ထိုင်းတောင်ပိုင်းတွင် ကားတိုက်မှုကြောင့် တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၇ ဦး ဒဏ်ရာရ
Dawei Watch
January 13, 2026ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလူခရိုင်တွင် ကားတိုက်မှုကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော ရိုဟင်ဂျာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဖတ်ထလူခရိုင် ခွန်ခနွန်ဒေသ အာရှလမ်းမကြီးပေါ်တွင် ရိုဟင်ဂျာများ လိုက်ပါလာသော ထရပ်ကား(ကုန်တင်ကား)က ဘိလပ်မြေသယ်ကားကို အနောက်ကဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံသား ကားသမားနှင့်အတူ ယာဉ်နောက်တွင် လိုက်ပါလာသူများ ကားထဲပိတ်မိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ ဆယ်မိနစ်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ ထရပ်ကား၏ အနောက်ပိုင်းတွင် တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရပြီး အထဲတွင် ဒဏ်ရာအပြင်းအထန် ရရှိနေသော ရိုဟင်ဂျာအမျိုးသမီး ၇ ဦးနှင့်အတူ ဘေးတွင် ဒဏ်ရာမရသူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို တွေ့ရဟု သတင်းတွင်ပါရှိသည်။ […]


