ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွေးကောက်ပွဲနေ့တွင် မော်တုန်းနှင့် ကမ်းတိုရွာတို့ကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

Dawei Watch

January 12, 2026

တနင်္သာရီမြို့နယ်ရှိ မော်တုန်းရွာနှင့် ကမ်းတိုရွာကို စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲနေ့တွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်သဖြင့် မော်တုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ရက် ညနေ ၅နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၃၀၆ အမြောက် တပ်ရင်းက အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးချသဖြင့် အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသမီး လက်တွင် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်တပ်က ဒီနေ့‌‌‌ (ဇန်နဝါရီ ၁၁) ရွေးကောက်ပွဲလုပ်ကြတယ်။ အဲဒါကြောင့် လာကြဲတယ်ထင်တယ်။ ထိသွားတဲ့ အဖွားကြီးက နားသိပ်မကြားတော့ သူလည်းပြေးလို့ မလွတ်လိုက်ဘူး။ နှစ်လုံးပြိုင်တူ လာချတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်သည် အနောက်မော်တုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံး […]

တနင်္သာရီမြို့နယ်တွင် မဲရုံ သုံးရုံဖြင့်သာ ရွေးကောက်ပွဲ ကျင်းပနိုင်

Dawei Watch

January 11, 2026

တနင်္သာရီမြို့နယ်တွင် စစ်‌ကော်မရှင်က ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်နှင့် ဇဝဲကျေးရွာတို့တွင်သာ ကျင်းပနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။ ယ​နေ့ ဇန်နဝါရီလ ၁၁ရက်နေ့တွင် စစ်ကော်မရှင်ရွေးကောက်ပွဲ၏ အပိုင်း ၂ ကို ကျင်းပရာ၌ တနင်္သာရီမြို့နယ် ပါဝင်လာသည်။ ရွေးကောက်ပွဲကို တနင်္သာရီမြို့ပေါ်ရှိ တပ်ဦးစာသင်ကျောင်းတွင် မဲရုံ တစ်ရုံ၊ မြို့မအားကစားကွင်းတွင် မဲရုံတစ်ရုံနှင့် စစ်အာဏာရှင် တပ်ရင်း ခမရ ၅၅၆ ရှိသည့် ဇဝဲကျေးရွာတွင် မဲရုံတစ်ရုံံဖြင့်သာ ကျင်းပနိုင်ကြောင်း ဒေသခံများက ဆိုသည်။ တပ်ဦးစာသင်ကျောင်းတွင် ဖွင့်ထားသည့် မဲရုံတွင် နယ်‌‌‌ဝေးမှ သူများ မဲထည့်ရန်အတွက်ဖြစ်ပြီး မြို့မအားကစားကွင်းတွင် ဖွင့်ထားသည့်မဲရုံတွင် တနင်္သာရီမြို့ပေါ်က မြို့သူမြို့သားများ ထည့်ရန်အတွက် ဖြစ်ကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ “မဲက ကတ်လာပေးသူလောက် သွားထည့်ရတယ်။လူအကုန်ထည့် စရာမလိုဘူး။ တစ်အိမ်မှာ […]

ကျွန်းစု ကျောက်တန်းငယ်ရွာတွင် စစ်အာဏာရှင်တပ် နေအိမ်များကို ဆက်တိုက်မီးရှို့

Dawei Watch

January 11, 2026

ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံနေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျောက်တန်းငယ်ရွာအနီးဝန်းကျင်ရှိ ‘ကြက်တန်းငယ်’ ဆိုသည့်နေရာကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို အဝေးက လှမ်းမြင်ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ဒုတိယတာဝန်ခံက ဆိုသည်။ “နယ်မြေမရှင်းရသေးတော့ အသေးစိတ်မသိရသေးဘူး။ အဝေးက‌ လှမ်းမြင်ရတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါကျေးရွာအနီးတွင် စစ်သင်္ဘော‌နှင့် စစ်အာဏာရှင်တပ်သားများ အသုံးပြုနေသည့် ငါးဖမ်းလှေကဲ့သို့ လှေ(ဒေသအခေါ် သားပေါက်လှေ)များရှိနေသည့်အတွက် အသေးစိတ်မသိရကြောင်း အထက်ပါ ဒုတာဝန်ခံက ဆိုသည်။ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီးများပေါင်းကာ ကျောက်တန်းငယ်ရွာရှိ နေအိမ် ၁၀ ဆောင်ခန့်ကို မီးရှို့ ဖျက်ဆီခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ကျောက်တန်းငယ်ရွာသည် ဘန္ဒဲကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး တိုက်ပွဲများနှင့် […]

ကျွန်းစု ရွေးကောက်ပွဲတွင် စစ်သင်္ဘောများကြောင့် မဲပေးသူများကြောက်ရွံ့

Dawei Watch

January 11, 2026

စစ်ကော်မရှင်ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် ကျွန်းစုမြို့နယ် ကျေးရွာများတွင် စစ်အာဏာရှင်တပ် စစ်သင်္ဘောများက ကျွန်းစုပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကင်းလှည့်နေပြီး လုံခြုံရေး တင်းကျပ်ထားသဖြင့် မဲပေးသူများ ကြောက်ရွံ့နေကြဟုဆိုသည်။ ပျမ်းမျှအားဖြင့် စစ်သင်္ဘော ၁၀ စီးခန့်က ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်ခန့်အလိုကတည်းက ပင်လယ်ပြင်တွင် ကင်းလှည့်နေသလို စစ်အာဏာရှင်တပ်သားများကလည်း မဲထည့်ရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း ဒေသခံအချို့က ဆိုသည်။ “မဲကထည့်ကိုထည့်ရမယ်တဲ့။ ကျွန်မတို့တအား(အရမ်း)ကြောက်တယ်။ သူတို့ကိုမြင်ရင်ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ မြင်မြင်သမျှကို လိုက်စစ်ဆေးနေတယ်” ဟု ကျွဲခရံကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်သည့် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စုအများစုတွင် မဲလာထည့်သူများပြားနေပြီး ကျေးရွာပတ်လည်တွင်လည်း စစ်သင်္ဘောများက နေရာယူထားကြောင်း ဒေသခံများက ဆိုသည်။ […]

ကျွန်းစုက ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

Dawei Watch

January 11, 2026

ကျွန်းစုမြို့နယ် တောင်သုံးလုံးရွာရှိ စစ်အာဏာရှင်တပ်လက်အောက်ခံ ပျူစောထီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ၊ မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ပင်လယ်ကမ်းစပ်ကျေးရွာဖြစ်သည့် တောင်သုံးလုံးရွာရှိ အဆိုပါ ပျူစောထီးစခန်းကို ဇန်နဝါရီ ၉ ရက် ည ၇ နာရီခန့်တွင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင်အများစု ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ “ဌာနေပြည်သူ့စစ်ပုံစံမျိုးပဲ။ အင်အားက ၁၀၊ ၁၅ ဦး ဝန်းကျင်ပဲ ရှိပါတယ်။ တိုက်ပွဲက ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာပါတယ်။ […]

ကမြောကင်းဂိတ်တွင် လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ၊ ထားဝယ်မှာ လူငယ်များကို ဆက်တိုက်လိုက်ဖမ်း

Dawei Watch

January 10, 2026

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင် တပ်က ယနေ့ လူငယ်အမျိုးသား ခြောက်ဦးထက်မနည်းကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးလိုက်ကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့ နံနက် ၈ နာရီခန့်မှစ၍ စစ်အာဏာရှင်တပ်သည် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ မြို့အဝင်အထွက်ပေါက် နှစ်ပေါက်စလုံးကို ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုဖမ်းတာက ခါတိုင်းဖမ်းတာနဲ့ မတူဘူး။ (တံတား) အတက်ရော၊ အဆင်းရော အင်အားအများအပြားနဲ့ ပိတ်ဆို့ ဖမ်းတာ။ လုံခြုံရေးအပြည့်နဲ့” ဟု ၎င်းက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းက ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ခြောက်ဦးထက် မနည်းရှိကြောင်း Dawei Watch က စုံစမ်းသိရသည်။ […]

စိတ်ကြွဆေးပြား ၁၆,၀၀၀ ကျော် ဖမ်းဆီးရမိဟု ကော့သောင်း ပကဖထုတ်ပြန်

Dawei Watch

January 10, 2026

ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာတွင် WY စိတ်ကြွမူးယစ်ဆေးဝါး တစ်သောင်းခြောက်ထောင်ကျော် ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၂ နာရီဝန်းကျင်တွင် ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်ဖမ်းဆီးရာ WY စိတ်ကြွမူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးနှင့် သုံးစွဲသူ ၂ ဦး ဖမ်းဆီးရမိကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံက ဆိုသည်။ “သူတို့ကို ဥပဒေအရ ပြစ်ဒဏ်ပေးပြီး ကျွန်တော်တို့ ပြန်လွှတ်မှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ၆ ဦးကို ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်ပြီးပါက နောက်ထပ်မရောင်းချရန်နှင့် သုံးစွဲတော့မည်မဟုတ်ကြောင်း ခံဝန်ထိုးပြီးမှ ပြန်လွှတ်မည်ဟု အထက်ပါ တာဝန်ခံက […]

ရွေးကောက်ပွဲအကြိုနေ့ KNU လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ဗုံးကြဲ၊ ကလေးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Dawei Watch

January 10, 2026

ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်းရှိ လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများနှင့် KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်တွင် စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာဖြင့် လယ်ဒိုစိုးမြို့နယ်ရုံးကို ဗုံးကြဲခဲ့ကြောင်း KNU (မြိတ်-ထားဝယ်ခရိုင်) အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောကြားသည်။ “ဗုံးကြဲခံရမှုအတွင်း ၂ နှစ်အရွယ် ကလေးတစ်ယောက် ဆုံးတယ်။ ပြီးတော့ လူကိုးယောက် ဒဏ်ရာရတယ်ပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။ ဗုံးကြဲခံရသည့် ဧရိယာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း ဒေသခံတို့က ပြောပြသည်။ “သင်္ကန်းတုံးရွာနားမှာ (ဇန်နဝါရီလ ၅ ရက်က) ပစ်ခတ်မှုပြီးကတည်းက အရှေ့တောမှာ ဘာတိုက်ပွဲမှ […]