ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အီရန်တွင် အစိုးရဆန့်ကျင်ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၅၀၀ ကျော်လာ၊ စစ်ရေးအရ အရေးယူရန် ထရမ့်စဉ်းစားနေ

Dawei Watch

January 12, 2026

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွင်း သေဆုံးသူ ၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် Human Rights Activist New Agency (HRANA) လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ နိုင်ငံအတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ပြီး သုံးပတ်အကြာတွင် ဆန္ဒပြသူ ၄၈၃ ဦး၊ ကလေးငယ် ၈ ဦး၊ ဆန္ဒပြပွဲတွင် မပါဝင်သူ ၅ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း အဖွဲ့က ပြောသည်။ နောက်ထပ် လူပေါင်း တစ်သောင်းကျော် ဖမ်းဆီးခံထားရသည်ဟု သိရသည်။ အီရန်အစိုးရဘက်က သေဆုံးသူစာရင်းကို တရားဝင် တိတိကျကျထုတ်ပြန်ခြင်း မရှိသေးသဖြင့် အရေအတွက် တိတိကျကျကို အတည်မပြုနိုင်သေးပေ။ ပြီးခဲ့သော […]

ရွေးကောက်ပွဲအကြိုနေ့ တနင်္သာရီတွင် ရွာများကို စစ်အာဏာရှင်တပ် မီးရှို့၊ ခြံလေးခြံနှင့် အိမ်တစ်ဆောင်ပျက်စီး

Dawei Watch

January 12, 2026

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကျေးရွာသုံးရွာရှိ ရာဘာခြံ၊ ကွမ်းခြံနှင့် နေအိမ်တစ်ဆောင်တို့ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ရွေးကောက်ပွဲ အကြိုနေ့ ဇန်နဝါရီလ ၁၀ရက် နံနက် ၁၁နာရီခွဲတွင် ဘန်းလမွတ်ရွာမှ စစ်အာဏာရှင်တပ် ခြေလျင် စစ်ကြောင်းနှစ်ကြောင်းက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောသည်။ ဘန်းလမွတ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာထဲတွင် ပါဝင်သည့် ဒေသအခေါ် လယ်ဦးရွာ အလုပ်စခန်းနေရာတွင် ရော်ဘာခြံတစ်ခြံ၊ ကွမ်းခြံတစ်ခြံနှင့် အိမ်ဆောက်ရန် စုထားသည့် သစ်ခွဲသား ၂တန်၊ ရမ်းဖိုရွာတွင် တစ်ထပ်တိုက် အိမ်တစ်ဆောင်တို့ကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။ “မီးရှို့ခံရထဲမှာ ဘန်းလမွတ်ရွာက ကော်ပတ်တော (ရော်ဘာခြံ) က အများဆုံး လောင်သွားတယ်။ နွေရာသီ သစ်ရွက်ကြွေချိန် ဖြစ်နေတော့ […]

တရုတ်စတိုင် အာဏာတိုးချဲ့ရယူရန် ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲကြိုးပမ်း

Dawei Watch

January 12, 2026

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ တိုလမ်သည် ပါတီအကြီးအကဲရာထူးနှင့် နိုင်ငံတော်သမ္မတ ရာထူး နှစ်ခုစလုံးကို ပူးတွဲရယူရန် ကြိုးပမ်းနေကြောင်း ဗီယက်နမ်အစိုးရအရာရှိများက ပြောသည်။ တိုလမ်၏ ကြိုးပမ်းမှုမှာ သမ္မတရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ကို တစ်ဦးတည်း ဦးဆောင်နေသည့် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ပိုမိုဆင်တူလာစေသည့် ခြေလှမ်းဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ လာမည့် သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကိုယ်စားလှယ် ၁,၆၀၀ ခန့် တက်ရောက်မည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ညီလာခံကို တစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။ ငါးနှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါညီလာခံတွင် ခေါင်းဆောင်သစ်များ ရွေးချယ်ပြီး နိုင်ငံ၏ မူဝါဒရည်မှန်းချက်များကို ချမှတ်သွားမည်ဖြစ်သည်။ အသက် ၆၈ နှစ်အရွယ် တိုလမ်သည် ယမန်နှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ပါတီအစည်းအဝေးတစ်ခုတွင် ၎င်းအနေဖြင့် […]

ရွေးကောက်ပွဲနေ့တွင် မော်တုန်းနှင့် ကမ်းတိုရွာတို့ကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

January 12, 2026

တနင်္သာရီမြို့နယ်ရှိ မော်တုန်းရွာနှင့် ကမ်းတိုရွာကို စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲနေ့တွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်သဖြင့် မော်တုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ရက် ညနေ ၅နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၃၀၆ အမြောက် တပ်ရင်းက အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးချသဖြင့် အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသမီး လက်တွင် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်တပ်က ဒီနေ့‌‌‌ (ဇန်နဝါရီ ၁၁) ရွေးကောက်ပွဲလုပ်ကြတယ်။ အဲဒါကြောင့် လာကြဲတယ်ထင်တယ်။ ထိသွားတဲ့ အဖွားကြီးက နားသိပ်မကြားတော့ သူလည်းပြေးလို့ မလွတ်လိုက်ဘူး။ နှစ်လုံးပြိုင်တူ လာချတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်သည် အနောက်မော်တုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံး […]

တနင်္သာရီမြို့နယ်တွင် မဲရုံ သုံးရုံဖြင့်သာ ရွေးကောက်ပွဲ ကျင်းပနိုင်

Dawei Watch

January 11, 2026

တနင်္သာရီမြို့နယ်တွင် စစ်‌ကော်မရှင်က ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်နှင့် ဇဝဲကျေးရွာတို့တွင်သာ ကျင်းပနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယ​နေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် စစ်ကော်မရှင်ရွေးကောက်ပွဲ၏ အပိုင်း ၂ ကို ကျင်းပရာ၌ တနင်္သာရီမြို့နယ် ပါဝင်လာသည်။ ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်ရှိ တပ်ဦးစာသင်ကျောင်းတွင် မဲရုံ တစ်ရုံ၊ မြို့မအားကစားကွင်းတွင် မဲရုံတစ်ရုံနှင့် စစ်အာဏာရှင် တပ်ရင်း ခမရ ၅၅၆ ရှိသည့် ဇဝဲကျေးရွာတွင် မဲရုံတစ်ရုံံဖြင့်သာ ကျင်းပနိုင်ကြောင်း ဒေသခံများက ဆိုသည်။ တပ်ဦးစာသင်ကျောင်းတွင် ဖွင့်ထားသည့် မဲရုံတွင် နယ်‌‌‌ဝေးမှ သူများ မဲထည့်ရန်အတွက်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဖွင့်ထားသည့်မဲရုံတွင် တနင်္သာရီမြို့ပေါ်က မြို့သူမြို့သားများ ထည့်ရန်အတွက် ဖြစ်ကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ “မဲက ကတ်လာပေးသူလောက် သွားထည့်ရတယ်။လူအကုန်ထည့် စရာမလိုဘူး။ တစ်အိမ်မှာ […]

ကျွန်းစု ကျောက်တန်းငယ်ရွာတွင် စစ်အာဏာရှင်တပ် နေအိမ်များကို ဆက်တိုက်မီးရှို့

Dawei Watch

January 11, 2026

ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံနေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျောက်တန်းငယ်ရွာအနီးဝန်းကျင်ရှိ ‘ကြက်တန်းငယ်’ ဆိုသည့်နေရာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက လှမ်းမြင်ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ဒုတိယတာဝန်ခံက ဆိုသည်။ “နယ်မြေမရှင်းရသေးတော့ အသေးစိတ်မသိရသေးဘူး။ အဝေးက‌ လှမ်းမြင်ရတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါကျေးရွာအနီးတွင် စစ်သင်္ဘော‌နှင့် စစ်အာဏာရှင်တပ်သားများ အသုံးပြုနေသည့် ငါးဖမ်းလှေကဲ့သို့ လှေ(ဒေသအခေါ် သားပေါက်လှေ)များရှိနေသည့်အတွက် အသေးစိတ်မသိရကြောင်း အထက်ပါ ဒုတာဝန်ခံက ဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများပေါင်းကာ ကျောက်တန်းငယ်ရွာရှိ နေအိမ် ၁၀ ဆောင်ခန့်ကို မီးရှို့ ဖျက်ဆီခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ကျောက်တန်းငယ်ရွာသည် ဘန္ဒဲကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး တိုက်ပွဲများနှင့် […]

ကျွန်းစု ရွေးကောက်ပွဲတွင် စစ်သင်္ဘောများကြောင့် မဲပေးသူများကြောက်ရွံ့

Dawei Watch

January 11, 2026

စစ်ကော်မရှင်ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ကျွန်းစုမြို့နယ် ကျေးရွာများတွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောများက ကျွန်းစုပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကင်းလှည့်နေပြီး လုံခြုံရေး တင်းကျပ်ထားသဖြင့် မဲပေးသူများ ကြောက်ရွံ့နေကြဟုဆိုသည်။ ပျမ်းမျှအားဖြင့် စစ်သင်္ဘော ၁၀ စီးခန့်က ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်ခန့်အလိုကတည်းက ပင်လယ်ပြင်တွင် ကင်းလှည့်နေသလို စစ်အာဏာရှင်တပ်သားများကလည်း မဲထည့်ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံအချို့က ဆိုသည်။ “မဲကထည့်ကိုထည့်ရမယ်တဲ့။ ကျွန်မတို့တအား(အရမ်း)ကြောက်တယ်။ သူတို့ကိုမြင်ရင်ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ မြင်မြင်သမျှကို လိုက်စစ်ဆေးနေတယ်” ဟု ကျွဲခရံကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုတွင် မဲလာထည့်သူများပြားနေပြီး ကျေးရွာပတ်လည်တွင်လည်း စစ်သင်္ဘောများက နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။ […]

ကျွန်းစုက ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

Dawei Watch

January 11, 2026

ကျွန်းစုမြို့နယ် တောင်သုံးလုံးရွာရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ၊ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ပင်လယ်ကမ်းစပ်ကျေးရွာဖြစ်သည့် တောင်သုံးလုံးရွာရှိ အဆိုပါ ပျူစောထီးစခန်းကို ဇန်နဝါရီ ၉ ရက် ည ၇ နာရီခန့်တွင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင်အများစု ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ “ဌာနေပြည်သူ့စစ်ပုံစံမျိုးပဲ။ အင်အားက ၁၀၊ ၁၅ ဦး ဝန်းကျင်ပဲ ရှိပါတယ်။ တိုက်ပွဲက ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ်။ […]