ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းတွင် ရွာချင်းဆက် ကြိုးတံတားတစ်စင်း ဖျက်ဆီးခံရ

diz_admin

February 28, 2022

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် သူရဲတောင်ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတား ဖေဖော်ဝါရီလ ၂၇ ရက် ည ၉ နာရီခန့်က ဖျက်ဆီးခံရကြောင်း ‌ဒေသခံအချို့က ပြောသည်။ တံတားကြိုးများ ဖြတ်တောက်ခံရသဖြင့် တံတားပျက်စီးသွားပြီး ကင်းရှေ့ရွာဘက်ခြမ်း တံတားထိပ်တွင် ရှိသော အရက်ရောင်းသည့် အိမ်ဆိုင်နှင့် သုံးဘီးတစ်စီး၊ ဆိုင်ကယ်တစ်စီးမှာလည်း မီးရှို့ခံရကြောင်း ဒေသခံတို့က ဆိုသည်။ တရွာနှင့်တရွာ ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားခြင်းအပြင် ဥယျာဉ်ခြံများသို့ သွားသည့်အခါ ယင်းတံတားကို အသုံးပြုနေရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ လက်ရှိတွင် တံတားပျက်ဆီးခံလိုက်ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကြောင်း ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တံတားကို ပျူစောထီးနှင့် စစ်တပ်က ဖျက်ဆီးခဲ့ခြင်းသာဖြစ်မည်ဟု ဒေသခံအချို့က ယူဆပြောဆိုနေကြ သော်လည်း ပျူစောထီး (ခေါ်) ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း […]

တနင်္သာရီတွင် ပစ်ခတ်မှုဖြစ်ပြီး အိမ်နှစ်လုံး လက်နက်ကြီးကျည်ထိ

diz_admin

February 28, 2022

တနင်္သာရီမြို့နယ် တကူသံတိုက်ရပ်ကွက်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက် ၈နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်က တိုက်ကမ်းဖက်မှ လှေဖြင့် ကူးလာသည့် စစ်ကောင်စီတပ်နှင့် သံတိုက် ရပ်ကွက်သို့ ရောက်ရှိလာသည့် PDF တို့ ထိပ်တိုက်တိုးမိပြီး မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။ “စစ်တပ်ဖက်က ပြန်ဆုတ်ပြီး တိုက်ကမ်းဖက်ကနေ လက်နက်ကြီးအကူနဲ့ လှမ်းပစ်တာ အိမ်နှစ်လုံး ထိသွားတယ်” ဟု ယင်းဒေသခံက ပြောသည်။ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်မှု မရှိဟု ကြားသိရကြောင်း […]

ပဝကျေးရွာတွင် လူနေအိမ်လေးလုံး မီးလောင်

diz_admin

February 28, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူနေအိမ် လေးလုံး မီးလောင်ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ ပဝကျေးရွာ ရန်အောင်မြေရပ်ကွက် မြစ်ကမ်းနံဘေးရှိ နေအိမ်တစ်ဆောင်တစ်လုံး မီးစတင်လောင်ကျွမ်းပြီး နောက်ထပ်နေအိမ် သုံးလုံးကို မီးကူးစက်လောင်းကျွမ်းကြောင်း ပဝရွာသား တစ်ဦးက ပြောသည်။ “(၁၀နှစ်အောက်) ကလေးငယ်တွေ ထမင်းချက်စားရင် မီးလောင်တာ” ဟု ၎င်းက ပြောသည်။ အဆိုပါ ပဝကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ကျေးရွာသားအချို့ ရွာသို့ ပြန်လည်ရောက်ရှိ နေထိုင်နေကြပြီ ဖြစ်ကြောင်း ပဝကျေးရွာနေသူအချို့ထံမှ သိရသည်။ မီးလောင်မှုအား ကျေးရွာနေသူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး လူထိခိုက်မှု မရှိကြောင်းကျေးရွာနေသူအချို့က ပြောပြသည်။

ထားဝယ်လူထုသပိတ် ပစ်ခတ်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် လောင်းလုံးတွင် ဆန္ဒပြ

diz_admin

February 28, 2022

ထားဝယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ် ပစ်ခတ်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ ဆန္ဒဖော်ထုတ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများထံမှ သိရသည်။ လောင်းလုံးမြို့နယ် အမျိုးသမီးများ၊ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် လူထုသပိတ်စစ်ကြောင်းသည် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံမှ စတင်ထွက်ခွာခဲ့သည်။ ယင်းနောက် ရဲနှင့် စစ်သားများက သပိတ်စစ်ကြောင်း၏ အလယ်မှဖြတ်ပြီး လက်နက်ဖြင့် ပစ်ခတ်ဖြိုခွင်း ခဲ့သည်။ ယင်းသို့ ပစ်ခတ်ဖြိုခွင်းမူကြောင့် ထားဝယ်မြို့ခံ ကိုလွင်လွင်ဦး၊ ကိုသန်းဝင်း၊ လောင်းလုံးမြို့နယ် ကျောက်ဆင်းကျေးရွာနေ ကိုဗညားအောင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသား […]

ထားဝယ်တွင် သေဆုံးသူရုပ်အလောင်းကို စစ်ဆေးရာ ကိုဗစ်တွေ့

diz_admin

February 27, 2022

ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်တွင် သေဆုံးသွားသူမှာ ကိုဗစ်ဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။ ၎င်းမှာ ကိုဗစ် လက္ခဏာဖြင့် သေဆုံးခဲ့သည်ကိုတွေ့ရသောကြောင့် နာရေးကူညီမှုအသင်းကို အကူညီတောင်းလာသဖြင့် ယနေ့ စစ်ဆေးခဲ့ရာမှ ယင်းသို့တွေ့ရှိခြင်းဖြစ်ကြောင်း နာရေးကူညီမှု-ထားဝယ်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “စစ်လိုက်တော့ Positive သွားဖြစ်တယ်။ ဖြစ်သွားတော့ ချက်ချင်းသင်္ဂြိုဟ်ဆိုတာမျိုး ဖြစ်သွားတာပေါ့။ တကယ်လို့ မစစ်ဘဲနဲ့ထားရင် သူတို့ အိမ်မှာထားမယ်။ ဧည့်ခံမယ်။ သုံးရက်ကြာ သုံးရက်၊ နှစ်ရက်ကြာ နှစ်ရက်ပေါ့” ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ယနေ့ မီးသင်္ဂြိုဟ်ရမည့် အလောင်း ကိုးလောင်းတွင် ထားဝယ်ဆေးရုံက အကြောင်းကြားလာသည့် ကိုဗစ်ဖြင့် သေဆုံးသည့် ရုပ်အလောင်း တစ်လောင်းနှင့် ညောင်ရမ်းတောင်ရပ်ကွက်မှ ကိုဗစ်ပိုးတွေ့သည့် ရုပ်အလောင်း တစ်လောင်းပါဝင်ကြောင်း […]

တနင်္သာရီတွင် တိုက်ပွဲထပ်ဖြစ်ပြီး ရွာသုံးရွာက ပြည်သူများ ထွက်ပြေး

diz_admin

February 26, 2022

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် အနည်းဆုံး ကျေးရွာသုံးရွာက ပြည်သူ တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကုန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းတည့်အချိန်က စပြီး စစ်ကောင်စီတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား သုံးနာရီကြာ အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံများပါ ကြားရသောကြောင့် သကျက်ကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့် သကျက်ရွာ၊ ဆင်ခေါင်းရွာ၊ ခြောက်မိုင်ဘန်လောရွာတို့က ပြည်သူများ ဘေးလွတ်ရာ ရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံပြည်သူများက ပြောသည်။ လက်ရှိအချိန်တွင် ပစ်ခတ်သံများ ရပ်တန့်သွားပြီဖြစ်သော်လည်း ဒေသခံရွာသားများအနေဖြင့် ရွာကို မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲက ဘယ်အချိန်ပြန်ဖြစ်ဦးမလဲ မသိဘူး။ ရွာမှာလည်း တပ်တွေက ရှိနေတယ်ဆိုတော့ မပြန်ရဲကြသေးဘူး” […]

မွန်တွင် ရော်ဘာဈေးတစ်ပေါင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ

diz_admin

February 25, 2022

မွန်ပြည်နယ်တွင် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ နေကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာပြား အပါး ဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော် ဈေးရှိနေပြီး တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ယခုနှစ် ရော်ဘာဈေးသည် ရော်ဘာရာသီအစ စက်တင်ဘာလခန့်က ဈေးကောင်းရရှိခဲ့ပြီး ဒီဇင်ဘာလ ခန့်တွင် ဈေးပြန်ကျသွားခဲ့ရာမှ ယခုအခါ ဈေးပြန်လည် မြင့်တက်လာကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီနှစ်ရော်ဘာဈေးက မနှစ်ကနဲ့စာရင် နှစ်ဆလောက် ဈေးတက်သွားတယ်။ အခု တစ်နေလှန်းကို ၁၀၀၀ တောင် ဈေးရနေတယ်” ‌ဟု မုဒုံမြို့နယ်မှ […]

လောင်းလုံးရှိ ကျေးရွာအချို့တွင် ဖျားနာသူများပြား

diz_admin

February 24, 2022

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုက်ခဲခြင်း၊ နှာစေခြင်း၊ အသံဝင်ခြင်း စသည့် လက္ခဏာများဖြင့် ဖျားနာသူများပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါလက္ခဏာများပြပြီး ဖျားနာပါက နီးစပ်ရာ ဆေးကုသပေးနေသူများ၏ ဆေးဝါးများဖြင့် ကုသပျောက်ကင်းနေကြသဖြင့် ကျန်းမာရေးဌာနထံ ကိုဗစ်ရောဂါ သွားရောက်စစ်ဆေးခြင်း မလုပ်ဆောင်ကြတော့ကြောင်း ၎င်းဒေသခံတို့က ပြောသည်။ “တစ်အိမ်မှာ တစ်ယောက်ဖျားပြီဆို နောက်တစ်ယောက်ပါ ကူးတော့တာပဲ။ အဲဒီလိုဖြစ်နေကြတာ ရွာတိုင်းလိုလိုမှာ” ဟု လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆေးကုသပေးနေသူတစ်ဦးက ဆိုသည်။ ဖျားနာသူအများစုမှာ ကျန်းမာရေးဌာနအပါအဝင် ပရဟိတအဖွဲ့များထံတွင်လည်း စစ်ဆေးခံခြင်းမရှိသဖြင့် ကိုဗစ်ရောဂါ ဟုတ်၊ မဟုတ် ပြောဆိုရန် အခက်အခဲရှိကြောင်း ကို‌ဗစ်စစ်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုက အလှူပွဲတွေ၊ မင်္ဂလာဆောင်တွေကလည်း ရှိနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မူတွေ […]