တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော်နှစ်နေရာ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲဖြင့်အနိုင်ရ
Dawei Watch
January 9, 2026စစ်အုပ်စုရွေးကောက်အပွဲ ပထမပိုင်းတွင် တနင်္သာရီတိုင်းအမျိုးသားလွှတ်တော်နှစ်နေရာကို ကြံ့ခိုင်ရေးပါတီကပင် ထပ်မံအနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် တနင်္သာရီတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကော့သောင်းခရိုင်နှင့် အမှတ် (၄) ဘုတ်ပြင်းခရိုင်မဲဆန္ဒနယ်တို့တွင် အနိုင်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်အား ဘုတ်ပြင်းခရိုင်အဖြစ် စစ်အုပ်စုက ပြောင်းလဲ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုမဲဆန္ဒနယ်နှစ်ခုစလုံးတွင် ကြံ့ခိုင်ရေးပါတီသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အား ကြိုတင်မဲဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။ မဲရုံ မဲရလဒ်အရ တစညပါတီ ကိုယ်စားလှယ်နှစ်ဦးစလုံးက အနိုင်ရခဲ့သော်လည်း ကြိုတင်မဲများ ထည့်ပေါင်းလိုက်ချိန် ကြံ့ခိုင်ရေးပါတီက နှစ်ဦးစလုံး အနိုင်ရသွားခြင်း […]


