ထားဝယ် ကြက်စားပြင်ရပ်ကွက် ဗုံးပေါက်ကွဲမှု အမျိုးသားတစ်ဦးသေဆုံး
diz_admin
May 13, 2021ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၁၂ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ အနည်းဆုံးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းရပ်ကွက်နေပြည်သူအချို့ထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ဆောင်တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ယင်းအိမ်တွင်နေထိုင်သူ အသက် ငါးဆယ်ကျော်အရွယ် ဦးဖေသန်း သေဆုံးသွားကြောင်း ၎င်းတို့ကပြောသည်။ ယင်းနောက် ဦးဖေသန်းအိမ်နှင့် ၅ အိမ်ခန့်အကွာရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုထပ်ဖြစ်ရာ ယင်းနေအိမ်ရှိ အသက် ငါးဆယ်ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည် ဒေသခံများက ပြောသည်။ ယင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာနှစ်ခုမှာ ကြက်စားပြင်ရပ်ကွက် စောမိညိုစာသင်ကျောင်း အနောက်ဘက်လမ်း တွင် တည်ရှိကြောင်း ရပ်ကွက်သားတစ်ဦးက ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး ပြန်ထွက်သွားသည့် ရဲကားနှင့် အရေးပေါ်ကားတို့မှာ မင်းရပ်ကူးတို့လမ်းဆုံအနီးတွင် လက်လုပ်ဗုံးဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ကြက်စားပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ထိုနောက် သေနတ်ဖြင့် […]


