ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့အတွင်း ၉ ရက်တိတိ ပရိတ်ရွတ်မည်

diz_admin

July 23, 2021

ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ကာ သံဃာတော် ၁၈ ပါးက ၉ ရက်တိတိ ပရိတ်ရွတ်ဖတ်မည်ဖြစ်ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး လူထူအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်) ထံမှ သိရသည်။ ဇူလိုင်လ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ထားဝယ်မြို့အတွင်းရှိ လမ်းများအတိုင်း လှည့်လည်ရွတ်ဖတ်မည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ညနေ ၃ နာရီမှ ည၇ နာရီခန့်အထိ ထားဝယ်မြို့အတွင်း ကားဖြင့် လှည့်လည်ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေချိန်တွင် ရောဂါဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ အထောက်အကူပြုအဖွဲ့နှင့် မြို့မယဉ်ငေးသာသနာ့ရိပ်သာတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ရောဂါဘေးအန္တရာယ်တွေ ကင်းရှင်းအောင်ပေါ့နော်၊ ဘာသာရေးထုံးတမ်းအစဉ်အလာအရလို့ ပြောရမှာပေါ့”ဟု အထက်ပါ အတွင်းရေးမှူးအဖွဲ့ဝင်က ပြောသည်။ ယင်းသို့ ပရိတ်ရွတ်လှည့်လည်ရာတွင် […]

ငါးအထိအမိနည်းသည့်အပြင် ငါးဈေးပါကျ၍ တစ်နိုင်တစ်ပိုင်ငါးဖမ်းလှေရှင်များ အရှုံးပေါ်

diz_admin

July 23, 2021

ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါကျလာသည့်အတွက် ထားဝယ်ဒေသရှိ ဒေသခံငါးဖမ်းလှေငယ်များ အရှုံးပေါ်နေကြကြောင်းရေလုပ်သား အချို့က ညည်းတွားနေကြသည်။ ပြီးခဲ့သည့် ဇွန်လက ငါးဈေးကောင်းခဲ့သော်လည်း ယခုလတွင်မူ ရာသီဥတုအခြေအနေကြောင့် ငါးရရှိမှုနည်းလာသည့်အပြင် ငါးဈေးပါ ကျသွားသည့်အတွက် ဒေသခံငါးဖမ်းလှေအချို့ အရှုံးပေါ်နေသည်ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ ငါးဖမ်းလှေပိုင်ရှင် ဒေါ်ချိုကဆိုသည်။ ထိုသို့ အရှုံးပေါ်နေသည့်အတွက် ပင်လယ်ပြင်သို့ငါးဖမ်းမထွက်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြောင်း ၎င်းက ပြောသည်။ ကမ်းနီးငါးဖမ်းလှေငယ်အချို့မှာ ပျမ်းမျှအားဖြင့် ပင်လယ်ပြင်ငါးဖမ်းရာတွင် ၁၅ ရက်တစ်ကြိမ် ကမ်းသို့ပြန်ဝင်လေ့ရှိသည်။ “တစ်လ သိန်းငါးဆယ်နဲ့အထက်ရမှ ပိုင်ရှင်အတွက် ကျန်တယ်။ အခုက ငါးပုံး လေးငါးပုံးလောက်နဲ့ရှုံးတာပေါ့။ ဒီလတော့ အခြေအနေစောင့်ကြည့်ရင်း (လှေ) တစ်ခေါက် နားလိုက်တယ်”ဟု ဒေါ်ချိုက ပြောသည်။ ပြီးခဲ့သည့်ဇွန်လက လှေတစ်တစ်ခေါက်ဝင် (၁၅ရက်ကြာ) လျှင် ငါး ၁၅ ပုံးခန့် […]

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၃၂ ဦး သေဆုံး

diz_admin

July 23, 2021

ကိုဗစ်ကူးစက်မှုနှုန်းများနေသည့် မွန်ပြည်နယ်တွင် ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၂ ဦး သေဆုံးသွားကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သေဆုံးသူ ၃၂ ဦးတွင် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသ ခံယူနေသည့် အတည်ပြုလူနာ ၂၇ ဦးနှင့် နေအိမ်တွင် သေဆုံးသည့် သံသယလူနာ ၅ ဦးတို့ဖြစ်သည်ဟု သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ “လူနာသေဆုံးမှုကတော့ နေ့တိုင်းတိုးလာနေတယ်၊ ကိုဗစ်သံသယနဲ့ သေတဲ့လူတွေလည်း နေ့တိုင်းရှိတယ်” ဟု ကိုဗစ်နှင့် ပတ်သက်ပြီး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ် ၁၀ […]

ကိုဗစ်ကပ်ဘေးနဲ့ ဝါဆိုသင်္ကန်း

diz_admin

July 23, 2021

ကိုဗစ်ကပ်ဘေးအကြား ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြိတ်မြို့ရှိ နေရာအချို့တွင် ထူးခြားစွာ မြင်တွေ့ရသည် လူစုလူဝေးမပြုလုပ်ရသဖြင့် သံဃာတော်များသည် မော်တော်ယာဉ်ငယ်ဖြင့် တစ်လမ်းချင်း ဝင်ထွက်ပြီး ဝါဆိုသင်္ကန်းအား ကပ်လှူ အပူဇော်ခံယူကြခြင်း ဖြစ်သည်။

သံဖြူဇရပ်တွင် လိုအပ်သည့် ဆေးဝါးများ အိမ်အရောက် အခမဲ့ကူညီ

diz_admin

July 23, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဖျားနာသူများ၊ ဆေးရုံ ဆေးခန်းသွားရန် အဆင်မပြေသူများအတွက် Safe for Sick အစီအစဉ်ဖြင့် လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးလျက်ရှိသည်။ Safe for Sick အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆရာဝန်များ စုပေါင်း ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ Safe for Sick အစီအစဉ်သည် ကိုဗစ်ကာလ ဖျားနာသူများနှင့် ဆေးရုံ ဆေးခန်းသွားရန် အခက်အခဲကြုံတွေ့နေရသူများအတွက် ရည်ရွယ် ကူညီပေးနေခြင်းလည်းဖြစ်သည်။ Safe for Sick မှ ဆရာဝန်များနှင့် Volunteers များက ဖုန်းဖြင့်ဆက်သွယ်လာသူများကို ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အိမ်အရောက် အခမဲ့ပို့ဆောင် ကူညီပေးနေသည်။ “ဖုန်းနံပါတ်တွေ ပေးထားပါတယ်၊ ဖျားတာပဲဖြစ်ဖြစ် နေမကောင်း တစ်ခုခုဖြစ်ရင် […]

ခေတ်သစ် ထားဝယ်ရိုးရာ ဝါဆိုကန်တော့ အခင်းအကျင်း

diz_admin

July 23, 2021

ဝါဆိုလဆန်း ၁၄ ရက်နေ့ဖြစ်တဲ့ ဒီနေ့ဟာ ထားဝယ်ရိုးရာ ဝါဆိုကန်တော့တဲ့နေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဝါဝင်တော့မယ့်အချိန်မှာ လူကြီးမိဘတွေ၊ ဆရာသမားတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။ မိမိထက် အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ရာထူးကြီးသူ၊ ဘိုးဘွား၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို ဖယောင်းတိုင်၊ အမွှေးတိုင်၊ အဝတ်ထည်၊ မုန့် စတာတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်နေတဲ့ ဒီအချိန်မှာတော့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းတွေကိုပါ ထည့်သွင်းကန်တော့လာကြတာကို တွေ့လာရပါတယ်။ အရင်နှစ်တွေက ဝါဆိုကန်တော့တဲ့ နေ့ဆိုရင် ထားဝယ်ဒေသက လမ်းတွေပေါ်မှာ အဝတ်အစားလှလှပပ ဝတ်ပြီး သွားနေကြသူတွေက အများကြီးတွေ့ရမှာပါ။ ဒီနှစ်မှာတော့ မြို့ပေါ်မှာရော ရွာတွေဘက်မှာပါ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့်မို့ ဝါဆိုကန်တော့ သွားတဲ့သူတွေ သိသိသာသာ နည်းပါးနေတာကို တွေ့ရပါတယ်။ ကူးစက်မှုများပြားနေတဲ့ ကိုဗစ်‌ရောဂါကြောင့်ရော သွားရေး […]

အိမ်အရောက်ပို့ဈေးကား ထားဝယ်တွင် စတင်

diz_admin

July 23, 2021

ထားဝယ်မြို့အတွင်း အိမ်အရောက်ပို့ဆောင်သည့် ဈေးကား ဝန်ဆောင်မှုကို ဇူလိုင်လ ၁၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ D-Mark အမည်ရှိ အဆိုပါဈေးကားကို လက်ရှိတွင် ဟိုက်ဂျက်ကား ၃ စီးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ၆ စီးအထိ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်နေကြောင်း ယင်းလုပ်ငန်း တည်ထောင်သူက ဆိုသည်။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဘုရားပန်း စသည့် ပစ္စည်းမျိုးစုံကို ဖုန်းဆက်ဝယ်ယူနိုင်ပြီး ဈေးအတွင်းရောင်းချနေသည့် ဈေးနှုန်းထက် ပိုသက်သာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်း အိမ်တိုင်ရာရောက် ဈေးကားကို နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲအထိနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အထိ အချိန်နှစ်ပိုင်းခွဲကာ ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ယင်းလုပ်ငန်းထံမှ […]

ထားဝယ်အိမ်ခြံမြေ အရောင်းအဝယ် ပြန်ဖြစ်

diz_admin

July 21, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ရပ်တံ့လုနီးပါးဖြစ်ခဲ့ရာမှ လက်ရှိတွင် အရောင်းအဝယ်ပြန်ဖြစ် လာကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ဇွန်လမှ စတင်ကာ အိမ်ခြံမြေကွက်နှင့် ဥယာဉ်ခြံများ အရောင်းအဝယ် ဖြစ်လာပြီး ဇူလိုင်လ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ပိုများလာကြောင်း ထားဝယ်မြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဒေါ်သီတာစောက ပြောသည်။ “နှစ်လလောက်ကတော့ မရောင်းရဘူး၊ ဇွန်လရောက်ချိန်မှာတော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်၊ အရောင်းအဝယ်လည်း နည်းနည်းသွက်လာတယ်၊ အခု ရောင်းဝယ်အဖြစ်ဆုံးကတော့ သိန်းနှစ်ရာ ဝန်းကျင်တွေ အရောင်းအဝယ်များလာတယ်” ဟု ဒေါ်သီတာစောက ဆိုသည်။ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးချိန်မှ သင်္ကြန်ကာလအထိ အရောင်းအဝယ်ရပ်ဆိုင်းလုနီးဖြစ်သွားကြောင်း ထားဝယ်မြို့မှ အိမ်ခြံမြေအကျိုးဆောင် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် အရောင်းအဝယ်ဖြစ်ပြန်သွက်လာပြီး ဝယ်ယူပါက မြေတန်ဖိုး၏ တစ်ဝက်ကို ဘဏ်အကောင့်အချင်းချင်းလွှဲပြီး ကျန်ငွေတစ်ဝက်ကို ငွေသားပေးသည့် […]