ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်း ပညာရေးဝန်ထမ်း အလုပ်ယာယီရပ်ဆိုင်းခံရသည့်စာရင်း ပြန်ပြုစု

diz_admin

May 19, 2021

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် တနင်္သာရီတိုင်းရှိ အခြေခံပညာရေးဝန်ထမ်းများ တာဝန်မှယာယီရပ်ဆိုင်းခံရသည့် စာရင်းသည် အတည်မဟုတ်သေးဘဲ စာရင်းပြန်ပြုစုနေကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မေလ ၁၂ ရက်နေ့အထိ တိုင်းပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသောစာရင်းအရ တနင်္သာရီတိုင်းတစ်ခုလုံး အလုပ်ယာယီရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်း ခုနှစ်ထောင်ကျော်ရှိသည်။ ယင်းစာရင်းသည် အတည်မဟုတ်သေးဘဲ ‌အမှားအယွင်းအနည်းငယ်ပါနေသဖြင့် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကြောင်း တိုင်းပညားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရင်က အကြောင်းမျိုးမျိုးကြောင့် ကျောင်းကိုမလာနိုင်တဲ့သူတွေက အခုမှပေါ်လာကြတယ်။ အဲဒါကြောင့် အဲဒီစာရင်းက အတည်မဖြစ်သေးလို့ အခုပြန်လုပ်နေကြတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ လက်ရှိပြုစုနေသောစာရင်းကို မေလ ၂၄ ရက်ဝန်းကျင်တွင် ထုတ်ပြန်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မေလ ၂၄ ရက်သည် အခြေခံကျောင်းသားများကို ကျောင်းစတင်အပ်နှံရမည့်နေ့ဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သဖြင့် အလုပ်မှယာယီရပ်ဆိုင်းခံထားရသည့် ဆရာ၊ ဆရာမအချို့သည် […]

ထားဝယ်ကမ်းနားလမ်းတွင် အမျိုးသားတစ်ဦး ဓားထိုးခံရ

diz_admin

May 19, 2021

ထားဝယ်မြို့ ကမ်းနားလမ်းတွင် မေလ ၁၈ ရက်ညက အမျိုးသားတစ်ဦးဓားထိုးခံရပြီး ဆေးရုံတင်ပို့ထားပြီး လက်ရှိအချိန်ထိ မိဘများနှင့် အဆက်အသွယ်မရသေးကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ည ၁၀ နာရီခန့်တွင် DDPC ဈေးဝယ်စင်တာအလွန် ကမ်းနားလမ်းပေါ်ရှိ တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ ဓားထိုးခံရသူမှာ ပလောက်မြို့တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုသန်းဇော်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာခြောက်ချက်ရရှိထားသည့် ကိုသန်းဇော်က ကမြောကင်းတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းသို့ ပြေးဝင်လာသည်ဟု ဦးကိုကိုနိုင်က ဆိုသည်။ ထိုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တန်းလျားအတွင်းသို့ ဓားဒဏ်ရာများဖြင့် ပြေးဝင်လာသည့် အဆိုပါ အမျိုးသားတွင် အဝတ်အစားမပါဘဲ ဝတ်လစ်စလစ်ဖြစ်နေကြောင်း ၎င်းက ပြောသည်။ ထိုနောက် ကြက်ခြေနီတပ်ဖွဲ့မှ […]

မီဒီယာဉပဒေနှင့်အညီဆောင်ရွက်ရန် အဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်တောင်းဆို

diz_admin

May 19, 2021

မီဒီယာဉပဒေနှင့်အညီ အမိန့်ချပေးရန် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် က တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ၅ ကြိမ်မြောက် ထောင်အတွင်း အထူး တရားရုံးသို့ ရုံးထုတ်စဉ် တောင်းဆို လိုက်ခြင်းဖြစ်သည်။ ကိုအောင်ကျော်သည် ရာဇဝတ်မှုကျူးလွန်ခဲ့သူတစ်ဉီးမဟုတ်ဘဲ သတင်းမီဒီယာသမားတစ်ဉီး ဖြစ်သည့်အတွက် မီဒီယာဉပဒေဖြင့်သာ အရေးယူအမိန့်ချပေးပါရန် တရားသူကြီးအား တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ “လာမဲ့ ၂၆ ရက် ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး လျှောက်လဲချက်အပြီးတင်ရမယ်”ဟု ၎င်းကပြောသည်။ သတင်းအမှားထုတ်လွှင့်သည်ဟုဆိုကာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က မြိတ်မြို့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခဲ့ပြီးနောက် ထောင်တွင်းတရားရုံးတွင် ရက်နေ့အထိ ၅ […]

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ

diz_admin

May 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် […]

ကျောက်မော်ကြီးရပ်ကွက် ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရ

diz_admin

May 17, 2021

ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်၊ လမ်းသစ်လမ်းတွင် မေလ ၁၇ ရက် မနက်က ဆွေမျိုးတော်စပ်သူ ခုနှစ်ဦး အဖမ်းခံရကြောင်း ၎င်းတို့၏ မိသားစုဝင်ထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ရဲနှင့် စစ်သားများက ကားလေးစီးဖြင့် ရောက်လာပြီးနောက် အသက် ၂၀ အရွယ်ရှိ မြေးဖြစ်သူ ကိုပိုင်ခန့်ဇော်အား လာရောက်ဖမ်းဆီးခဲ့ကြောင်း အဖွားဖြစ်သူက ဆိုသည်။ ထို့အပြင် နေအိမ်ရှိ တူတော်စပ်သူ ၅ ဦးနှင့် သမက်ဖြစ်သူကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်အပတ်က ဖမ်းမိသည့် သပိတ်ခေါင်းဆောင်တစ်ဦးနှင့် ဆက်နွယ်ကာ ကိုပိုင်ခန့်ဇော်အား လာရောက်ဖမ်းဆီးခဲ့သည်ဟု သိရကြောင်း အဖွားဖြစ်သူက ဆိုသည်။ တူတော်စပ်သူများနှင့် သမက်ဖြစ်သူမှာ ငါးဖမ်းလှေလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် လှေဝင်လာသည့်အတွက် လာရောက်လည်ပတ်ခြင်းသာဖြစ်ကြောင်း ၎င်း ပြောသည်။ “ပိုင်ခန့်ဇော်ကို […]

ထားဝယ်ပင်မသပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး အနည်းဆုံး သုံးဦး အဖမ်းခံရ

diz_admin

May 17, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး အနည်းဆုံး လူသုံးဦးခန့် အဖမ်းခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ဆန္ဒပြစစ်ကြောင်း စထွက်ပြီးချိန်တွင် ရဲနှင့် စစ်တပ်က ကားနှစ်စီးဖြင့်ရောက်လာပြီး သေနတ်ပစ် ဖြိုခွင်းခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသူအချို့က ပြောသည်။ ထိုသို့ပစ်ခတ်ဖမ်းဆီးရာ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အနည်းဆုံး သုံးဦးအဖမ်းခံထားရကြောင်း သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသူ လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။ “ကားက အရှိန်ပြင်းပြင်းနဲ့ ရောက်လာပြီး စစ်ကြောင်းကို လာပစ်တယ်”ဟု အထက်ပါ လူငယ်က ပြောသည်။ လက်ရှိတွင် ပုံကျွန်းရပ်ကွက်ရှိ နေရာအချို့တွင် ရဲနှင့် စစ်သားများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သထုံတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှုဖြစ်

diz_admin

May 17, 2021

မွန်ပြည်နယ် သထုံမြို့တွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က သထုံမြို့ အထက (၂) ကျောင်းဝင်းထဲတွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံ အချို့ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်းလည်း သိရသည်။ အလားတူ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် သထုံမြို့ အောက်ကျင်းရပ်ကွက် စျေးအနီးရှိ ဇင်ယော်တည်းခိုခန်းနှင့် မီးသတ်တပ်ဖွဲ့လူနေလိုင်းခန်းအနီး၌လည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့က ပြောသည်။ သထုံနည်းတူ […]

ကွမ်းဝယ်နေသည့် ကျောင်းဆရာနှင့် မိတ်ဆွေတစ်ဦး အဖမ်းခံရ

diz_admin

May 17, 2021

ထားဝယ်မြို့ မြောက်ရွာရပ်ကွက်တွင် မေလ ၁၆ ရက်နေ့ ညနေက ပြင်ပကျောင်းဆရာတစ်ဦးနှင့် သူငယ်ချင်းတို့ ကွမ်းယာဝယ်နေစဉ် အရပ်ဝတ်လူတစ်စုက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါရပ်ကွက် မမဘုရားကျောင်းအနီးတွင် ကွမ်းယာဝယ်နေသည့် ပြင်ပကျောင်းဆရာဖြစ်သူ ကိုရန်ပိုင်ဦးနှင့် သူငယ်ချင်း တစ်ဦးကို အိမ်စီးကားဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်း၏မိတ်ဆွေ အမျိုးသားတစ်ဦးက ဆိုသည်။ အသက် ၂၆ နှစ်ခန့်ရှိ ကိုရန်ပိုင်ဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် လိုက်ပါလေ့ရှိပြီး လက်ရှိတွင် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ “အခုက ဘယ်နေရာရောက်နေတယ်ဆိုတာလည်း ကျွန်တော်တို့ မသိဘူး၊ လာခေါ်ဆောင်သွားတာကလည်း အိမ်စီးကားဆိုတော့ ဒီကြားထဲမှာ အစအနပျောက်သွားမှာပဲ ကြောက်တယ်” ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးခံရသည့် ညတွင်လည်း မနက်ဖြန် […]