ကမ်းဝေး ငါးဖမ်းလှေ ထက်ဝက် ပင်လယ်ပြင် ငါးဖမ်းထွက်ခွင့်ပြု၊ သတ်မှတ်ချိန်ထက် စောထွက်ခွင့်ပေး
diz_admin
July 14, 2021တနင်္သာရီတိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နူန်းအား ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ လက်ရှိမြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေ ၇၀၀ ကျော်ရှိသည့်အနက် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ လှေ ထက်ဝက်ခန့်မှာ ငါးဖမ်းထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး ကပြောသည်။ “လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီးထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းကပြောသည်။မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရရာသီကို နှစ်စဉ်ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများကို သတ်မှတ်ထားသော်လည်း တပ်ကောင်စီတက်ပြီးနောက် ယခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင် သို့ပြောင်းလဲခဲ့သည်။ နော်ဝေသုတေသနသင်္ဘော၏ လေ့လာတွေ့ရှိချက်အရ ငါးသားပေါက်သည့် ရာသီတင်မကဘဲ ငါးမျိုးဥ ဥနေသည့် ရာရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် ပိတ်မှသာ ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဟု […]


