ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ် ဈေးတက်
diz_admin
July 17, 2021ထားဝယ်ဒေသအတွင်း ယခုအပတ်မှစပြီး ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ကြက်ဥတစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် ရောင်းချနေရာမှ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ၂၀၀ ကျပ်အထိ ဖြစ်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လက ကြက်ဥတစ်လုံးလျှင် ၁၂၃ ကျပ်နဲ့ ဝယ်ရပြီး ဇူလိုင်လ ၁၆ ရက်တွင်မူ ၁၅၄ ကျပ်ဖြင့် ဝယ်ယူရကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကြက်ဥရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဈေးမတက်ခင်ကတော့ တစ်လုံး ၁၅၀ နဲ့ရောင်းတယ်။ အခုတော့ မရောင်းနိုင်တော့ဘူး”ဟု ၎င်းက ရှင်းပြသည်။ ကိုဗစ်ကပ်ဘေးကြောင့် ကျေးလက်ဈေးအချို့ပိတ်ထားခဲ့ရာ သားငါးအစား ကြက်ဥကိုပင် အဓိကဟင်းလျာအဖြစ် စားသောက်နေရကြောင်း သရက်ချောင်းမြိုနယ် ပဲဒက်ကျေးရွာမှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။ “ငါးရောင်းတဲ့သူတွေ မလာတော့ဘူး” ဟု […]


