

diz_admin

July 25, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး အလျင်းသင့်ပါက တတ်နိုင်သလောက် ရောင်းချပေးရန်စီစဉ်ထားကြောင်း ဦးစိုးလွင်အောင်က ‌ပြောသည်။ ဒေသအတွက် အကျိုးဖြစ်စေရန် ရည်ရွယ်ပြီး ရောင်းချပေးခြင်းဖြစ်ကြောင်း ဆန်းသစ်လွင်ဆိုင်ရှင် ဦးစိုးလွင်အောင်က ပြောပြသည်။ အဆိုပါ ကြက်ဥများကို ပြင်ပမှဝယ်ယူပြီး အလှူအတန်းလုပ်သည့် အနေဖြင့် အရှုံးခံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ တနင်္သာရီမြို့နယ် အောက်ကင်းရွာ အရှေ့ဒူးရင်းတောရှိ ဆန်းသစ်လွင် ဆိုင်ခွဲ အမှတ် ၅ တွင် ယင်းဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆယ်လုံးစီ ရောင်းချပေးမည်ဖြစ်သည်။

သထုံတွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

diz_admin

July 25, 2021

မွန်ပြည်နယ် သထုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၄ ရက်နေ့တွင် သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်သတ်ခံရသည့် ဦးမြင့်ရွှေသည် ဦးသိန်းစိန် အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသည့် ဦးမြင့်ရွှေသည် သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွား‌ကြောင်းဒေသခံများက ပြောသည်။ “ဦးမြင့်ရွှေ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အခု ရွာမှာ စစ်ဆေးမှုတွေ လုပ်နေတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု သမ္ဘာန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း နေအိမ်ရှိ ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိ လူနှစ်ဦးက […]