ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် ကိုဗစ်လူနာ ဆက်တိုက်တွေ့

diz_admin

May 31, 2021

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် တွေ့ရှိလာသည်ဟု ကျန်းမာရေးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။ မေလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်မှ အမျိုးသား ၂ ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခြင်းဖြစ်သည်။ မေလ ၃၁ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ အနံ့ပျောက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို သံဖြူဇရပ်ဆေးရုံတွင် ရောဂါပိုးရှိ မရှိ စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပိုးတွေ့လူများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည်ဟုလည်း သံဖြူဇရပ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ပိုးတွေ့လူနာများကို မော်လမြိုင်ရှိ ကိုဗစ်ပိုးတွေ့လူနာများထားရှိရာဆေးရုံသို့ ပို့ဆောင်ဆေးကုလျက်ရှိသည်။ “အခု ပိုးတွေ့တဲ့အခြေအနေက ဆက်တိုက်ရှိလာနေတယ်၊ ပေါ့ဆနေလို့ မရတော့ဘူး” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။ မေလ ၂၅ ရက်နေ့တုန်းကလည်း မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ်အဆောင် […]

သေနတ်ပစ်ခံရသည့် သဘော့ဆိပ်မှ အမျိုးသမီးနှစ်ဦး အခြေအနေ မသိရသေး

diz_admin

May 31, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့‌ဆိပ်ကျေးရွာအုပ်စုရှိ ဒေသအခေါ် ချောင်းဝပြင်ကျေးရွာက သေနတ်ဖြင့်အပစ်ခံရသည့် အမျိုးသမီးနှစ်ဦး၏ နောက်ဆုံး အခြေအနေကို မသိရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။ မေလ ၃၀ ရက် ညကိုးနာရီကျော်ခန့်တွင် စစ်သားများချောင်းဝပြင်ရွာအတွင်း ရောက်လာသဖြင့် ရွာသားအချို့ ကြောက်လန့်ပြီး ပင်လယ်ဘက်သို့ ထွက်ပြေးစဉ် စစ်သားများက သေနတ်ဖြင့် ပစ်လိုက်ကြောင်း သေနတ်အပစ်ခံလိုက်ရသည့် မိသားစုဝင်တို့နှင့် ရွာသားအချို့ကပြောသည်။ “ရွာထဲကို စစ်သားတွေလာနေတယ်ဆိုတာသိလို့ ပြေးတဲ့အချိန်မှာ သူတို့က ကားနဲ့ရောက်လာတယ်။ သူတို့က ပြေးနေတာကိုမြင်လို့ အမှောင်ထဲကို သေနတ်နဲ့ပစ်လိုက်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ယင်းသို့ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးမိခင် အသက် ၂၃ နှစ်ခန့်အရွယ် မအေးချိုနှင့် သားသမီးလေးဦးရှိသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်စန်းပိုတို့ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါ်စန်းပို၏ သမီးဖြစ်သူက ပြောသည်။ […]

မိုးစက်ကြားက ကံပေါက်ဒေသ သပိတ်

diz_admin

May 30, 2021

ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသမှာ မေလ ၃၀ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကံပေါက်ဒေသရဲ့ ၁၁၂ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ နေ့လည်းဖြစ်ပါတယ်။

ဘုမ္မော်ချောင်းခြား ထားဝယ်

diz_admin

May 30, 2021

စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာကျော်ကြာမြင့်ချိန်တွင် တစ်စုတစ်စည်းတည်း တည်ရှိခဲ့သည့် ထားဝယ်မြို့မှာ နှစ်ပိုင်းကွဲသလိုဖြစ်သွားခဲ့လေပြီ။ တပ်ကောင်စီ ခွဲခြမ်းလိုက်ခြင်းဖြင့် လူဦးရေ တစ်သိန်းကျော် နေထိုင်သောထားဝယ်မြို့၏ တောင်ဘက်ရှိ ရပ်ကွက်အချို့ အဝင်အထွက်များကို တင်းကျပ်လိုက်သည်။ ထားဝယ်မြို့အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဘုမ္မော်ချောင်းကို ဖြတ်ဆောက်ထားသော တံတားအများစုကို မေလ ၃၀ ရက်နေ့က ပိတ်ချလိုက်သည်။ ဘုမ္မော်ချောင်း၏ တောင်ဘက်တွင် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်နှင့် ဒေါင်းငူတံငါရပ်ကွက်ရှိပြီး မြို့ပေါ်ရပ်ကွက် အများစုက ထားဝယ်မြို့၏ မြောက်ဘက်တွင်တည်ရှိနေသည်။ ထားဝယ်မြို့တွင် ရပ်ကွက်စုစုပေါင်း ၁၅ ခုရှိသည်။ ထားဝယ်မြစ်အတွင်း အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဝင်သော ဘုမ္မော်ချောင်းကို ဖြတ်သန်းသွားလာနိုင်ရန် တံတားခြောက်စင်းရှိသည်။ ခြောက်စင်းအနက် တံတားလေးစင်းတွင် သံဆူးကြိုးများ ကာရံလိုက်သည်။ အနောက်ဘက်အကျဆုံး ထားဝယ်ကမ်းနားလမ်းရှိ တံတားနှင့် အရှေ့ဘက်အကျဆုံး အထက ၂ ကျောင်းအနီး(တောင်ခွလမ်းဆုံ) […]

ကော့သောင်းတွင် တစ်လအတွင်း လူခြောက်ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

May 29, 2021

ကော့သောင်းမြို့တွင် မေလအတွင်း ကိုဗစ်ပိုးတွေ့လူနာခြောက်ဦးရှိပြီး တစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောသည်။ ကော့သောင်းမြို့တွင် အချုပ်ကျနေသော အမျိုးသားတစ်ဦးတွင် မေလ ၁၇ ရက်က ပထမဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်ကပြောသည်။ ယင်းအမျိုးသားနှင့် ထိတွေ့သူများတွင် ပိုးမတွေ့ရကြောင်း ၎င်းကပြောကြားသည်။ မေလ ၂၁ ရက်တွင် နောက်ထပ်အမျိုးသမီးတစ်ဦးတတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းအမျိုးသမီးနှင့် ထိတွေ့ခဲ့သူ ခုနှစ်ဦးတွင်လည်း ပိုးမတွေ့ရကြောင်း ဒေါက်တာလင်းထိုက်ကပြောသည်။ မေလ ၂၈ ရက် အနံ့မရသည့်အမျိုးသမီး ဆေးရုံလာပြရာမှ စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြန်သည်။ ၎င်းအမျိုးသမီးနှင့် အတူနေမိသားစုဝင်သုံးဦးတွင်လည်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းကပြောသည်။ ယင်းအတွက်ကြောင့် မေလအတွင်း ကော့သောင်းမြို့တွင် ကိုဗစ်ပိုးတွေ့သူ ‌အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးရှိပြီး ပထမဆုံး ကိုဗစ်ပိုးတွေ့သည့် အချုပ်သားမှာ ရောဂါသက်သာသဖြင့် […]

ထားဝယ် ကြက်စားပြင်ရပ်ကွက်ကို ပိုတင်းကျပ်

diz_admin

May 29, 2021

ပစ်ခတ်ဖောက်ခွဲမှုများ ဖြစ်လေ့ရှိသော ထားဝယ်မြို့ရှိ ကြက်စားပြင်ရပ်ကွက်တွင် ည ၆ နာရီနောက်ပိုင်း လမ်းမထွက်ရန် အပါအဝင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများ ကို တပ်ကောင်စီက လိုက်လံ ကြေညာလျက်ရှိသည်။ ည ၆နာရီနောက်ပိုင်း လမ်းမထွက်ရန်၊ ရပ်ကွက်အတွင်းသို့ ဝင်ထွက်သွားလာရာတွင် သတ်မှတ်လမ်းများမှသာ သွားလာရန်နှင့် နေအိမ်ဝင်ပေါက်တွင် မိသားစုဓာတ်ပုံများကပ်ထားရန် အစရှိသည့် ကန့်သတ်ချက်များကို တပ်ကောင်စီက ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ ယင်းကန့်သတ်ချက်များလိုက်နာရန် မေလ ၂၉ ရက် ညနေက ရပ်ကွက်အတွင်း ရဲကားဖြင့် လှည့်လည်ကြေညာနေကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ လက်ရှိတွင် ရပ်ကွက်အတွင်းရှိ မင်းရပ်ကူးတို့လမ်းဆုံနှင့် ရပ်ကွက်ဈေးနံဘေးရှိ ရွာလယ်ဇရပ်တို့တွင် စစ်တပ်က တပ်စွဲထားပြီး ပစ်ခတ်မှုများ ပေါက်ကွဲမှုများ အမြဲတမ်းနီးပါး ဖြစ်ပွားနေသည်။ အထက်ပါအချက်များအပြင် ၎င်းတို့အစည်းအဝေးခေါ်ချိန်တွင် အိမ်ထောင်ဦးစီးဖြစ်သူ မပျက်မကွက်တက်ရောက်ရမည့် […]

ထားဝယ်တွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံရ

diz_admin

May 29, 2021

နေ့စဉ်ရက်ဆက်မပျက် ဆန္ဒပြနေသော ထားဝယ်တွင် မေလ ၂၉ ရက်ညနေပိုင်းတွင် လူငယ်တစ်ဆယ်ကျော်အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက် Mickey စားသောက်ဆိုင်တွင် လူငယ်ဆယ်ဦးခန့် အဖမ်းခံလိုက်ရသည်ဟု ထားဝယ်ရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။ “ဆိုင်မှာ အဖမ်းခံရတာ ဆယ်ယောက်၊ လက်ရှိစာရင်းရတာတော့ ကိုးယောက်ပဲ ရသေးတယ်၊ စားသောက်ဆိုင်ထဲမှာ တစ်ခုခုစား‌နေတုန်း ဝင်လာဖမ်းတာဆိုပြောတယ်”ဟု ထားဝယ်မြို့ခံ တစ်ဦးက ဆိုသည်။ ယင်းအပြင် ကျောက်မော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်ကို တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များက ဝင်စီးရာ ငါးဦးခန့် အဖမ်းခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “(အဖမ်းခံရသူတွေက) သူတို့က အနောက်မှာ မုန့်စားနေတုန်း (အဖမ်းခံလိုက်ရတယ်)” ဟု ၎င်းက ဆိုသည်။ တပ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် သတင်းအတိအကျဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အရပ်ဝတ်ဖြင့် သေနတ်ကိုင်ကာ ဝင်လာခြင်းဖြစ်သည်ဟု ၎င်းက […]