ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်း ကိုဗစ် တတိယလှိုင်း

diz_admin

July 30, 2021

နိုင်ငံတဝန်း ကိုဗစ်ရောဂါကူးစက်မှု တစ်ဟုန်ထိုးများလာချိန်တွင် တနင်္သာရီတိုင်းတွင်လည်း ကိုဗစ်ကူးစက်သူ အရေအတွက်က တိုးလာနေသည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၈ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ ၄၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ၁၆၀၀ ကျော် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။ တစ်ကယ့်မြေပြင်တွင်မူ ကိုဗစ်ကူးစက်ခံရသူအရေအတွက်မှာ ကျန်းမာရေးဌာနထုတ်ပြန်ချက်ထက် ပိုမိုများပြားနေကြောင်း ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကူညီပေးနေကြသည့် ထားဝယ်ဒေသအခြေစိုက် ပရဟိတအဖွဲ့များက ခန့်မှန်းကြသည်။ လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါရှိ မရှိကို ကျန်းမာရေးဌာနက စစ်ဆေးပေးနေသော်လည်း ပြည်သူအချို့က ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းဖြင့် နေအိမ်တွင်ပင် မိမိအစီအစဉ်ဖြင့် စစ်ဆေးနေကြသည်။ ထိုသို့ စစ်ဆေးပြီး ကိုဗစ်ပိုးရှိကြောင်း အဖြေထွက်သည့်အခါ နေအိမ်တွင်ပင် သီးခြားနေထိုင်ပြီး မိမိအစီအစဉ်ဖြင့်ပင် ကုသနေသူများလည်း ရှိနေသည်။ ထိုကဲ့သို့ နေအိမ်တွင်မိမိအစီအစဉ်ဖြင့် ကုသနေသူများထဲတွင် ထားဝယ်မြို့ […]

မြိတ်တွင် တစ်ရက်တည်း ကိုဗစ် လူနာနှင့် သံသယရှိသူ စုစုပေါင်း ၉ ဦးသေဆုံး

diz_admin

July 30, 2021

မြိတ်မြိုတွင် ဇူလိုင်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်လူနာနှင့် သံသယရှိလူနာ ၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ သေဆုံးသူများမှာ ကိုဗစ်လူနာကုသရေးစင်တာများမှမှ သံဃာ‌တော်တစ်ပါး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ရပ်ကွက်အတွင်းရှိ နေအိမ်တို့တွင် သေဆုံးသူ လေးဦး စုစုပေါင်း ကိုးဦးရှိကြောင်း မြိတ်ကိုဗစ်နိုင်တီး ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ မှ သိရသည်။ နေအိမ်အတွင်း သေဆုံးလူနာများအနက် အောက်ဆီဂျင်ပြတ်လပ်သဖြင့် အမောဖေါက်ပြီး သေဆုံးသူများရှိသဖြင့် ကိုဗစ်သံသယရှိသူတို့အဖြစ် ယူဆနိုင်ကြောင်း သေဆုံးသူများအား မီးသင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ သေဆုံးသူအများစုသည် ရောဂါအခံရှိကြသည့် အသက်ကြီးပိုင်းလူနာများဖြစ်ကြပြီး မီးသင်္ဂြိုလ်ခြင်းကို မြိတ် Covid-19 ထိစပ်လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ နှင့် ချစ်ကြည်ရေးအသင်းတို့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ တစ်နေ့ထက်တစ်နေ့ ပိုများလာပြီး ဇူလိုင်လ ၂၇ ရက်နေ့က […]

တကူကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်အနီး ပေါက်ကွဲမှုဖြစ်

diz_admin

July 29, 2021

တနင်္သာရီမြို့နယ် တကူကျေးအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာသားများ ထံမှသိရသည်။ တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာတွင်ရှိသည့် တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဉီးကျော်ငွေ၏ နေအိမ်အနီးတွင် ဇူလိုင်လ ၂၈ ရက် ည ၈ နာရီကျော်က ပေါက်ကွဲခဲ့ကြောင်း ကျေးရွာသားအချို့က ဆိုသည်။ “အသံက တော်တော်ကျယ်တယ်။ နှစ်လုံးပေါက်ကွဲတာကြားရတယ်။ ပဲ့တင်သံနဲ့ဆို သုံးလုံးလို ဖြစ်နေတာပေါ့” ဟု သံတိုက်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရပြီး မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကိုလည်း မသိရကြောင်း ဒေသခံ အချို့က ဆိုသည်။ “ခုထိတော့ လာပြီးစစ်ဆေးတာ မတွေ့ရသေးဘူး” ဟု အထက်ပါရွာသားက ဇူလိုင်လ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြောသည်။ အဆိုပါ သံတိုက်ကျေးရွာတွင် […]

ကိုဗစ်ကပ်ဘေးကာလ မုဆိုးလန်ရွက် ဈေးကွက်ဝင် ၊ တစ်စည်း နှစ်ရာကျပ်

diz_admin

July 29, 2021

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ထားဝယ်ဒေသအခေါ် မုဆိုးလန်ရွက် (လောက်သေရွက်) အရောင်းအဝယ်ဖြစ်လာပြီး ဈေးကွက်ဝင်လာသည်ကို တွေ့ရသည်။ မုဆိုးလန်အရွက်မှာ နီးစပ်ရာတောတောင်ချုံများတွင် အလွယ်တကူ ပေါက်ရောက်နေသဖြင့် အရောင်းအဝယ်မရှိသလောက် အခြေအနေဖြစ်သည်။ လက်ရှိအချိန်တွင်မူ ထားဝယ်ဒေသရှိ ကျေးရွာအချို့တွင် မုဆိုးလန်အရွက် တစ်စည်းလျှင် ငွေကျပ်နှစ်ရာဖြင့် ရောင်းချလာကြသည်။ ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်လာချိန်တွင် အဆိုပါ မုဆိုးလန်ရွက်ကို ကျိုချက်သောက်ပါက ကိုဗစ်ရောဂါပျောက်ကင်းသည်ဟု ဖေ့ဘုတ်ပေါ် မျှဝေသူများလာပြီးနောက် အရောင်းအဝယ်ဖြစ်လာခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် ညင်းမော်ရွာတွင်တွင်လည်း မုဆိုးလန်ရွက်တစ်စည်းလျှင် ကျပ်နှစ်ရာဖြင့် ရောင်းနေကြောင်း ယင်းကျေးရွာနေ ကိုဇော်က ပြောသည်။ “အခုတောင်ရှားသွားပြီ ခူးတဲ့သူကလည်း များလာတယ်။ အခုအိမ်မှာလည်း အဲဒါပဲ သောက်တော့တယ်”ကိုဇော်က ဆိုသည်။ လောင်းလုံးမြို့နယ်အပြင် ရေဖြူမြို့နယ်တွင်လည်း မုဆိုးလန်ရွက် ရောင်းဝယ်သူများ ရှိနေသည်။ သို့သော် ရေဖြူမြို့နယ်ရှိ နဘုလယ်ဒေသတွင် မုဆိုးလန်ရွက်အား […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ပတ်အတွင်း လူလေးဆယ်ကျော် သေဆုံး

diz_admin

July 29, 2021

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးဆယ်ကျော်ရှိ‌ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေပြီး သေဆုံးသူ လည်း နေ့စဉ်ရှိနေကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်နေ့အထိ တပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၃၀၂ ဦးရှိပြီး သေဆုံးသူမှာ ၄၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အထက်ပါ တစ်ပတ်တာကာလအတွင်း ထားဝယ်တွင် သေဆုံးသူ ၂၄ ဦး၊ သရက်ချောင်းတွင် ၄ ဦး၊ ရေဖြူတွင် ၂ ဦး၊ မြိတ်တွင် ၄ ဦး၊ ပုလောတွင် ၅ ဦး၊ ကော့သောင်းတွင် ၃ ဦးရှိကြောင်း […]

လောင်းလုံး ရေဖြူရွာသားငါးဦးကို ဖမ်းပြီးစစ်ဆေးနေ ဟုဆို

diz_admin

July 28, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဝံတွင်းရွာနေ ဒေသခံ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဇူလိုင်လ ၂၈ ရက်နေ့က ရဲနှင့် စစ်တပ်မှ ဖမ်းဆီးပြီး ရေဖြူအထက်တန်းကျောင်းတွင် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထိုသို့ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းခံနေရသူများမှာ ကိုကောင်းဝေယံ ခေါ် နီနီ၊ ဦးစိုးစိုးနှင့် ၎င်း၏တူဖြစ်သူ ကိုထွေးထွေး၊ ဒေါ်မြအေးနှင့် ၎င်း၏သမီးဖြစ်သူ တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သပိတ်စစ်ကြောင်းထဲမှာ ပါတဲ့ဓာတ်ပုံတွေနဲ့ လာဖမ်းတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။ ယနေ့နံနက် ၉ နာရီအချိန်မှစပြီး ရဲနှင့်စစ်သား အင်အားသုံးဆယ်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး နေ့လယ် ၂ နာရီအထိ စစ်‌ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးမှု မကြာခဏပြုလုပ်လေ့ရှိသည်။

တံခါးခေါက်သံ ပိုညံလာတဲ့ သဘာဝဘေး

diz_admin

July 28, 2021

ပုခက်ထဲအိပ်နေတဲ့ အသက်သုံးလသာရှိသေးတဲ့ မယမင်းသော်တာ တစ်ယောက် အသက်ဆုံးရှုံးသွားရပါပြီ။ ကော့သောင်းမြို့မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းက မယမင်းသော်တာရဲ့ အသက်ကို နုတ်ယူသွားတာပါ။ အဲဒီလေပြင်းတိုက်ခတ်မှုက ကော့သောင်းမြို့ အောင်သုခရပ်ကွက် ကြေးနန်းကွင်းအရပ် ကမ်းသာယာလမ်းမှာ ဇူလိုင်လ ၂၀ ရက် ညနေ ၇ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ငါးဖမ်းပိုက်ချုပ်၊ အဝတ်လျှော် အလုပ်နဲ့ အသက်မွေးနေတဲ့ အသက် ၂၉ နှစ်အရွယ် မခင်ခင်ထားရဲ့ သမီးလေး မယမင်းသော်တာဟာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးလွင့်ထွက်သွားရာကနေ အသက်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ “ကျွန်မက ကလေးကိုပုခက်လွှဲနေရင်းနဲ့ လေကဝှီးကနဲတိုက်တဲ့အချိန်မှာ ကလေးက အပေါ်ကလွင့်ပါသွားပြီး အောက်ကို ပြန်ပြုတ်ကျလာတာ” မိခင်ဖြစ်သူ မခင်ခင်ထားက ပြောပါတယ်။ လေပြင်းကြောင့် ကလေးရော ပုခက်ပါ ခေါင်မိုးနဲ့အတူ အပေါ်ကိုလွင့်ထွက်သွားပြီး ပြန်ကျလာတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ကလေးကို […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်း နှစ်လောင်းတွေ့

diz_admin

July 28, 2021

မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းအား နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရကြောင်း သိရသည်။ ကုန်ဖေါက်ရပ်ကွက်ရှိ အဝေးပြေးကားကွင်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦးနှင့် ဇူလိုင်လ ၂၈ ရက်နေ့က ကမ်းနားလမ်းရှိ ပြည်တော်သာတံတားအနီးတွင် အမျိုးသားတစ်ဦးတို့ သေဆုံးနေခြင်းဖြစ်သည်။ သေဆုံးသူတို့မှာ အသက် ၅၀ နှစ်ကျော်ခန့် ရှိပြီး လမ်းဘေးတွင် တစ်ကိုယ်တည်းနေထိုင်သူတို့ဖြစ်ကြောင်း ကရုဏာ နာရေးကူညီမူအသင်းဝင်တစ်ဦးက ပြောပြသည်။ အဆိုပါ ပိုင်ရှင်မဲ့အလောင်း‌တွေ့ရှိသည့် နေရာတို့အား ပိုးသတ်ဆေးဖြန်းခြင်း၊ ရင်ခွဲရုံသို့ပို့ဆောင်ခြင်းနှင့် မီးသင်္ဂြိုဟ်ခြင်းတို့အား ကရုဏာ နာရေးကူညီမူအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။