ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ကျွဲဇပ်ရွာက CDM တစ်ဦးနှင့် ဝပ်ရှော့ဆရာတို့ကို စစ်ကြောင်း ဖမ်းဆီး

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းဘေးရှိ ကျွဲဇပ်ကျေးရွာက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဝပ်ရှော့ဆရာ တစ်ဦးတို့ကို ဇန်နဝါရီလ ၁၃ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ကူးရွာတွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးနှစ်လုံးချ တိုက်ခိုက် သဖြင့် စစ်အာဏာရှင်တပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့ စစ်ကြောင်းက ကျွဲဇပ်အထိဆင်းတယ်။ အဲဒီမှာ CDM ဆရာမနဲ့ ဝပ်ရှော့ဆရာကို ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ လူတွေကိုတော့ ခဏပဲခေါ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သက်သက်အေးနှင့် ဝပ်ရှော့ဆရာ ဦးအောင်သန်းဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးကို […]

သူပုန်များ ပိတ်ဆို့ထားသည့် အင်ဒိုနီးရှား အလုပ်သမားများကို စစ်တပ် ကယ်ထုတ်

Dawei Watch

January 15, 2026

အင်ဒိုနီးရှားနိုင်ငံ ၊ နယူးဂီနီကျွန်းရှိ ဗဟိုပါပူအာပြည်နယ်တွင် လက်နက်ကိုင်သူပုန်များ သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် သတ္တုတွင်းလုပ်သား ၁၈ ဦးအား အင်ဒိုနီးရှားစစ်တပ်က ကယ်ထုတ်လာနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ အင်ဒိုနီးရှားထံမှ ခွဲထွက်ခွင့် ရရှိရေး တောင်းဆိုတိုက်ပွဲဝင်လျက် ရှိသည့် ပါပူအာလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (Free Papua Movement) က အဆိုပါ အလုပ်သမားများကို သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ ၊ ဗဟိုပါပူအာပြည်နယ်ရှိ Freeport Indonesia သတ္တုတွင်းကုမ္ပဏီမှ လျှပ်စစ်တာဝါတိုင်ကို ပြင်ဆင်နေစဉ် အဆိုပါ အလုပ်သမားများကို သူပုန်များက သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ “သူတို့က အလုပ်သမားတွေကို ကြောက်အောင် လုပ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပြီး […]

ကလိန်အောင်မြို့အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 15, 2026

ကလိန်အောင် – မလွှဲတောင် ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ သာယာမွန်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီခွဲဝန်းကျင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မလွှဲတောင်ဘက်သို့ တက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများကြား ကားလမ်းမပေါ် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု ရှိ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကားလမ်းမ ယာယီပိတ်ခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီ ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းအသုံးပြုသည့် ကားသမားများက ဆိုသည်။ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုဖြစ်ပြီးတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများက အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ “လောလောဆယ်တော့ အခြေအနေစောင့်ကြည့်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ […]

ထိုင်းတွင် ကရိန်းပြုတ်ကျပြီး ရထားလမ်းချော်မှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

Dawei Watch

January 14, 2026

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ရထားလမ်းဆောက်လုပ်ရေးသုံး ကရိန်းသည် အမြန်ခုတ်မောင်းလာသော ရထားပေါ် ပြုတ်ကျခဲ့သဖြင့် ရထားလမ်းချော်သောကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၉ နာရီကျော် နခွန်ရတ်ချ်စီမားခရိုင် စီခီဝူဒေသ စီခီဝူဘူတာသို့ မရောက်မီ အမြန် ခုတ်မောင်းလာသော ဘန်ကောက်-ဥဘွန်းရတ်ချ်ဌာနီ ရထားပေါ်သို့ ကရိန်းက ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရထားက လမ်းချော်ကာ မီးလောင်ခဲ့သည်။ ရထားလမ်းချော်မှုကြောင့် ညနေ ၅ နာရီအချိန်အထိ သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၆၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိသူများအနက် ရှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ဖော်ပြသည်။ ရထားသည် […]

ထားဝယ်စျေးကွက်တွင် ဆန် အဟောင်း စျေးတက်

Dawei Watch

January 14, 2026

ထားဝယ်ဆန်စျေးကွက်တွင် ယမန်နှစ်က ဝင်ရောက်ခဲ့သည့် လက်ကျန်ဆန်အဟောင်းအချို့မှာ စျေးမြင့်တက်နေကြောင်း စျေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့မှ တင်သွင်းသည့် ယခုနှစ်ထွက် မိုးစပါး မှရရှိသည့် ဆန်အသစ်များ ဝင်ရောက်လာချိန်တွင် ယင်းသို့စျေးတက်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရွှေဘိုပေါ်ဆန်း (ချန်ပီယံ) ဆန်အဟောင်းမှာ ယခင်က တစ်အိတ်လျှင်၂၁၆,၅၀၀ ကျပ်မှ ယခုနှစ် မိုးစပါးဆန်အသစ် ထွက်ရှိသည့် ဇန်နဝါရီလ ပထမပတ်အတွင်း ၂၃၉,၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) မှာ ၂၄၀,၅၀၀ ကျပ်မှ ၂၄၂,၅၀၀ ကျပ်သို့ အသီးသီးစျေးတက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယခုနှစ်ဆန်းပိုင်းတွင် ဆန်အသစ်များ ထားဝယ်စျေးကွက်အတွင်းသို့ ဝင်ရောက်လာချိန် ချန်ပီယံ (ရွှေဘိုပေါ်ဆန်း) ဆန် အဟောင်း တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) ဆန် အဟောင်း တစ်အိတ်လျှင် […]

ChatGPT ကြောင့် နယ်သာလန်မင်္ဂလာဆောင် တရားမဝင်ကြောင်း ပယ်ဖျက်ခံရ

Dawei Watch

January 14, 2026

နယ်သာလန်နိုင်ငံတွင် ChatGPT အသုံးပြု၍ ရေးသားထားသည့် မိန့်ခွန်းဖြင့် လက်ထပ်ထိမ်းမြားခဲ့သည့် စုံတွဲတစ်တွဲ၏ အိမ်ထောင်ရေးမှာ တရားမဝင်ကြောင်း တရားရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ဆုံးဖြတ်လိုက်သည်။ ယမန်နှစ် ဧပြီလတွင် အဆိုပါ စုံတွဲအား မိတ်ဆွေဖြစ်သူ မင်္ဂလာအခမ်းအနားမှူးက ChatGPT အသုံးပြု၍ ရေးသားထားသည့် မိန့်ခွန်းဖြင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ သို့ရာတွင် နယ်သာလန်နိုင်ငံအရှေ့ပိုင်း၊ အိုဗာအစ်ဆယ်လ် (Overijssel) ခရိုင်တရားရုံးက ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှုမှတ်တမ်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းသည် နယ်သာလန် တရားမဥပဒေ၏ သတ်မှတ်ချက်များဖြစ်သည့် ဇနီးမောင်နှံအဖြစ် “အပြန်အလှန် အသိအမှတ်ပြုခြင်း” နှင့် “ဥပဒေအရ သတ်မှတ်ထားသည့် အိမ်ထောင်သည်ဘဝ တာဝန်ဝတ္တရားများကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း” စသည့် အချက်များအား ပြည့်မီခြင်းမရှိကြောင်း တရားရုံးက […]

ထိုင်းတွင် ကရိန်း ရထားပေါ် ပြုတ်ကျမှုကြောင့် ရထားလမ်းချော်ပြီး မီးလောင်၊ လူထိခိုက်သေဆုံးမှုများ

Dawei Watch

January 14, 2026

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ရထားလမ်းဆောက်လုပ်ရေးသုံး ကရိန်းသည် အမြန်ခုတ်မောင်းလာသော ရထားပေါ် ပြုတ်ကျခဲ့သဖြင့် ရထားတစ်စီးလမ်းချော်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုများကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၉ နာရီကျော် နခွန်ရတ်ချ်စီမားခရိုင် စီခီဝူဒေသ စီခီဝူဘူတာသို့ မရောက်မီ အမြန် ခုတ်မောင်းလာသော ဘန်ကောက်-ဥဘွန်းရတ်ချ်ဌာနီရထားပေါ်သို့ ကရိန်းက ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ရထားက လမ်းချော်သွားခဲ့ကာ မီးလောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ရထားလမ်းချော်မှုကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၃၀ အထိ ရှိလာပြီဖြစ်ကြောင်း Khaosod သတင်းတွင် ဖော်ပြသည်။ လက်ရှိအချိန်အထိ သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေကို တိတိကျကျမသိရသေးဘဲ ဆက်လက်မြင့်တက်လာနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ရထားပေါ်တွင် […]

ချွန်ဘူရီတွင် လမ်းမကြီးပေါ် မြန်မာအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်

Dawei Watch

January 14, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်မှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက် ည ၁၁ နာရီတွင် ချွန်ဘူရီခရိုင် ဖန်ထောင်းဒေသ လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်အောင်က ဦးခေါင်းကွဲဒဏ်ရာရပြီး အသက် ၃၆ နှစ်အရွယ် ကိုကံသာဦးက ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး ဖန်ထောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ရန်ပွဲတွင် မြန်မာတစ်ရာခန့်ပါဝင်ပြီး ဓား၊ တုတ် စသည်တို့ ကိုင်ဆောင်ကာ နှစ်ဖက် အုပ်စု ခိုက်ရန်ဖြစ်ခြင်းဖြစ်သည်။ ခိုက်ရန်ဖြစ်သည့် အကြောင်းအရင်းကိုမူ မသိရသေးဟု မျက်မြင်တွေ့ရှိသူများက ရဲတပ်ဖွဲ့ထံ ပြောဆိုသည်ဟု […]